Wednesday, March 29, 2017
ပုဂ္ဂလိကကဏ္ဍဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတက်ရောက် အမှာစကားပြောကြား
ရန်ကုန် ၂၀၁၇ မတ် ၂၄
ပုဂ္ဂလိကကဏ္ဍဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် (၂၃.၃.၂၀၁၇)ရက်နေ့မှ (၂၄.၃.၂၀၁၇)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကားပြောကြားသည်။ ပုဂ္ဂလိကကဏ္ဍဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒုတိယသမ္မတဦးမြင့်ဆွေ ဦးဆောင်၍ ပုဂ္ဂလိကကဏ္ဍဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း ၊ ပုဂ္ဂလိကကဏ္ဍဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင် ခြင်းသည် နိုင်ငံတော်၏ စီးပွားရေးသာမက ကဏ္ဍဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူပြုမည်ဖြစ်ပြီး မိမိတို့အနေဖြင့် အလေးအနက်ထား ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်နှင့် လုပ်ငန်းရှင်များ၏ အခက်အခဲများကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ရန်ရည်ရွယ်၍ မဏ္ဍဍိုင်(၅)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းကော်မတီဝင်များ၊ လုပ်ငန်းရှင်များအနေဖြင့် ပြည်သူများ၏ အခက်အခဲများ၊ တွေ့ကြုံနေရသည့် ပြဿနာများကို ဖြေရှင်းပေးနိုင်ရန်အတွက် အမြဲမပြတ်ထိတွေ့နေရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏စီးပွားရေးကဏ္ဍဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပုဂ္ဂလိကကဏ္ဍဍကို အရှိန်အဟုန်ဖြင့် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး စီးပွားရေးကဏ္ဍဍ အပြိုင်အဆိုင် ဖွံ့ဖြိုးတိုးတက်လာရန်အတွက် မျှတသည့်ဈေးကွက် ယှဉ်ပြိုင်မှု ဖြစ်စေရန်အတွက်လည်း မူဝါဒများကို ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်ရေးကို ဆောင်ရွက်သွားဖို့လိုအပ်ပါကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရေး၊ ကုန်ထုတ်လုပ်မှု မြုင့်တင်နိုင်ရေးနှင့် နိုင်ငံတကာဈေးကွက် ထိုးဖောက်ယှဉ်ပြိုင်နိုင်ရေး တို့အတွက် ကျွမ်းကျင်ပညာရှင်များ၊ ကျွမ်းကျင်လုပ်သားများ၏ အခန်းကဏ္ဍဍကိုလည်း အလေးပေးဆောင်ရွက်သွားရမည်ဖြစ်ပြီး လူငယ်၊ လူရွယ်များအား အခြေခံရုပ်ဝတ္ထုပိုင်း ကျွမ်းကျင်မှုများ (Hard Skills)နှင့် စဉ်းစားတွေးခေါ်မှုပိုင်း ကျွမ်းကျင်မှုများ (Soft Skills)ကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးမှာလည်း အလွန်အရေးကြီးပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍဍဖွံ့ဖြိုးတိုးတက်ရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် Public နှင့် Private များ၏စွမ်းရည်များကို ပေါင်းစပ်ဆောင်ရွက်ရမည်ဖြစ်ပြီး အစိုးရဌာနများနှင့် ပုဂ္ဂလိကကဏ္ဍဍအကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအောင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ နှီးနှောဖလှယ်ပွဲကို ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ဒုတိယဥက္ကဋ္ဌဌနှင့် အဖွဲ့ဝင်များ၊ အခြေခံ လူသားအရင်းအမြစ် တည်ဆောက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ ဥက္ကဋ္ဌဌနှင့် ညီနောင်အသင်းများမှ အသင်းဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပြည်တွင်း၊ ပြည်ပဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များ စုစုပေါင်း (၃၂၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားပညာရေးမူဝါဒကော်မရှင်အဖွဲ့ဝင်များနှင့် ပညာရေးလုပ်ငန်းစဉ်များဆွေးနွေး
ရန်ကုန် ၂၀၁၇ မတ် ၂၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် မတ်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ကမာရွတ်မြို့နယ် အမှတ် ၄၂၆ ပြည်လမ်းရှိ အမျိုးသားပညာရေးမူဝါဒကော်မရှင်ရုံးသို့လာရောက်ပြီး ပညာရေးတစ်နှစ်တာ ဆောင်ရွက်ချက်များကို ဆွေးနွေး ပြောကြားခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌဌဒေါက်တာမျိုးမြင့်နှင့်အဖွဲ့ဝင်များ၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အခြေခံပညာကဏ္ဍဍနှင့်ပတ်သက်၍ သင်ယူမှုအခွင့်အလမ်း ပိုမိုမြင့်မားရေးဆောင်ရွက်မှုနှင့်ပတ်သက်၍လည်းကောင်း၊ KG + 12 သင်ရိုးညွှန်းတမ်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ဆရာ ဆရာမများစွမ်းဆောင်ရည်မြင့်တင်ရေးဆိုင်ရာ အစီအစဉ်များ နှင့်ပတ်သက်၍လည်းကောင်း၊ Grade – 1 ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာလမ်းညွှန်စာအုပ်များ၊ လက်ရေးကျင့်စာအုပ်များနှင့်ပတ်သက်၍လည်းကောင်း၊ အဆင့်မြင့်ပညာ ကဏ္ဍဍအရည်အသွေး မြင့်မားရေးများ နှင့်ပတ်သက်၍လည်းကောင်း၊ နည်းပညာနှင့်သက်မွေးပညာရေး နှင့်လေ့ကျင့်ရေးကဏ္ဍဍတွင် ဒေသလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် ကျွမ်းကျင်လုပ်သားအင်းအားစု ပြုစုပျိုးထောင် သင်ကြား လေ့ကျင့်ပေးရေးနှင့်ပတ်သက်၍လည်းကောင်း၊ ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်မှုများနှင့် ပတ်သက်၍လည်းကောင်း၊ ပညာရေးကဏ္ဍဍပြုပြင်ပြောင်းလဲဆောင်ရွက်ရာတွင် တစ်နှစ်တာအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုများ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌဌဒေါက်တာမျိုးမြင့်က ၂၀၁၆ခုနှစ် အောက်တိုဘာလမှစတင်၍ (၆)လအတွင်း လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း ပညာရေး ဆိုင်ရာမူဝါဒချမှတ်နိုင်ရန်အတွက်ဆွေးနွေးပြီးနောက် အမျိုးသားပညာရေးမူဝါဒကော်မရှင်အဖွဲ့ဝင်များက ပညာရေးဆိုင်ရာမူဝါဒများ ချမှတ်နိုင်ရန်အတွက် အကြံပြုချက်များအသီးသီးကို ဆွေးနွေးပြီးနောက် ထိုဆွေးနွေးမှုများအပေါ် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြန်လည်ဖြေကြားကြောင်း သတင်းရရှိသည်။
Tuesday, March 28, 2017
၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပလျက်ရှိ
ရန်ကုန် ၂၀၁၇ မတ် ၈
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ နိုင်ငံခြားစာစစ်ဌာန (၁၇)ခု၊ ပြည်တွင်းစာစစ်ဌာန (၁၅၇၇)ခု၊ စုစုပေါင်း စာစစ်ဌာန(၁၅၉၄)ခုတွင် ဖြေဆိုရန်စာရင်းပေးသွင်းထားသော ကျောင်းသား၊ ကျောင်းသူ (၇)သိန်းကျော်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးတွင်မူ ၂၀၁၇ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၁၄၂၃၇)ဦးအနက် ကျောင်းတက်ဖြေဆိုသူ (၆၃၉၉၉)နှင့် ပြင်ပဖြေဆိုသူ (၅၀၂၃၈)ဦးရှိသည်။ မတ်လ ၈ရက်နေ့ နံနက်ပိုင်းတွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုကြပြီဖြစ်ရာ အမျိုးသား ပညာရေးမူဝါဒကော်မရှင်ဥက္ကဋ္ဌဌ ဒေါက်တာမျိုးမြင့်၊ ရန်ကုန်တိုင်ဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်စွာသွင်၊ ညွှန်ကြားရေးမှူး(ပညာ)ဒေါ်စန်းစန်းရီ၊ ညွှန်ကြားရေးမှူး(စီမံ) ဒေါ်ခင်မာဆွေနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဒဂုံမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးစာစစ်ဌာန၊ ကျောက်တံတားမြို့နယ် အ.ထ.က(၂) အခြေခံပညာ အထက်တန်း ကျောင်း၊ ဗိုလ်တစ်ထောင်မြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းရှိ စာဖြေဌာနတို့ကို လှည့်လည်ကြည့်ရှုကြသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန (၂၁၇)ခုတွင် ဖြေဆိုရန်စာရင်း ပေးသွင်းထားသော ကျောင်းသားကျောင်းသူ (၁၁၄၂၃၇)ဦးအနက် မြန်မာစာဘာသာရပ်ကို (၁၀၄၂၅၆)ဦး ဖြေဆိုကြရာ ပျက်ကွက်သူ ဦးရေ ( ၉၉၈၁)ဦးရှိသဖြင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၁ ဒသမ ၂၆ ရာခိုင် နှုန်းရှိကြောင်းသိရသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးစာဖြေဌာနတွင် ပျက်ကွက်သူမရှိ ဖြေဆိုကြပြီး ဖြေဆိုသူ( ၆ )ဦးရှိကြောင်းသိရသည်။
တစ်နှစ်တာအတွင်း ပညာရေးကဏ္ဍမြှင့်တင်ခြင်းဖြင့် နိုင်ငံတည်ဆောက်
နေပြည်တော် ၂၀၁၇ မတ် ၂၇
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာကြည့်ရန်အတွက် တိုင်းတာရမည့် ပေတံများအနက် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် အထူးအရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်သည်။ အစိုးရသစ်တက်လာပြီးနောက် မြန်မာ့ပညာရေးကို အစွမ်းကုန်မြှင့်တင် ရန်အတွက် မူလတန်းကြိုအရွယ်မှသည် အဆင့်မြင့်နှင့်သက်မွေးပညာရပ်များ သင်ယူတတ်မြောက်သည်အထိ အဆင့်အတန်းပြည့်မီသည့် ပညာရေးစနစ်မျိုးကို ပြုပြင်ပြောင်းလဲခဲ့ရာ အစိုးရသစ်သက်တမ်း တစ်နှစ်တာအတွင်း ပညာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို သိရှိနိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
Saturday, March 11, 2017
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) စတင်ဆောင်ရွက်ခြင်း အခမ်းအနားကျင်းပ
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) စတင်ဆောင်ရွက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ အမှာစကားပြောကြားသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လာမည့်ငါးနှစ်တာကာလအတွင်း ကျောင်းသားလူငယ်များနှင့် အရွယ်ရောက်သည့် သူများအားလုံး၏ ဘဝတစ်သက်တာ ပညာသင်ယူမှုရရှိစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို အဓိကထားပြောင်းလဲရမည် ဖြစ်ပါကြောင်း၊ ယင်းပြောင်းလဲခြင်းကို ပညာရေးမှစရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းကို ချမှတ်ထားပြီး ယင်းစီမံကိန်း အောင်မြင်ရန်အတွက် အဓိကဘာလိုအပ်သလဲဆိုသည်ကို အားလုံးစဉ်းစားရမည် ဖြစ်ပါကြောင်း။ ပညာရရှိရေးတွင် အရေးကြီးဆုံးမှာ သင်ယူချင်စိတ်ပင်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာများ၊ ပညာရေးမူဝါဒများကိုချမှတ်ပြီး အကောင်အထည်ဖော် ဦးဆောင်နေသည့် ပုဂ္ဂိုလ်များအားလုံးက သင်ယူချင်စိတ်များ ပေါ်လာအောင် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ သင်ယူချင်စိတ်လူငယ်များအကြား ထွန်းကားအောင် လုပ်ဆောင်ရန် သင်ပေးသူများ ကိုယ်တိုင်သင်ယူချင်စိတ် ရှိရန်လိုပါကြောင်း၊ တစ်သက်တာဆက်ပြီး သင်ယူနေရမည် ဖြစ်ပါကြောင်း၊ မိမိတို့တစ်သက်တာ သင်ယူနိုင်သည့်စိတ်ဓာတ်၊ သင်ယူချင် သည်စိတ်ဓာတ်ကို သင်ပေးသူများတွင် ရှိရမည်ဖြစ်ပါကြောင်း၊ သို့မှသာ သင်ကြားခံရသူများကိုယ်တိုင်လည်း အလားတူစိတ်ဓာတ်များပွားများလာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မည်သို့သောစီမံကိန်းများ ရေးဆွဲ ရေးဆွဲ အောင်မြင်ရန်အတွက် ပါဝင်သူအားလုံးက အောင်မြင်မှုကို ဦးတည်နိုင်ရန်လိုပါကြောင်း။ ပညာရေးစီမံကိန်းများကို ဦးဆောင်ပြီး အကောင်အထည်ဖော်သူအားလုံးသည် မိမိတို့ကိုယ်တိုင် သင်ယူစရာ အများကြီးရှိသေးသည်ဆိုသည့် စိတ်ဓာတ်မွေးမြူရန် အလွန်အရေးကြီးပါကြောင်း၊ အားလုံးတတ်ပြီ ၊ အားလုံးသိပြီဟုထင်သည့်ပုဂ္ဂိုလ်များသည် မည်သို့မျှဆက်ပြီး သင်ယူ၍ရမည်မဟုတ်ပါကြောင်း၊ ကိုယ်တိုင်တတ်ချင်၊ သင်ချင်သည့် ဆရာ၊ ဆရာမများ၊ ဤစီမံကိန်းများကို ဦးဆောင်သူပုဂ္ဂိုလ်များကသာလျှင် ပညာရှာသည့်နိုင်ငံသူ၊ နိုင်ငံသားများ သင်ယူချင်အောင် လမ်းပြနိုင်မည်ဖြစ်ပါကြောင်း၊ သင်ယူချင်သည်စိတ်ဓာတ်က ဘယ်ကစသလဲဆိုလျှင် မိမိမှာသိစရာအများကြီးရှိသေးသည်ဆိုသည့် နှိမ့်ချခြင်းမှစတင်ပါကြောင်း။ သိစရာရှိသည့်ကိစ္စများကို သိအောင်လုပ်နိုင်သော အရည်အချင်းရှိသည်ဆိုသည့် ယုံကြည်မှုလည်းရှိအောင် လုပ်ရန်လိုပါကြောင်း၊ ကလေးသူငယ်များသည် သိစရာအများကြီး ရှိသေးသည်ဆိုသော စိတ်ဓာတ်ရှိပါကြောင်း၊ သို့သော် ထိုကလေးများ၏ သိချင်တတ်ချင်သည့်စိတ်ဓာတ်ကို လူကြီးများက အားမပေးလျှင်၊ သင်ပေးသူ ဆရာ၊ ဆရာမများက အားမပေးလျှင် သင်ယူချင်သည့်စိတ်ဓာတ်သည် ဖွံ့ဖြိုးနိုင်မည် မဟုတ်ပါကြောင်း၊ လူကြီးများ၏ အဓိကပြဿနာမှာ သင်ယူချင်စိတ်မရှိတော့ခြင်းပင် ဖြစ်ပါကြောင်း၊ ပြည့်စုံသွားပြီဟု ထင်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဘယ်တော့မှ ပညာပြည့်စုံသည်ဟု မရှိနိုင်ပါကြောင်း၊ တစ်သက်တာ အသက်ရှင်နေသ၍ ပညာဆက်လက်ရှာဖွေရမည်ဆိုသည့် စိတ်ဓာတ် မွေးမြူရန်လိုပါကြောင်း၊ မိမိတို့ အားလုံး ပညာသင်ယူရမည်၊ ဆက်ပြီးသင်ယူရမည်၊ ပညာသင်ချင်သည်၊ ဘယ်လိုသင်ယူရမည် ဆိုသည့် အချက်များကို သေချာနားလည်မည်ဆိုလျှင် နိုင်ငံ၏ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းသည် ကျောင်းသားများ၊ လူငယ်များနှင့် အရွယ်ရောက်သူများ၏ ဘဝတစ်သက်တာ ပညာသင်ယူမှု၊ ပညာသင်ယူသွားရန်မှာ ခက်ခဲတော့မည် မဟုတ်ပါကြောင်း၊ နိုင်ငံတော်က ဦးဆောင်ပြီး လုပ်ရမည်မှာ မှန်ပါကြောင်း၊ နိုင်ငံတော်က ဦးဆောင်ပြီး လုပ်သည့်အခါ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာအရ တတ်နိုင်သမျှ ပံ့ပိုးပေးသွားရန် အရေးကြီးပါကြောင်း။ ဆရာ၊ ဆရာမများသည် ကိုယ့်ကိုယ်ကိုယ် သင်ယူခြင်းအားဖြင့် မိမိတို့နိုင်ငံရှိ ကလေးသူငယ်များရော၊ အရွယ်ရောက်ပြီးသော်လည်း ဆက်ပြီးပညာရှာချင်သည့် နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ဆက်ပြီးပညာရှာနိုင်ရန်၊ ပညာရှာသည့်အခါတွင်လည်း ထိထိရောက်ရောက် သင်ယူထိုက်သည့်ကိစ္စများကို သင်ယူနိုင်ရန် အားလုံးပံ့ပိုးနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်း၊ မိမိတို့ကို ကူညီနေသည့် မိတ်ဆွေများလည်း အလားတူအမြင်များနှင့် အလားတူ နားလည်မှုများဖြင့် ကူညီလိမ့်မည်ဟု မျှော်လင့်ပါကြောင်း။ မိမိတို့ကိုယ်တိုင်လည်း ဒီနိုင်ငံရောက်လာသည့်အခါ ဒီနိုင်ငံအကြောင်း၊ ဒီနိုင်ငံ၏ လိုအပ်ချက်များ၊ ဒီနိုင်ငံမှ ရင်ဆိုင်နေရသည့်စိန်ခေါ်မှုများကို နားလည်သင်ယူပြီးမှ မိမိတို့နိုင်ငံ၏အကျိုးကို ထိထိရောက်ရောက် သယ်ပိုးပေးနိုင်မည် ဖြစ်ပါကြောင်း၊ ဒီလိုထိထိရောက်ရောက် သယ်ပိုး ပေးချင်သည့်စေတနာလည်း မိမိတို့မိတ်ဆွေများ တွင်လည်းရှိသည်ဟု ယုံကြည်ပါကြောင်း။ မိမိတို့နိုင်ငံတိုးတက်ရေးအတွက် အဓိကကျသည့် ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ပြီး မိမိတို့နိုင်ငံ ပညာရေးအဆင့်မြှင့်ရန်အတွက် နိုင်ငံသူ၊ နိုင်ငံသားများသည် မိမိတို့သင်ယူရန်လိုသည်ဆိုသည့် စိတ်ဓာတ်ဖြင့် သင်ယူ၍ရသည်ဆိုသည့် ယုံကြည်ချက် မိမိတို့နိုင်ငံ၏ နောင်မျိုးဆက် အဆက်ဆက် အကျိုးရှိရန်အတွက် ဆောင်ရွက်သွားကြမည်ဟု ဆုမွန်ကောင်းတောင်းရင်း ဆန္ဒပြုပါကြောင်း ပြောကြားသည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း(၂၀၁၆-၂၀၂၁) စတင်ဆောင်ရွက်ခြင်း အထိမ်းအမှတ် အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)၏ ရည်မှန်းချက်ပန်းတိုင်သည် ကျောင်းများ၏ ပညာသင်ယူရာဌာနအားလုံးတွင် ကျောင်းသား ကျောင်းသူများ၏ သင်ယူတတ်မြောက်မှုများ သိသာထင်ရှားစွာ တိုးတက်လာရေးကို ဦးတည်ပြီး ပိုမိုတိုးတက်ကောင်းမွန်သည့် သင်ကြားသင်ယူမှု၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး၊ သုတေသနနှင့် စမ်းသပ်တီထွင်မှုများ ဖြစ်ထွန်းလာစေရေး ဖြစ်ကြောင်းပြောကြားသည်။ ဆက်လက်၍ ပညာရေးဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံသံအမတ်ကြီး မစ္စတာ Nicholas Copple က အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပညာရေးဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများကိုယ်စား UNICEF ဌာနေကိုယ်စားလှယ် Betrand Bainvel က ပညာရေးပူးပေါင်းဆောင်ရွက်မှုတို့ကို ရှင်းလင်းပြော ကြားသည်။ ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တက်ရောက်လာကြသူများက တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးမိတ်ဖက်အဖွဲ့အစည်းများမှာ တာဝန်ရှိသူများ၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းမှတာဝန်ရှိသူများနှင့် စုပေါင်းဓာတ်ပုံရိုက်ကြပြီး အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို လိုက်လံကြည့်ရှု အားပေးသည်။ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဌ ဦးမန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်များမှ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌဌများနှင့်အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးဝန်ကြီးများ၊ သုံးခွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီဝင်များ၊ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေး ကော်မတီဝင်များ၊ နိုင်ငံတကာဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့ အစည်းများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း ရေးဆွဲကြသော ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်
အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုအောင်ပွဲအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကျင်းပ
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်လုံးကျွတ် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှုအောင်ပွဲအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ဖေဖော်ဝါရီ ၂၁ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းနှင့် တာဝန်ရှိသူများ၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် လုပ်အားဒါနကူညီခဲ့ကြသည့် ကြီးကြပ်ဆရာ ဆရာမများ၊ ဒေသန္တရဆရာ ဆရာမများနှင့် စေတနာအလျောက် ပါဝင်လုပ်အားပေးခဲ့သည့် ဒေသခံစေတနာရှင် လုပ်အားပေးများ တက် ရောက် ကြသည်။ ရှေးဦးစွာ ခရိုင်အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှု ဗဟိုကော်မတီအတွင်းရေးမှူး၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်ထွန်းက အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ခရိုင်အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဌ၊ ပြည်နယ်လူမှုရေးဝန်ကြီးက အခြေခံစာတတ်မြောက်ရေး လုပ်ငန်းတွင် လုပ်အားဒါနကူညီခဲ့ကြသည့် ကြီးကြပ်ဆရာ ဆရာမများ၊ ဒေသန္တရ ဆရာ ဆရာမများနှင့် စေတနာရှင် လုပ်အားပေးများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို သက်ဆိုင်ရာမြို့နယ် ကိုယ်စားလှယ်များ ထံသို့ ပေးအပ်ခဲ့သည်။
Subscribe to:
Posts (Atom)