Saturday, September 30, 2017

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အုပ်ချုပ်မှုသင်တန်းကျောင်း သင်တန်းသို့သွားရောက်






ရန်ကုန် ၂၀၁၇ စက်တင်ဘာ ၃၀

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂ္လာဒုံမြို့နယ် ထောက်ကြံ့အုပ်ချုပ်မှုသင်တန်းကျောင်း၌ ဖွင့်လှစ်ကျင်းပသည့် ကျောင်းစီမံခန့်ခွဲအုပ်ချုပ်မှုသင်တန်းအမှတ်စဉ် (၇/၂၀၁၇)သို့ သွားရောက်သည်။ သင်တန်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေး ကဏ္ဍဍပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းအပ်နှံရေး ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် မသန်စွမ်းကလေးများအား ခွဲခြားမှုမရှိဘဲ ကျောင်းအပ်လက်ခံနိုင်ရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျောင်းထွက်သူ ပပျောက်ရေးနှင့် ကျောင်းသား ကျောင်းသူများ အမှန်တကယ် သင်ယူတတ် မြောက်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးအရည်အသွေး မြှင့်တင်နိုင်ရန်အတွက် သင်ရိုး ညွှန်းတမ်းများ အဆင့်မြှင့်တင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူများအား စာဖတ်စွမ်းရည် ပိုမိုကောင်းမွန်လာစေရန် စာဖတ်ပြိုင်ပွဲများ ကျင်းပပေးရန် လိုအပ်ပါကြောင်း၊ သင်ကြားသင်ယူမှု ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအားလုံး စာရေးခြင်း၊ စာဖတ်ခြင်းနှင့် အတွက်အချက်များကို သင်ယူတတ်မြောက်ပါက အနာဂတ်ကောင်းများကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအား အင်္ဂ္လိပ်စာအရည်အသွေးနှင့် အိုင်စီတီဘာသာရပ်များ ကောင်းမွန်စေရန်အတွက် မွမ်းမံသင်တန်းများပေးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား မိဘများနှင့် ဆွေးနွေးမှုများပြုလုပ်ပြီး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် သင်တန်းသို့တက်ရောက်လာကြသည့် သင်တန်းသားတစ်ဦးက သိရှိလိုသည်များကို မေးမြန်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကျောင်းအုပ်ဆရာ ဆရာမ သင်တန်းသား သင်တန်းသူ (၂၀ဝ) ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ စက်တင်ဘာ(၁၄)ရက်မှ အောက်တိုဘာလ(၃) ရက်နေ့အထိ ဖွင့်လှစ်လျက်ပို့ချလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment