Wednesday, September 27, 2017

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမြင်အာရုံ အားနည်းသော ကျောင်းသား၊ ကျောင်းသူများနှင့် အကြားအာရုံ အားနည်းသော ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်






















ရန်ကုန် ၂၀၁၇ စက်တင်ဘာ ၁၅

အမြင်အာရုံအားနည်းသော ကျောင်းသား ကျောင်းသူများနှင့် အကြားအာရုံအားနည်းသော ကျောင်း သား ကျောင်းသူများအား ကူဘိုတာမှလှူဒါန်းသော ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ လှူဒါန်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း(ဒဂုံ)၌ ကျင်းပသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာ ပညာရေး ဝန်ကြီးဌာနအနေဖြင့် ယမန်နှစ်ကလည်း ကျောပိုးအိတ်နှင့် ဗလာစာအုပ်များကို လှူဒါန်းခဲ့ပါကြောင်း၊ ပညာသင် ထောက်ပံ့ကြေးများကို မူလတန်းပညာသင်ယူသူများအတွက် တစ်လလျှင် ၅ ထောင်ကျပ်၊ ၁၀ လအတွက် ၅ သောင်းကျပ်၊ အလယ်တန်း ပညာ ပညာသင်ယူသူများအတွက် တစ်လလျှင် ၈ ထောင်ကျပ်၊ ၁၀ လအတွက် ၈ သောင်းကျပ်နှင့် အထက်တန်းပညာ သင်ယူသူများအတွက် တစ်လလျှင် ၁ သောင်းကျပ်နှင့် ၁၀ လအတွက် ၁ သိန်းကျပ်ကို ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ Grade-11 ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ရန် ကြိုးစားကြမည်ဟု ယုံကြည်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျာင်းသား ကျောင်းသူများ စာလိုက် နိုင်စေရန် ရန်ကုန်တက္ကသိုလ်မှ ဆရာ ဆရာမများနှင့်ပူးပေါင်း၍ဆောင် ရွက်ကြစေလိုကြောင်း၊ အမြင်အာရုံနှင့် အကြားအာရုံ အားနည်းသော တက္ကသိုလ်ကျောင်းသားကျောင်းသူများအနေဖြင့် တက္ကသိုလ်ပညာရပ် များကို လည်း ဆက်လက်သင်ယူနိုင်ရန် ပညာသင်စရိတ် ၁ လလျှင် ၃ သောင်းကျပ် ထောက်ပံ့ပေးလျက်ရှိသဖြင့် အမြင်အာရုံနှင့် အကြားအာရုံ အားနည်းသော ကျောင်းသား ကျောင်းသူများအနေဖြင့် ဆက်လက်ပညာသင်ယူကြရန် တိုက်တွန်းပြောကြားလိုကြောင်းနှင့် ကိုယ်ဝါသနာပါသည့် ပညာရပ်များကို ဆက်လက်ပညာသင်ကြားနိုင်စေရန် မိဘများနှင့် အားလုံးကဝိုင်းဝန်းကူညီ ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်း(ဒဂုံ)မှ ကျောင်းသား ကျောင်းသူ (၁၇)ဦး၊ မေရီချက်ပ်မင်း နားမကြားကျောင်းရှိ ကျောင်းသား ကျောင်း သူ ၃၄၄ ဦးနှင့် အကြားအာရုံအားနည်းသော ကျောင်းသား ကျောင်းသူများအား ထောက်ပံ့ငွေနှင့်ထောက်ပံ့ ပစ္စည်းများပေးအပ်ကြရာ ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် အကြားအာရုံအားနည်းသော ကျောင်းသား ကျောင်းသူများက တေးရေးဆရာ သောမတ်စ် ရေးစပ်သီကုံးသော "နားကြားစေသော မျက်လုံး"သီချင်းဖြင့် သရုပ်ပြဖျော်ဖြေခဲ့ကြောင်း သိရသည်။ အလားတူ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း (ကြည့်မြင်တိုင်)နှင့် မရမ်းကုန်းမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအလယ် တန်းကျောင်း(မရမ်းကုန်း)များသို့သွားရောက်ပြီး အမြင်အာရုံနှင့်အကြား အာရုံအားနည်းသော ကျောင်းသား ကျောင်းသူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

No comments:

Post a Comment