ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်လုံးကျွတ် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှုအောင်ပွဲအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ဖေဖော်ဝါရီ ၂၁ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းနှင့် တာဝန်ရှိသူများ၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် လုပ်အားဒါနကူညီခဲ့ကြသည့် ကြီးကြပ်ဆရာ ဆရာမများ၊ ဒေသန္တရဆရာ ဆရာမများနှင့် စေတနာအလျောက် ပါဝင်လုပ်အားပေးခဲ့သည့် ဒေသခံစေတနာရှင် လုပ်အားပေးများ တက် ရောက် ကြသည်။ ရှေးဦးစွာ ခရိုင်အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှု ဗဟိုကော်မတီအတွင်းရေးမှူး၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်ထွန်းက အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ခရိုင်အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဌ၊ ပြည်နယ်လူမှုရေးဝန်ကြီးက အခြေခံစာတတ်မြောက်ရေး လုပ်ငန်းတွင် လုပ်အားဒါနကူညီခဲ့ကြသည့် ကြီးကြပ်ဆရာ ဆရာမများ၊ ဒေသန္တရ ဆရာ ဆရာမများနှင့် စေတနာရှင် လုပ်အားပေးများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို သက်ဆိုင်ရာမြို့နယ် ကိုယ်စားလှယ်များ ထံသို့ ပေးအပ်ခဲ့သည်။
No comments:
Post a Comment