မောင်တောမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများ၌ ဖွင့်လှစ်ထားရှိသည့် စာစစ်ဌာနများတွင် စတုတ္ထတန်းနှင့် အဋ္ဌဌမတန်း ကျောင်းသား ကျောင်းသူများ အတွက် အတန်းတင်စာမေးပွဲဖြစ်သည့် နှစ်ဝက်ဆုံးစာမေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာကျောင်း အသီးသီး၌ ကျင်းပရာ ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ လာရောက် ဖြေဆိုကြသည်။ မောင်တောမြို့နယ်အတွင်း၌ စတုတ္ထတန်းအတွက် စာစစ်ဌာန ၅၁ ခု၊ အဋ္ဌဌမတန်းဖြေဆိုသည့် ကျောင်းသား ကျောင်းသူများအတွက် စာစစ်ဌာန ၂၂ ခု ဖွင့်လှစ်ထားပြီး စတုတ္ထတန်း ကျောင်းသား ကျောင်းသူ ၃၇ဝ၅ ဦး၊ အဋ္ဌဌမတန်း ကျောင်းသား ကျောင်းသူ ၁၈၅၇ ဦး တို့ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ ''မောင်တောမြို့နယ်အတွင်းမှာ အရင်နှစ်က စတုတ္ထတန်းအတွက် စာစစ်ဌာန ၄၂ ခု၊ အဋ္ဌဌမတန်းအတွက် စာစစ်ဌာန ၁၄ ခု စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီနှစ်မှာတော့ စာမေးပွဲဖြေဆိုတဲ့ ကျောင်းသား ကျောင်းသူတွေ ပိုမိုလွယ်ကူအဆင်ပြေအောင် စတုတ္ထတန်းအတွက် စာစစ်ဌာန ကိုးခု၊ အဋ္ဌဌမတန်း အတွက် ရှစ်ခုတိုးပြီး ဆောင်ရွက်ပေးထားပါတယ်။ အခြားသွားရေးလာရေးနဲ့ ပတ်သက်ပြီး အခက်အခဲတွေလည်းမရှိအောင် ဆောင်ရွက်ပေးပါတယ်။ စစ်မေးသွားမယ့် မေးခွန်းတွေနဲ့ ကျောင်းသား ကျောင်းသူတွေ ဖြေဆိုထားတဲ့ အဖြေလွှာတွေကို စာစစ်ဌာနတွေမှာရှိတဲ့ သီးသန့်အခန်းမှာ သက်ဆိုင်ရာစာစစ်မှူးနဲ့ အခြားတာဝန်ရှိသူတစ်ဦးတို့ ပေါင်းပြီး သော့ခတ်ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်။ မြို့နယ်ပညာရေးမှူးရုံးကို နေ့ချင်းရောက်နိုင်တဲ့ အဖြေလွှာတွေကိုနေ့ချင်း ရယူသွားမှာပါ။ နေ့ချင်းမရောက်နိုင်တဲ့ ကျေးရွာတွေက အဖြေလွှာတွေကိုတော့ စာမေးပွဲအပြီးမှာ မြို့နယ်ပညာရေးမှူးရုံးက သွားရောက်ရယူမှာ ဖြစ်ပါတယ်'' ဟု မောင်တော မြို့နယ်ပညာရေးမှူး ဦးခင်အောင်က ပြောသည်။ ယခုနှစ် စတုတ္ထတန်းစာမေးပွဲအတွက် မေးခွန်းကို ခရိုင်အဆင့်က စစ်မေးခြင်းဖြစ်ပြီး အဋ္ဌဌမတန်းစာမေးပွဲအတွက် မေးခွန်းများကို ပြည်နယ်အဆင့်မှ စစ်မေးခြင်း ဖြစ်ကြောင်း သိရသည်။
Thursday, February 23, 2017
Wednesday, February 15, 2017
သုတေသန၊ ထူးချွန်စာပေဆုရရှိသူများနှင့် မဂ္ဂဇင်းစာမူရှင်များအားဂုဏ်ပြုပွဲ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၌ ကျင်းပပြုလုပ်
သုတေသန၊ စာပေထူးချွန် ဆုရရှိသူများနှင့် ၂၀၁၅ ခုနှစ် နှစ်လည်မဂ္ဂဇင်းစာမူရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပင်မဆောင်ခန်းမ၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာမကြီးဒေါက်တာခင်သီတာကအဖွင့်အမှာစကား ပြောကြားပြီးနောက် နှစ်လည်မဂ္ဂဇင်းကော်မတီဥက္ကဋ္ဌဌ မြန်မာစာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာစိုးနိုင်က ၂၀၁၅ နှစ်လည်မဂ္ဂဇင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့က ချီးမြှင့်သော အကောင်းဆုံးသုတေသန စာတမ်းဆုများရရှိသည့် ဒဿနိကဗေဒဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာသက်သက်နိုင်၊ ကုန်ထုတ်ဓာတုဗေဒဌာန(ပါမောက္ခ) ဒေါက်တာစိမ်းလဲ့အေးနှင့် အရှေ့တိုင်းပညာဌာန ပါမောက္ခဒေါက်တာ ခင်လင်းမြင့်အားလည်းကောင်း၊ ထွန်းဖောင်ဒေးရှင်းမှချီးမြှင့်သော သုတပဒေသာ စာမူဆုရရှိသည့် မြန်မာစာဌာနပါမောက္ခ(ဌာနမှူး) ဒေါက်တာစိုးနိုင်အားလည်းကောင်း၊ ၂၀၁၅ ခုနှစ် နှစ်လည်းမဂ္ဂဇင်း စာမူရှင်များအားလည်းကောင်း ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည်။ ထို့နောက် ထူးချွန်ဂုဏ်ပြုဆုရရှိသူများနှင့် စာမူရှင်များကိုယ်စား ဒေါက်တာသက်သက်နိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားတွင် ဒုတိယပါမောက္ခချုပ် ၊ ပါမောက္ခ (ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၆၀ဝ)ခန့် တက်ရောက်ကြောင်း သတင်းရရှိသည်။
ရန်ကုန်တက္ကသိုလ် ပင်လုံဆောင်ဖွင့်ပွဲအခမ်းအနားကျင်းပ
ရန်ကုန်တက္ကသိုလ် ပင်လုံဆောင်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ် ပင်လုံဆောင်၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်း၊ ရန်ကုန်တက္ကသိုလ် အင်္ဂ္လိပ်စာဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာနော်ဂျူးဖောနှင့် အင်္ဂ္လိပ်ဘာသာစကား အမျိုးသားဗဟိုဌာန ညွှန်ကြားရေးမှူး ဒေါက်တာပိုးပိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး သုံးခွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်က ပင်လုံဆောင်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဥက္ကဋ္ဌဌ ဒေါက်တာမျိုးမြင့်တို့က အဖွင့်အမှာစကားပြောကြားကြပြီး ရန်ကုန်တက္ကသိုလ် အင်္ဂ္လိပ်စာဌာန ပါမောက္ခဌာနမှူးနှင့် အင်္ဂ္လိပ်ဘာသာစကားအမျိုးသားဗဟိုဌာန ညွှန်ကြားရေးမှူးတို့က ကျေးဇူးတင်စကားပြောကြားကြပါသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးက အလှူရှင်များအား ဂုဏ်ပြုလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပြီး အင်္ဂ္လိပ်စာ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ အဆိုပါပင်လုံဆောင်တွင် ဘွဲ့ကြိုဘွဲ့လွန် အင်္ဂ္လိပ်စာ အထူးပြုကျောင်းသားများအတွက် ဘာသာရပ်များသင်ကြား ပို့ချလျက်ရှိပြီး ခေတ်နှင့်အညီ တိုးတက်လာသည့် မြန်မာနိုင်ငံ၏ လိုအပ်ချက် နှင့်ကိုက်ညီသည့် English for Occupational Purposes(EOP)၊ English for Professional Purposes (EPP) အထူးပြုဘာသာရပ်များ၊ Intercultural Communication၊ Academic Writing အစရှိသည့် ဘာသာရပ်သစ်များကို တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ ပါရဂူသင်တန်းသားများအတွက် English for Prelim ပို့ချပေးခြင်း၊ ဘွဲ့ကြိုသင်တန်းသားများအတွက် Foundation English ကိုလည်း နိုင်ငံတကာ အဆင့်မီဖြစ်စေရန် ပြောင်းလဲသင်ကြားပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါသည်။ ငြိမ်းချမ်းရေးအထိမ်းအမှတ် ပင်လုံဆောင်ကြီးကို အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်ခြင်းသည် ပညာရေးကဏ္ဍဍ ဆောင်ရွက်ချက်များအနက် အောင်မြင် မှုတစ်ရပ်ဖြစ်သည့်အပြင် အင်္ဂ္လိပ်စာဘာသာရပ်လိုအပ်ချက်များကို ပြည့်ပြည့်ဝ၀ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ ရေးသားပို့ချသည့် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ သိကောင်းစရာများအား Mobile Device များဖြင့် အဆင်ပြေစွာ ဖတ်ရှုနိုင်စေရန် စာမျက်နှာများအား ချိန်ညှိပေးထားပါသည်။ ဘာသာရပ်အလိုက် သက်ဆိုင်ရာ Link အသီးသီးမှ တစ်ဆင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။ ပညာရေးဝန်ကြီးဌာန၏ အောက်ပါ Website Link တွင်လည်း ဘာသာရပ်များအားလုံး ကြည့်ရှုနိုင်ပါသည်။
http://www.moe.gov.mm/…
မိမိဝန်းကျင်ရှိ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် Share ပေးခြင်းဖြင့် ကူညီကြပါစို့။
မြန်မာစာ
https://www.facebook.com/moe.gov.mm/posts/1215937028513358
.
အင်္ဂလိပ်
https://www.facebook.com/moe.gov.mm/posts/1217833054990422
.
သင်္ချာ
https://www.facebook.com/moe.gov.mm/posts/1217865348320526
စိတ်ကြိုက်မြန်မာစာ
https://www.facebook.com/moe.gov.mm/posts/1219641308142930
.
ဓာတုဗေဒ
https://www.facebook.com/moe.gov.mm/posts/1219667524806975
.
ရူပဗေဒ
https://www.facebook.com/moe.gov.mm/posts/1220489058058155
.
ဇီဝဗေဒ
https://www.facebook.com/moe.gov.mm/posts/1221487597958301
.
သမိုင်း
https://www.facebook.com/moe.gov.mm/posts/1222348367872224
.
ပထဝီဝင်
https://www.facebook.com/moe.gov.mm/posts/1223139504459777
.
ဘောဂဗေဒ
https://www.facebook.com/moe.gov.mm/posts/1224060581034336
Sunday, February 12, 2017
Saturday, February 11, 2017
Friday, February 10, 2017
Subscribe to:
Posts (Atom)