Monday, February 26, 2018

ဦးစီးအရာရှိများ စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၂/၂၀၁၈)သင်တန်းဆင်း အခမ်းအနားကျင်းပ



























ရန်ကုန် ၂၀၁၈ ဖေဖော်ဝါရီ ၂၄

ဦးစီးအရာရှိများစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၂/၂၀၁၈)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၇နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့အုပ်ချုပ်မှုသင်တန်း ကျောင်း၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာ စကားပြောကြားသည်။

အသိပညာရှင် အတတ်ပညာရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ


























ရန်ကုန်၂၀၁၈ ဖေဖော်ဝါရီ ၂၄

''လောကဥယျာဉ်မှူး" ဇာတ်ကား ဖန်တီးပုံဖော်ခဲ့ကြသည့် အသိပညာရှင် အတတ်ပညာရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပသည်။

Saturday, February 17, 2018

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မန္တလေးတက္ကသိုလ်၊ မန္တလေးပညာရေးကောလိပ်နှင့် ရွှေဘိုတက္ကသိုလ်ရှိ ပညာရေးမိသားစုများနှင့်တွေ့ဆုံ

















နေပြည်တော် ၂၀၁၈ ဖေဖော်ဝါရီ ၁၆

အရည်အသွေးရှိသော ပညာရေးစနစ်ကို အရည်အသွေးရှိသော ဆရာဆရာမများဖြင့် ညီညီညွတ်ညွတ် တာဝန်ယူတာဝန်ခံ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း တစ်ဦးချင်း တက္ကသိုလ် တစ်ခုချင်းသီးခြားမနေဘဲ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍများ၊ ပြည်တွင်းပြည်ပ တက္ကသိုလ်များအချင်းချင်း ချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဘာသာရပ်ဆိုင်ရာ ဆရာဆရာမများအနေဖြင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများအား အလွတ်ကျက်မှတ်မှုကို အားမပေးဘဲ စဉ်းစားတွေးခေါ်မှုကို အားပေးသည့် Deep Learning ဖြင့်သင်ကြားသင်ယူနိုင်ရန်အတွက် အင်္ဂလိပ်စာ ကျွမ်းကျင်မှုနှင့် ICT ကျွမ်းကျင်မှု မြှင့်တင်ခြင်းများ၊ စာများများဖတ်၍ အကျိုးရှိထိရောက်သော သုတေသနလုပ်ငန်းများပြုလုပ်ခြင်း သုတေသနစာတမ်းများ ရေးသားခြင်းကို ဆောင်ရွက်နေကြရမည် ဖြစ်ပါကြောင်း၊ ဒေသလိုအပ်ချက် လုပ်သားဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီရန်နှင့် အရည်အသွေးရှိပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဘွဲ့ရလူငယ်မောင်မယ်များ ဖြစ်ပေါ်လာအောင် သင်ကြားလေ့ကျင့်ပေးကြရမည် ဖြစ်ပါကြောင်းနှင့် နေရာတိုင်း လုပ်ငန်းတိုင်းတွင် အခက်အခဲ၊ ပြဿနာ၊ မပြည့်စုံမှုနှင့် စိန်ခေါ်မှုများရှိနေသဖြင့် ညီညီညွတ်ညွတ် ပူးပေါင်း‌သည်းခံ၍ ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားကာ အောင်မြင်အောင် ဆောင်ရွက်ကြရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၁၆-၂-၂၀၁၈ ရက်နေ့တွင် မန္တလေးတက္ကသိုလ် အင်းဝခန်းမ၌ကျင်းပသော မန္တလေးတိုင်းဒေသကြီး ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများနှင့် ပညာရေးဌာန အရာထမ်း အမှုထမ်းများ၊ ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ တွေ့ဆုံပွဲတွင် တိုက်တွန်းမှာကြားသည်။