Wednesday, March 29, 2017

ပုဂ္ဂလိကကဏ္ဍဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတက်ရောက် အမှာစကားပြောကြား





ရန်ကုန် ၂၀၁၇ မတ် ၂၄


ပုဂ္ဂလိကကဏ္ဍဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် (၂၃.၃.၂၀၁၇)ရက်နေ့မှ (၂၄.၃.၂၀၁၇)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကားပြောကြားသည်။ ပုဂ္ဂလိကကဏ္ဍဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒုတိယသမ္မတဦးမြင့်ဆွေ ဦးဆောင်၍ ပုဂ္ဂလိကကဏ္ဍဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း ၊ ပုဂ္ဂလိကကဏ္ဍဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင် ခြင်းသည် နိုင်ငံတော်၏ စီးပွားရေးသာမက ကဏ္ဍဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူပြုမည်ဖြစ်ပြီး မိမိတို့အနေဖြင့် အလေးအနက်ထား ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်နှင့် လုပ်ငန်းရှင်များ၏ အခက်အခဲများကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ရန်ရည်ရွယ်၍ မဏ္ဍဍိုင်(၅)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းကော်မတီဝင်များ၊ လုပ်ငန်းရှင်များအနေဖြင့် ပြည်သူများ၏ အခက်အခဲများ၊ တွေ့ကြုံနေရသည့် ပြဿနာများကို ဖြေရှင်းပေးနိုင်ရန်အတွက် အမြဲမပြတ်ထိတွေ့နေရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏စီးပွားရေးကဏ္ဍဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပုဂ္ဂလိကကဏ္ဍဍကို အရှိန်အဟုန်ဖြင့် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး စီးပွားရေးကဏ္ဍဍ အပြိုင်အဆိုင် ဖွံ့ဖြိုးတိုးတက်လာရန်အတွက် မျှတသည့်ဈေးကွက် ယှဉ်ပြိုင်မှု ဖြစ်စေရန်အတွက်လည်း မူဝါဒများကို ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်ရေးကို ဆောင်ရွက်သွားဖို့လိုအပ်ပါကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရေး၊ ကုန်ထုတ်လုပ်မှု မြုင့်တင်နိုင်ရေးနှင့် နိုင်ငံတကာဈေးကွက် ထိုးဖောက်ယှဉ်ပြိုင်နိုင်ရေး တို့အတွက် ကျွမ်းကျင်ပညာရှင်များ၊ ကျွမ်းကျင်လုပ်သားများ၏ အခန်းကဏ္ဍဍကိုလည်း အလေးပေးဆောင်ရွက်သွားရမည်ဖြစ်ပြီး လူငယ်၊ လူရွယ်များအား အခြေခံရုပ်ဝတ္ထုပိုင်း ကျွမ်းကျင်မှုများ (Hard Skills)နှင့် စဉ်းစားတွေးခေါ်မှုပိုင်း ကျွမ်းကျင်မှုများ (Soft Skills)ကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးမှာလည်း အလွန်အရေးကြီးပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍဍဖွံ့ဖြိုးတိုးတက်ရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် Public နှင့် Private များ၏စွမ်းရည်များကို ပေါင်းစပ်ဆောင်ရွက်ရမည်ဖြစ်ပြီး အစိုးရဌာနများနှင့် ပုဂ္ဂလိကကဏ္ဍဍအကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအောင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ နှီးနှောဖလှယ်ပွဲကို ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ဒုတိယဥက္ကဋ္ဌဌနှင့် အဖွဲ့ဝင်များ၊ အခြေခံ လူသားအရင်းအမြစ် တည်ဆောက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ ဥက္ကဋ္ဌဌနှင့် ညီနောင်အသင်းများမှ အသင်းဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပြည်တွင်း၊ ပြည်ပဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များ စုစုပေါင်း (၃၂၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment