နေပြည်တော် ၂၀၁၉ စက်တင်ဘာ ၈
၂၀၁၉
ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင်
နေပြည်တော်ရှိ ပညာရေးဝန်ကြီဌာန ရုံးအမှတ် ( ၂၁)၌ ကျင်းပသည်။ အခမ်းအနားသို့
ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာမျိုးသိမ်းကြီးနှင့်
ဒေါက်တာဝင်းမြတ်အေး၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ၊
လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်၊
မြန်မာနိုင်ငံယူနက်စကို အမျိုးသားကော်မရှင်၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့်
သိပ္ပံပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံနည်းပညာရှင်အဖွဲ့၊ အမျိုးသားပညာရေး
အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုကော်မတီ၊ အမျိုးသားသင်ရိုးညွှန်းတမ်း
ကော်မတီနှင့် ပါမောက္ခချုပ်များ ကော်မတီတို့မှ ဥက္ကဋ္ဌများ၊
နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ၊ ညွှန်ကြားရေးမှူးချုပ်များ၊
ပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော် ပျဉ်းမနားမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ
ကျောင်းသား ကျောင်းသူများက “ အနာဂါတ်မျှော်တွေး စဉ်ဆက်ပညာရေးသီချင်း”
ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။ အခမ်းအနားတွင်
နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ
နာယက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယနေ့သည်
ကုလသမဂ္ဂအဖွဲ့ကြီးကကြီးမှူး၍ အီရန်နိုင်ငံတီဟီရန်မြို့တွင်
၁၉၆၅ခုနှစ်ကကျင်းပခဲ့သည့် စာမတတ်မှုတိုက်ဖျက်ရေး ပညာရေးဝန်ကြီးများ၏
ကမ္ဘာလုံးဆိုင်ရာ ကွန်ဖရင့် (World Conference of Ministers on the
Eradication of Illiteracy)က စတင်သတ်မှတ်ပေးခဲ့သည့်
နိုင်ငံတကာစာတတ်မြောက်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ်
စက်တင်ဘာလ(၈)ရက်နေ့ ရောက်တိုင်းပြုလုပ်လျှက်ရှိတဲ့
နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်
နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင်လည်း
နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို
နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ကြပါကြောင်း၊ မြန်မာနိုင်ငံမှာ စာတတ်မြောက်ရေး
(အသုံးလုံး)လှုပ်ရှားမှုများကို ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့ကြပါကြောင်း၊
ထိုသို့ဆောင်ရွက်ခဲ့ကြသည့် စာတတ်မြောက်ရေးလုပ်ငန်းများ၏ အောင်မြင်မှုအပေါ်
ယူနက်စကိုအဖွဲ့ချုပ်က မိုဟာမက်ရီဇာပါလာဗီဆုနှင့်
နိုမာဆုတို့ကိုချီးမြှင့်ခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် ၁၉၇၁ခုနှစ်နှင့်
၁၉၈၃ခုနှစ်တို့တွင် ဆုများလက်ခံရရှိ ခဲ့ပါကြောင်း၊
၁၉၉၀ပြည့်နှစ်ထိုင်းနိုင်ငံ ဂျွန်တီယံမြို့တွင် ကျင်းပခဲ့သည့်
ကမ္ဘာ့ပညာရေးဝန်ကြီးများ ညီလာခံကချမှတ်ခဲ့သည့် လူတိုင်းအတွက်ပညာရေး
(Education For All- EFA) အစီအစဉ် နှင့် ၂၀၀၀ပြည့်နှစ် ဆီနီဂေါနိုင်ငံ
ဒါကာမြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ပညာရေးဝန်ကြီးများ
ညီလာခံကချမှတ်ခဲ့သည့် “လူတိုင်းအတွက်ပညာရေး ဒါကာလုပ်ငန်းအညွှန်းဘောင်
”(Education For All – EFADarkerFramework) တို့ကိုအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ၂၀၁၅ခုနှစ် ကိုးရီးယားသမ္မတနိုင်ငံ အင်ချွန်းမြိတွင် ကျင်းပပြုလုပ်ခဲ့သည့် ညီလာခံမှချမှတ်ထားသော ကမ္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များထဲမှ ပညာရေးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင် အမှတ်စဉ်၄ (Sustainable Development Goal- SDG4)၏မျှော်မှန်းချက် (၇)ချက်တွင် တစ်ချက်ဖြစ်သော "၂၀၃၀ပြည့်နှစ်အရောက်တွင် လူငယ်များအားလုံးနှင့် အရွယ်ရောက်သူများ ကျောင်းပညာရေးဖြင့် အဓိကထား၍ (အမျိုးသားနဲ့ အမျိုးသမီးများပါ) အရေး၊ အဖတ်နှင့် အတွက်အချက် တတ်မြောက်စေရန်" ဆိုသည့် စာတတ်မြောက်ရေးမျှော်မှန်းချက်ကို ဖြည့်ဆည်းနိုင်ရန် ပညာရေးဝန်ကြီးဌာနက အဓိကအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ ၂၀၁၄ခုနှစ်တွင် ကောက်ခံခဲ့သော သန်းခေါင်စာရင်းနှင့် နောက်ဆက်တွဲပါ အစီရင်ခံစာအရအသက် ၁၅ နှစ်နှင့်အထက် ကျောင်းလုံးဝ မနေခဲ့ဘူးသဖြင့် စာမတတ်သူပေါင်း ၃ ဒသမ၅သန်းခန့် ရှိနေခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးမှုအညွှန်းကိန်း တိုးတက်နိုင်ရေးအတွက် စာတတ်မြောက်ရေးလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးရေးတွင် အခန်းကဏ္ဍတစ်ရပ်အနေဖြင့် အရေးကြီးပါကြောင်း၊ ယခုနှစ် ၂၀၁၉ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အတွက် ဉီးတည်ချက်ဆောင်ပုဒ်သည် "Literacy and Multilingualism " ဖြစ်ပါကြောင်း၊ ကမ္ဘာ့အဆင့်နှင့်ကြည့်လျှင် စာတတ်မြောက်မှု ဖွံ့ဖြိုးကျယ်ပြန့်လာရန် နိုင်ငံအသီးသီးတွင်ရှိသည့် တိုင်းရင်းသားဘာသာစကားများ အရေးကြီးသောကြောင့် "စာတတ်မြောက်ရေးဖွံ့ဖြိုးဖို့ တိုင်းရင်းသားဘာသာစာပေ မြှင့်တင်စို့" ဟူသော ဆောင်ပုဒ်သည် နိုင်ငံ၏ပကတိ အခြေအနေနှင့်ရော၊ အချိန်အခါနဲ့ပါ ကိုက်ညီလျက်ရှိပြီး ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်ကိုလည်း အထောက်အပံ့ပြုမည်ဟု ယုံကြည်မျှော်လင့် ပါကြောင်း၊ ယင်းအပြင် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၁တွင် တိုင်းရင်းသားဘာသာစကား သင်ကြားရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ထည့်သွင်းဖော်ပြ ထားပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် အခြေခံပညာကဏ္ဍတွင် ယခုပညာသင်နှစ်မှာ တိုင်းရင်းသားဘာသာစကား သင်ကြားရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးတွင်ရှိသည့် ကျောင်းပေါင်း ၁၂၄၈၈ကျောင်းတွင် ကျောင်းသား ကျောင်းသူပေါင်း ၇၆၆၇၃၁ဦးကို တိုင်းရင်းသားဘာသာစကားသင် ဆရာ ဆရာမပေါင်း ၂၀၁၉၉ ဉီး၊ သင်ကြားမှုအထောက်အကူပြု Teaching Assistant ၁၁၇၁၈ဉီးတို့က တိုင်းရင်းသားဘာသာစကား တတ်မြောက်ရေး သင်ကြားနိုင်အောင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းစီစဉ် ဆောင်ရွက်ပေးထားပါကြောင်း၊ နိုင်ငံအနေဖြင့် မတူကွဲပြားသော ဘာသာစကားများ သင်ယူတတ်မြောက်နိုင်ရန် အခြေခံကျပြီး အရေးကြီးသည့် စာတတ်မြောက်ရေး မြှင့်တင်ဆောင်ရွက်နိုင်ရေး ထိရောက်သောမူဝါဒများ၊ နည်းစနစ်များနှင့် လက်တွေ့ကျသော လိုအပ်ချက်များကို ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းပြီး မိမိနိုင်ငံဒေသနှင့် ကိုက်ညီမည့် လက်တွေ့ကျင့်သုံးမှုများဖြင့် ထိထိရောက်ရောက် ဆောင်ရွက်သွားရန် ယူနက်စကိုက တိုက်တွန်းထားပါကြောင်း၊ သို့မှသာ စာတတ်မြောက်ရေးနှင့် တိုင်းရင်းသားဘာသာစာပေ မြှင့်တင်သင်ကြားရေးတို့တွင် ဟန်ချက်ညီစွာ အကောင်အထည်ဖော် သွားနိုင်မည်ဖြစ်ပါကြောင်း၊ ယနေ့မျက်မှောက်ကာလတွင် ပညာသင်ယူနိုင်သည့် အခြေခံအခွင့်အလမ်းဖြစ်တဲ့ စာတတ်မြောက်ရေးနဲ့ တိုင်းရင်းသားဘာသာစာပေ အသီးသီး၏ကဏ္ဍကို တစ်ပေါင်းတစ်စည်းတည်း မြှင့်တင်ဆောင်ရွက်ရန် ယူနက်စကိုအဖွဲ့ကြီးက တိုက်တွန်းထားခြင်း ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာ ပြောင်းလဲတိုးတက်မှုများကြောင့် လူတိုင်းအတွက် မျှတသည့်အခွင့်အလမ်းများ ပိုမိုရရှိနိုင်ရန်၊ စာတတ်မြောက်ရေးနှင့်အတူ လူမျိုး၊ ဘာသာ၊ အသားရောင်မခွဲခြားဘဲ အကျိုးကျေးဇူးများ ညီတူညီမျှရရှိနိုင်ရန် အမျိုးမျိုးသော တိုင်းရင်းသားဘာသာစကားများကို လူမျိုးအလိုက် တတ်မြောက်အောင် သင်ကြားပေးကြရန် ယခုနှစ်နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ ဦးတည်ချက်ဆောင်ပုဒ် Themeအဖြစ် ထုတ်ပြန်ထားပါကြောင်း၊ ယခုနှစ် စာတတ်မြောက်ရေးနေ့ရဲ့ Theme ဖြစ်တဲ့ “Literacy and Multilingualism”“စာတတ်မြောက်ရေးဖွံ့ဖြိုးဖို့ တိုင်းရင်းသားဘာသာစာပေ မြှင့်တင်စို့" ဟူသော ဆောင်ပုဒ်နှင့်အညီ နိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဦးစီးဒေသများတို့တွင် စာတတ်မြောက်ရေးနှင့် တိုင်းရင်းသားစာပေ သင်ကြားရေးတို့အတွက် ယခုထက်ပိုမိုပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် ပူးပေါင်းပြီး တိုးချဲ့ပညာပေး ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း၊ သို့မှသာ ဒေသကြီးများနှင့် နယ်စပ်ဒေသများအတွင်းတွင် အခြေခံစာတတ်မြောက်ခြင်းနှင့် တိုင်းရင်းသားစာပေ တတ်မြောက်ခြင်းတို့မှတစ်ဆင့် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ အသက်မွေးဝမ်းကျောင်းပညာနှင့် ကျောင်းပြင်ပပညာရေးတို့ကို ဆက်လက်လေ့လာ သင်ယူနိုင်ပြီး လူနေမှုဘဝမြှင့်တင်နိုင်ကြမှာ ဖြစ်ပါကြောင်း၊ ယခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အတွက် ချမှတ်ထားတဲ့ “Literacy and Multilingualism” “စာတတ်မြောက်ရေးဖွံ့ဖြိုးဖို့ တိုင်းရင်းသားဘာသာစာပေ မြှင့်တင်စို့” ဆောင်ပုဒ်အတိုင်း အားလုံးကပူးပေါင်းပါဝင် ဆောင်ရွက်ပေးခြင်းဖြင့် ကျန်းမာပြီး အသိပညာမြင့်မားလာသည့် လူသားအရင်းအမြစ်များ ပေါ်ထွန်းလာရေးကို ယခုထက်ပိုမိုမြှင့်တင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။ ထို့နောက် ၂၀၁၉ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုဗီဒီယိုမှတ်တမ်းကို ပြသသည်။ ယင်းနောက် မြန်မာနိုင်ငံ ယူနက်စကို အမျိုသားကော်မရှင် အထွေထွေအတွင်းရေးမှူး ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင် က ၂၀၁၉ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ယူနက်စကို ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။ ထို့နောက် ၂၀၁၉ ခုနှစ် နိုင်ငံကာ စာတတ်မြောက်ရေးနေ့ဆိုင်ရာ Concept Note ကောက်နှုတ်ချက်ကို တိုင်းရင်းသားဘာသာစကားများဖြင့် ဖတ်ကြားကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဒေါက်တာဝင်းမြတ်အေး၊ အမျိုးသားလွှတ်တော် အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့စည်းများဆိုင်ရာ ဥက္ကဋ္ဌဦးမင်းဦး၊ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဦးအေးချို၊ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဦးဇယ်ခေါင်၊ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းသန်းအေး၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ရွှေ၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ကျော်၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ငွေ၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ဦးဝမ်းလှ၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံး၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်နှင့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းတို့က ကျောင်းပြင်ပညာရေး အစီအစဉ်တွင် တက်ရောက်အောင်မြင်ပြီးနောက် အခြေခံပညာကျောင်းများသို့ ပြန်လည်တက်ရောက်ပြီး၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ(၃၂) ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် နေပြည်တော် ပျဉ်းမနားမြို့ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက“ တို့အင် တို့အား “ သီချင်းဖြင့် တေးသရုပ်ဖော် သီဆိုဂုဏ်ပြု ဖျော်ဖြေကြသည်။ ယင်းနောက် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ နာယက ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ၂၀၁၉ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားတွင် ဂုဏ်ပြုဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးများ နှင့် အခမ်းအနာသို့ တက်ရောက်လာကြသူများသည် ၂၀၁၉ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

No comments:
Post a Comment