Wednesday, March 29, 2017

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားပညာရေးမူဝါဒကော်မရှင်အဖွဲ့ဝင်များနှင့် ပညာရေးလုပ်ငန်းစဉ်များဆွေးနွေး




ရန်ကုန် ၂၀၁၇ မတ် ၂၉


ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် မတ်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ကမာရွတ်မြို့နယ် အမှတ် ၄၂၆ ပြည်လမ်းရှိ အမျိုးသားပညာရေးမူဝါဒကော်မရှင်ရုံးသို့လာရောက်ပြီး ပညာရေးတစ်နှစ်တာ ဆောင်ရွက်ချက်များကို ဆွေးနွေး ပြောကြားခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌဌဒေါက်တာမျိုးမြင့်နှင့်အဖွဲ့ဝင်များ၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အခြေခံပညာကဏ္ဍဍနှင့်ပတ်သက်၍ သင်ယူမှုအခွင့်အလမ်း ပိုမိုမြင့်မားရေးဆောင်ရွက်မှုနှင့်ပတ်သက်၍လည်းကောင်း၊ KG + 12 သင်ရိုးညွှန်းတမ်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ဆရာ ဆရာမများစွမ်းဆောင်ရည်မြင့်တင်ရေးဆိုင်ရာ အစီအစဉ်များ နှင့်ပတ်သက်၍လည်းကောင်း၊ Grade – 1 ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာလမ်းညွှန်စာအုပ်များ၊ လက်ရေးကျင့်စာအုပ်များနှင့်ပတ်သက်၍လည်းကောင်း၊ အဆင့်မြင့်ပညာ ကဏ္ဍဍအရည်အသွေး မြင့်မားရေးများ နှင့်ပတ်သက်၍လည်းကောင်း၊ နည်းပညာနှင့်သက်မွေးပညာရေး နှင့်လေ့ကျင့်ရေးကဏ္ဍဍတွင် ဒေသလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် ကျွမ်းကျင်လုပ်သားအင်းအားစု ပြုစုပျိုးထောင် သင်ကြား လေ့ကျင့်ပေးရေးနှင့်ပတ်သက်၍လည်းကောင်း၊ ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်မှုများနှင့် ပတ်သက်၍လည်းကောင်း၊ ပညာရေးကဏ္ဍဍပြုပြင်ပြောင်းလဲဆောင်ရွက်ရာတွင် တစ်နှစ်တာအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုများ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌဌဒေါက်တာမျိုးမြင့်က ၂၀၁၆ခုနှစ် အောက်တိုဘာလမှစတင်၍ (၆)လအတွင်း လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း ပညာရေး ဆိုင်ရာမူဝါဒချမှတ်နိုင်ရန်အတွက်ဆွေးနွေးပြီးနောက် အမျိုးသားပညာရေးမူဝါဒကော်မရှင်အဖွဲ့ဝင်များက ပညာရေးဆိုင်ရာမူဝါဒများ ချမှတ်နိုင်ရန်အတွက် အကြံပြုချက်များအသီးသီးကို ဆွေးနွေးပြီးနောက် ထိုဆွေးနွေးမှုများအပေါ် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြန်လည်ဖြေကြားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment