Wednesday, September 27, 2017

၂၀၁၇-၂၀၁၈ ပညာသင်နှစ်(ဒုတိယနှစ်ဝက်) ကျောင်းပြင်ပ မူလတန်းပညာရေး ဗဟိုအဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ






ရန်ကုန် ၂၀၁၇ စက်တင်ဘာ ၂၇

၂၀၁၇-၂၀၁၈ ပညာသင်နှစ် (ဒုတိယနှစ်ဝက်) ကျောင်းပြင်ပမူလတန်း ပညာရေးဗဟိုအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(ကမာရွတ်)ရှိ သိင်္ဂ࿿ီမြိုင်ခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းနှင့် မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာန ဥက္ကဋ္ဌဌ ဆရာကြီးဒေါက်တာဦးသန်းဦးတို့က နှုတ်ခွန်းဆက်စကားပြောကြားသည်။ သင်တန်းပထမနေ့တွင် သင်တန်းနည်းပြဆရာ ဆရာမကြီးများက လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ထိရောက်သောကြီးကြပ်ခြင်းနှင့် သုံးသပ်အကဲဖြတ်ခြင်း၊ သင်္ခ࿿ျာသင်ကြားသင်ယူမှု၊ တက်မြောက်မှုအကဲဖြတ်ခြင်းနှင့် စစ်ဆေးလွှာတည်ဆောက်ခြင်း၊ အစီအစဉ်ကြီးကြပ်ကွပ်ကဲခြင်း၊ လုပ်ငန်းစာအုပ်မိတ်ဆက်ခြင်းနှင့် လေ့လာခြင်းတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။ အဆိုပါ နည်းပြသင်တန်းသို့ သင်တန်းသား သင်တန်းသူ(၆၃) ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ စက်တင်ဘာ (၂၇)ရက်နေ့မှ အောက်တိုဘာ(၃)ရက်နေ့အထိ (၇)ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment