ရန်ကုန် ၂၀၁၇ ဇွန် ၂၇
၂၀၁၇-၂၀၁၈ ပညာသင်နှစ်(ပထမနှစ်ဝက်)ကျောင်းပြင်ပမူလတန်းပညာရေး ဇုန်အဆင့်(ရန်ကုန်ဇုန်)နည်းပြသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ညနေ ၃ နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ကမာရွတ်)ရှိသိင်္ဂီမြိုင်ခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် သင်တန်းတာဝန်ခံဆရာကြီး ဦးအောင်စိုးက ကျောင်းပြင်ပမူလတန်း ပညာရေး၊ ဇုန်အဆင့် နည်းပြသင်တန်း အကဲဖြတ်ခြင်းနှင့် သင်တန်းဆုံးစစ်ဆေးခြင်းအခြေ အနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာန ဒုတိယဥက္ကဋ္ဌဌ ဆရာကြီး ဒေါက်တာတင်ညိုနှင့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်စင်တို့က သင်တန်းထူးချွန်ဆုရှိကြသည့် သင်တန်းသားများအား ထူးချွန်ဆုများပေးအပ်ချီးမြှင့်ကြပြီး ဆုရရှိကြသူများ ကိုယ်စားသင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံ စာတတ်မြောက်ရေးအထောက်အကူပြု ပင်မဌာန ဥက္ကဋ္ဌဌ ဆရာကြီးဒေါက်တာသန်းဦးနှင့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်စင်တို့က သင်တန်းဆင်းအမှာ စကားပြောကြားကြသည်။ အဆိုပါ နည်းပြသင်တန်းသို့ သင်တန်းသား သင်တန်းသူ(၁၅၃) ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ဇွန်လ(၁၉)ရက်နေ့မှ ဇွန်လ (၂၇)ရက်နေ့အထိ (၉)ရက်ကြာ ဖွင့်လှစ်သင် ကြားပို့ချခဲ့ကြောင်း သိရသည်။
Thursday, June 29, 2017
Tuesday, June 27, 2017
ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ(အဆင့်မြင့်ပညာကဏ္ဍဍ) ပိတ်ပွဲကျင်းပ
ရန်ကုန် ၂၀၁၇ ဇွန် ၂၅
၂ဝ၁ရခုနှစ် ပညာရေးဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အဆင့်မြင့် ပညာကဏ္ဍဍ) ပိတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ်စိန်ရတုခန်းမ၌ ဆက်လက် ကျင်းပသည်။
နှီးနှောဖလှယ်ပွဲတွင် စာတမ်းရှင်များက ဇွန်လ(၂၄)ရက်နေ့တွင် တက္ကသိုလ်များတွင် Faculty များ ဖွဲ့ စည်းတည်ထောင်ရေး စာတမ်း၊ ဆရာ/ကျောင်းသားဆိုင်ရာကိစ္စရပ်များ ဖွဲ့စည်းဆောင်ရွက်နိုင်ရေး စာတမ်း၊ (၄)နှစ်သင် ပညာရေးဒီဂရီကောလိပ်များအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ရေး စာတမ်း၊ Credit Transfer System ကို အဆင့်မြင့်ပညာတက္ကသိုလ်များတွင် လက်တွေ့ကျင့်သုံးနိုင်ရေး စာတမ်း၊ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များဖွံ့ဖြိုးတိုးတက်ရေးနှင့်လိုအပ်ချက် များဖြည့်ဆည်းနိုင်ရေးစာတမ်း (၅)စောင်ဖတ်ကြား တင်သွင်းခဲ့ပြီး ယနေ့တွင် စာတမ်းတက္ကသိုလ်ဝင်ခွင့်လမ်းညွှန်(မူကြမ်း)ပြင်ဆင်ပြုစုရေး၊ တက္ကသိုလ်ဝင် ခွင့်လျှောက်လွှာ များလက်ခံခြင်းနှင့် တက္ကသိုလ်ပြောင်း၊ ဘာသာရပ်ပြောင်းလျှောက်ထားလာခြင်းအပေါ် ဆောင်ရွက်နိုင်ရေး စာတမ်း၊ တက္ကသိုလ်၊ ကောလိပ်များတွင် Internal Quality Assurance ကို ပီပြင်စွာကျင့်သုံးနိုင်ရေးနှင့် တက္ကသိုလ်များ၏ Ranking သတ်မှတ်နိုင်ရေး စာတမ်း၊ ဆရာ၊ ဆရာမများ၏ ရာထူးတိုး/ပြောင်းရေးမူများ သတ်မှတ်နိုင်ရေးစာတမ်း၊ အရည်အသွေးပိုမို ကောင်းမွန်သော အဝေးသင်ပညာရေးစနစ်ပေါ်ထွက်လာရေး စာတမ်း၊ ဆရာ၊ ဆရာမ၊ အရာထမ်း၊ အမှုထမ်းများ အရည်အသွေးမြင့်မားရေး အားပေးဆောင်ရွက်ရေးစာတမ်း စသည့် စာတမ်း(၅)စောင်တို့ကို ဖတ်ကြားတင်သွင်းကြရာ တက်ရောက်လာကြသူများက ဆွေးနွေးအကြံပြုခဲ့ ကြသည်။ ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက စာတမ်းအလိုက် ညှိနှိုင်းရရှိချက်များကို အကြံပြုဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲအတည်ပြုခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ အဆိုပါ နှီးနှောဖလှယ်ပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနက မူလတန်းသင်ရိုးသင်ယူသူများအားလုံး မူလ တန်းပညာသင်ယူပြီးမြောက်ပြီး အလယ်တန်းပညာ ဆက်လက်သင်ယူပြီးမြောက်သည့် အခါတွင် သင်ယူ သူ၏ဝါသနာ၊ ဆန္ဒနှင့်အရည်အချင်းအရ နည်းပညာနှင့်သက်မွေး၊ ပညာရေးနှင့် လေ့ကျင့်ရေးသင်တန်းများ တက်နိုင်မည့် အခွင့်အလမ်းပိုမိုရရှိရေး၊ တက္ကသိုလ်ပညာ ဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်းများပိုမို ရရှိအောင် တွန်းအားပေးကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသားကျောင်း သူများအားလုံး လူသားကောင်းများဖြစ်လာရေး၊ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သော စိတ်ဓာတ်ဖြင့် တာဝန်ယူ တာဝန်ခံဆောင်ရွက်တတ်ရေး၊ တီထွင်ကြံဆမှု စွမ်းရည်မြင့်မားရေးအတွက် ထိထိရောက်ရောက် အကောင် အထည်ဖော်နိုင်ရေး ပြုစုကြိုးပမ်းလျက်ရှိပါကြောင်း၊ ဇွန်လ(၂၄) ရက်နှင့်(၂၅)ရက်နေ့တို့တွင် တင်သွင်းသည့် စာတမ်း(၁၀)စောင်နှင့် ဗြိတိသျှကောင်စီမှ လေ့လာဆန်းစစ်အကြံပြု ချက်အစီရင်ခံစာများသည် ပိုမိုတန်ဖိုးရှိ သည့်ပညာရေးကို ဦးတည်ပြုပြင်ပြောင်းလဲဆောင် ရွက်နိုင်ရေးအတွက် တန်ဖိုးမဖြတ်နိုင်သည့် အရေးပါသည့် စာတမ်းများဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ပညာရေးဖွံ့ဖြိုး တိုးတက်မှုအကောင်အထည် ဖော်ရေးနှီးနှော ဖလှယ်ပွဲ(အဆင့်မြင့်ပညာကဏ္ဍဍ)သည် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ကျောင်းသားကျောင်း သူများအတွက် အမျိုးသားပညာရေးဥပဒေ၊ ပြင်ဆင်သည့်ဥပဒေနှင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံ ကိန်း(၂၀၁၆-၂၀၂၁)တို့နှင့်အညီ လက်တွေ့ကျကျ အကောင် အထည်ဖော်နိုင်ရေး ခရီးရှည်အတွက် စတင်လိုက် သည့်ခြေလှမ်း၊ အောင်မြင်မှု၏အစအဖြစ် သတ်မှတ်နိုင်မည်ဖြစ်သည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း ဖြင့် ပြောကြားသည်။

သင်ရိုးညွှန်းတမ်းပြုစုရေးသင်တန်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ
ရန်ကုန်၂၀၁၇ ဇွန် ၂၅
ပညာရေးကောလိပ်များတွင် ၄ နှစ် ဒီဂရီသင်တန်း ဖွင့်လှစ်နိုင်ရန် ပထမဆုံးသင်ရိုးညွှန်းတမ်း ပြုစုရေးသင်တန်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တက္ကသိုလ် ပင်လုံခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက UNESCO International Bureau of Education-UNESCO's Global Center for Excellence for Curriculum Development မှ သင်တန်း နည်းပြများနှင့်တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်များပေးအပ်သည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ပညာရေးတက္ကသိုလ်များ၊ ပညာရေးကောလိပ် များမှ သင်ရိုးပြုစုရေး အဖွဲ့(CCT)နှင့် အခြေခံပညာနှင့်ပညာရေး စီမံကိန်းသုတေသနဌာနများမှ ပညာရှင်များ၊ ကိုယ်စား လှယ်များ စုစုပေါင်း(၈၅)ဦးတက်ရောက်ကြပြီး သင်တန်း အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ(၁၉)ရက်နေ့မှ ဇွန်လ (၂၅)ရက်နေ့အထိ (၇) ရက်ကြာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ဆရာအတတ်ပညာဖွံ့ဖြိုးတိုးတက်ရေး (STEM)စီမံကိန်း၊ UNESCO ၏ပံ့ပိုးကူညီမှုဖြင့် ပညာရေးဝန်ကြီးဌာန သည် လေးနှစ်သင် ပညာရေးဒီဂရီကောလိပ်တွင် အသုံးပြုရန် သင်ရိုးသစ် ကိုပြုစုနေပြီး ယင်းသင်ရိုးပြုစုခြင်းကို သင်ရိုးပြန်လည်သုံးသပ်ခြင်းနှင့် တတ်ကျွမ်းမှုအခြေပြုသင်ရိုးမူဘောင်ရေးဆွဲခြင်းများ၏ရလဒ်များ(၂၀၁၅-၂၀၁၆)အပေါ်မူတည်၍ ဆက်လက် အကောင်အထည်ဖော်ဆောင် ရွက်နေခြင်းဖြစ်သည်။ ထို့ပြင် ၂၀၁၇ တွင်ကျင်းပမည့် ဆွေးနွေးပွဲ ခြောက်ခုထဲမှ ပထမဆုံးတစ်ခုဖြစ်ပြီး UNESCO International Bureau of Education-UNESCO's Global Center for Excellence for Curriculum Development မှ ပညာရှင်များက သင်ရိုးပြုစုရေး နှင့်ပတ်သက်သည့် ကမ္ဘာလုံးဆိုင်ရာချဉ်းကပ်နည်းများကို မျှဝေခြင်း၊ တတ်ကျွမ်းမှုအခြေပြု ချဉ်းကပ် နည်းများနှင့် ၄င်းတို့ကို အသုံးပြုပုံများကို ရှင်းလင်းပြီး သဘောတရားနားလည်မှုကို တည်ဆောက်၍ လက်တွေ့လေ့ကျင့်ခန်း၊ ဆောင်ရွက်သည့် ချဉ်းကပ်နည်းများဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

Subscribe to:
Posts (Atom)