Wednesday, February 15, 2017

သုတေသန၊ ထူးချွန်စာပေဆုရရှိသူများနှင့် မဂ္ဂဇင်းစာမူရှင်များအားဂုဏ်ပြုပွဲ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၌ ကျင်းပပြုလုပ်

သုတေသန၊ စာပေထူးချွန် ဆုရရှိသူများနှင့် ၂၀၁၅ ခုနှစ် နှစ်လည်မဂ္ဂဇင်းစာမူရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပင်မဆောင်ခန်းမ၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာမကြီးဒေါက်တာခင်သီတာကအဖွင့်အမှာစကား ပြောကြားပြီးနောက် နှစ်လည်မဂ္ဂဇင်းကော်မတီဥက္ကဋ္ဌဌ မြန်မာစာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာစိုးနိုင်က ၂၀၁၅ နှစ်လည်မဂ္ဂဇင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့က ချီးမြှင့်သော အကောင်းဆုံးသုတေသန စာတမ်းဆုများရရှိသည့် ဒဿနိကဗေဒဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာသက်သက်နိုင်၊ ကုန်ထုတ်ဓာတုဗေဒဌာန(ပါမောက္ခ) ဒေါက်တာစိမ်းလဲ့အေးနှင့် အရှေ့တိုင်းပညာဌာန ပါမောက္ခဒေါက်တာ ခင်လင်းမြင့်အားလည်းကောင်း၊ ထွန်းဖောင်ဒေးရှင်းမှချီးမြှင့်သော သုတပဒေသာ စာမူဆုရရှိသည့် မြန်မာစာဌာနပါမောက္ခ(ဌာနမှူး) ဒေါက်တာစိုးနိုင်အားလည်းကောင်း၊ ၂၀၁၅ ခုနှစ် နှစ်လည်းမဂ္ဂဇင်း စာမူရှင်များအားလည်းကောင်း ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည်။ ထို့နောက် ထူးချွန်ဂုဏ်ပြုဆုရရှိသူများနှင့် စာမူရှင်များကိုယ်စား ဒေါက်တာသက်သက်နိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားတွင် ဒုတိယပါမောက္ခချုပ် ၊ ပါမောက္ခ (ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၆၀ဝ)ခန့် တက်ရောက်ကြောင်း သတင်းရရှိသည်။





No comments:

Post a Comment