Friday, August 31, 2018

မြို့မိမြို့ဖများ၏ဒုတိယအကြိမ်မြောက် မန္တလေးတက္ကသိုလ်ပညာရည်ချွန်ရွှေတံဆိပ်ဆု ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

မန္တလေး ၂၀၁၈ သြဂုတ် ၃၁

မြို့မိမြို့ဖများ၏ဒုတိယအကြိမ်မြောက် မန္တလေးတက္ကသိုလ် ပညာရည်ချွန်ရွှေတံဆိပ်ဆု ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို (၃၁၊၈၊၂၀၁၈)ရက်နေ့ နံနက်ဝ၈:ဝ၀)နာရီတွင် မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အဖွင့် အမှာစကားပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာမန္တလေးတက္ကသိုလ်သည် မြန်မာနိုင်ငံတွင် ဒုတိယမြောက်ဖွင့်လှစ်သော
အမျိုးသားတက္ကသိုလ်ဖြစ်သည့်အတွက် တန်ဖိုးထားမြှင့်တင်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှုယ်များ၊ပြည်သူများ၊ ဒေသခံ မြို့မိမြို့ဖများ၏ ပူးပေါင်းပါဝင် ကြိုးပမ်းဆာင်ရွက်မှုများကြောင့် ပိုမိုဖွံ့ဖြိုးတက်ကာ အရည်အသွေးပိုမိုကောင်းမွန်လာပါကြောင်း ထူးချွန်ထက်မြက်သော ကျောင်းသားကျောင်းသူများ မွေးထုတ်ပေးနိုင်သည်ကို တွေ့မြင်ရပါကြောင်း၊ မန္တလေးတက္ကသိုလ်နှင့် နိုင်ငံတကာတက္ကသိုလ်များပူးပေါင်းဆောင်ရွက်ရန် MOU/MOA စုစုပေါင်း(၃၄)ခု လက်မှတ်ရေးထိုးထားပြီးကွန်ဖရင့်၊ စာတမ်းဖတ်ပွဲ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် အရည်အသွေးမြင့်မားရေး သင်တန်းများပူးပေါင်းဆောင်ရွက်နေသလို သုတေသနလုပ်ငန်းစုစုပေါင်း(၁၃၈)ခုကိုလည်း ဆောင်ရွက် နေပါကြောင်း၊ ယနေ့အထိ ပြည်တွင်းပြည်ပသုတေသနစာတမ်းစုစုပေါင်း(၆၀၅)စောင် ရေးသားထားနိုင်တာကို တွေ့မြင်ရပါကြောင်း၊ ယခုကဲ့သို့ကြိုးပမ်းဆောင်ရွက်မှုများကြောင့် နှစ်စဉ်အာဆီယံတက္ကသိုလ် Rankingနှင့် ကမ္ဘာ့အဆင့်တက္ကသိုလ်Rankingမှာ ပိုမိုတိုးတက်မြင့်မား လာသည်ကိုတွေ့မြင်နေရပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို ယခုထက်ပိုမိုထူးချွန်ထက်မြက်ပြီး စိတ်ဓာတ်နှင့်စည်းကမ်းပါ ကောင်းမွန်သော လူသားကောင်းများဖြစ်လာစေရန်၊ အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ တာဝန်ယူတာဝန်ခံပြီး တာဝန်ကိုကျေပွန်စွာ ဆောင်ရွက်တတ်စေရန်၊ ဆန်းသစ်တီထွင်နိုင်စွမ်းရှိစေရန်နှင့် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဘွဲ့ရလူငယ်မောင်မယ်များကို ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ပါကြောင်း၊ မန္တလေးတက္ကသိုလ် ဆရာဆရာမများအနေဖြင့် ဒေသခံပြည်သူများ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချသုတေသနလုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် ရရှိလာသည့်သုတေသနရလဒ်များကို ပြည်တွင်းပြည်ပ သုတေသနဂျာနယ်များတွင် ရေးသားဆောင်ရွက်ကြစေလိုပါကြောင်း၊ ဆရာဆရာမများအင်္ဂ္လိပ်စာ၊ အိုင်စီတီ အရည်အသွေးများ ပိုမို တိုးတက်အောင်ဆောင်ရွက်ကြရန်နှင့် ကျောင်းသားသူများအားစာသင်ခန်းအတွင်း Deep Learning များများပေးကာ များများဆွေးနွေးစေလိုပါကြောင်း၊ နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိနိုင်ရေး တက္ကသိုလ်တွင် လိုအပ်သည့်စာကြည့်တိုက်၊ အိုင်စီတီ၊ သင်ထောက်ကူပစ္စည်း၊ သုတေသနရန်ပုံငွေ စသည်များဖြည့်ဆည်းပေးနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှုယ်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဒေသခံမြို့မိမြို့ဖများက ဆက်လက်ပြီး ညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းစသည်ဖြင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က အမှာစကား ပြောကြားသည်။ ယင်းနောက် မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဒေါ်သီတာဝင်းကကျေးဇူးတင်စကား ပြောကြားပြီးမြို့မိမြို့ဖအလှူရှင်များကိုယ်စား ဦးမောင်ကို(ထာဝရကုမ္ပဏီ)နှင့် ဆုချီးမြှင့်ရေးကော်မတီမှ ဘဏ္ဍဍာရေးမှူး ဒေါ်ရွှေလှ(ရီရှင်းကုမ္ပဏီ)တို့က လှူဒါန်းရခြင်း အကြောင်းအရင်းနှင့် ဘဏ္ဍဍာရေးဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက်မြို့မိမြို့ဖအလှူရှင်များက ထူးချွန် ကျောင်းသားကျောင်းသူ(၂၀)ဦးအား ပညာရည်ချွန် ရွှေတံဆိပ်ဆုများကိုဂုဏ်ပြုချီးမြှင့်ကြပြီး ပြည်ထောင်စုဝန်ကြီးက အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ ယင်းနောက် ဆုရကျောင်းသားကျောင်းသူများကိုယ်စား ပညာရည်ချွန်ရွှေတံဆိပ်ဆုရ ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားအပြီးတွင် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။







No comments:

Post a Comment