ရန်ကုန် ၂၀၁၇ ဇွန် ၂၇
၂၀၁၇-၂၀၁၈ ပညာသင်နှစ်(ပထမနှစ်ဝက်)ကျောင်းပြင်ပမူလတန်းပညာရေး ဇုန်အဆင့်(ရန်ကုန်ဇုန်)နည်းပြသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ညနေ ၃ နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ကမာရွတ်)ရှိသိင်္ဂီမြိုင်ခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် သင်တန်းတာဝန်ခံဆရာကြီး ဦးအောင်စိုးက ကျောင်းပြင်ပမူလတန်း ပညာရေး၊ ဇုန်အဆင့် နည်းပြသင်တန်း အကဲဖြတ်ခြင်းနှင့် သင်တန်းဆုံးစစ်ဆေးခြင်းအခြေ အနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာန ဒုတိယဥက္ကဋ္ဌဌ ဆရာကြီး ဒေါက်တာတင်ညိုနှင့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်စင်တို့က သင်တန်းထူးချွန်ဆုရှိကြသည့် သင်တန်းသားများအား ထူးချွန်ဆုများပေးအပ်ချီးမြှင့်ကြပြီး ဆုရရှိကြသူများ ကိုယ်စားသင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံ စာတတ်မြောက်ရေးအထောက်အကူပြု ပင်မဌာန ဥက္ကဋ္ဌဌ ဆရာကြီးဒေါက်တာသန်းဦးနှင့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်စင်တို့က သင်တန်းဆင်းအမှာ စကားပြောကြားကြသည်။ အဆိုပါ နည်းပြသင်တန်းသို့ သင်တန်းသား သင်တန်းသူ(၁၅၃) ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ဇွန်လ(၁၉)ရက်နေ့မှ ဇွန်လ (၂၇)ရက်နေ့အထိ (၉)ရက်ကြာ ဖွင့်လှစ်သင် ကြားပို့ချခဲ့ကြောင်း သိရသည်။
No comments:
Post a Comment