Tuesday, March 28, 2017
၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပလျက်ရှိ
ရန်ကုန် ၂၀၁၇ မတ် ၈
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ နိုင်ငံခြားစာစစ်ဌာန (၁၇)ခု၊ ပြည်တွင်းစာစစ်ဌာန (၁၅၇၇)ခု၊ စုစုပေါင်း စာစစ်ဌာန(၁၅၉၄)ခုတွင် ဖြေဆိုရန်စာရင်းပေးသွင်းထားသော ကျောင်းသား၊ ကျောင်းသူ (၇)သိန်းကျော်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးတွင်မူ ၂၀၁၇ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၁၄၂၃၇)ဦးအနက် ကျောင်းတက်ဖြေဆိုသူ (၆၃၉၉၉)နှင့် ပြင်ပဖြေဆိုသူ (၅၀၂၃၈)ဦးရှိသည်။ မတ်လ ၈ရက်နေ့ နံနက်ပိုင်းတွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုကြပြီဖြစ်ရာ အမျိုးသား ပညာရေးမူဝါဒကော်မရှင်ဥက္ကဋ္ဌဌ ဒေါက်တာမျိုးမြင့်၊ ရန်ကုန်တိုင်ဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်စွာသွင်၊ ညွှန်ကြားရေးမှူး(ပညာ)ဒေါ်စန်းစန်းရီ၊ ညွှန်ကြားရေးမှူး(စီမံ) ဒေါ်ခင်မာဆွေနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဒဂုံမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးစာစစ်ဌာန၊ ကျောက်တံတားမြို့နယ် အ.ထ.က(၂) အခြေခံပညာ အထက်တန်း ကျောင်း၊ ဗိုလ်တစ်ထောင်မြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းရှိ စာဖြေဌာနတို့ကို လှည့်လည်ကြည့်ရှုကြသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန (၂၁၇)ခုတွင် ဖြေဆိုရန်စာရင်း ပေးသွင်းထားသော ကျောင်းသားကျောင်းသူ (၁၁၄၂၃၇)ဦးအနက် မြန်မာစာဘာသာရပ်ကို (၁၀၄၂၅၆)ဦး ဖြေဆိုကြရာ ပျက်ကွက်သူ ဦးရေ ( ၉၉၈၁)ဦးရှိသဖြင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၁ ဒသမ ၂၆ ရာခိုင် နှုန်းရှိကြောင်းသိရသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးစာဖြေဌာနတွင် ပျက်ကွက်သူမရှိ ဖြေဆိုကြပြီး ဖြေဆိုသူ( ၆ )ဦးရှိကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment