Monday, February 26, 2018

ဦးစီးအရာရှိများ စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၂/၂၀၁၈)သင်တန်းဆင်း အခမ်းအနားကျင်းပ



























ရန်ကုန် ၂၀၁၈ ဖေဖော်ဝါရီ ၂၄

ဦးစီးအရာရှိများစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၂/၂၀၁၈)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၇နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့အုပ်ချုပ်မှုသင်တန်း ကျောင်း၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာ စကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြား ရာတွင် ပညာရေး ၀န်ကြီးဌာနအနေဖြင့် ကျောင်းထွက်နှုန်းလျော့ကျရေးနှင့် ကလေးတိုင်း သင်ယူတတ်မြောက်မှုရှိရေးကို အလေးထားဆောင်ရွက် လျက်ရှိပါကြောင်း၊ မူလတန်းတွင် အတွေ့အကြုံရင့်ကျက်သည့် ဆရာ ဆရာမ များမှသင်ကြားပေးရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအတွက် သင်ကြားနည်း စနစ်များ စာမေးပွဲ နည်းစနစ်များဆိုင်ရာသင်တန်း များများပေး ရန်လိုအပ်ပါကြောင်း၊ အလုပ်အကိုင်ကို ဦးတည်သည့် သင် ကြားသင်ယူမှု များဖြစ်ရန်နှင့် အလုပ်အကိုင်ကောင်းကောင်းရရန်အတွက် Height Level Skill ရှိရန် ပညာရေးသည် အရေးကြီးပါကြောင်း၊ ပညာရေးသည် လူတစ်ဦး ချင်းစီ၏ ဝင်ငွေတိုးပွားရေး၊ ကျန်းမာ သန်စွမ်းရေး၊ အနာဂတ် လှပရေး၊ ငြိမ်းချမ်းရေး၊ ကျား/ မတန်းတူ ညီမျှရေးတို့အတွက် ပညာရေးသည် အဓိကကျပါကြောင်း၊ ထို့ပြင် ဖြည့်ဆည်းပေးသည့် သင်ကြားသင်ယူမှုများကို ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေရေး၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားဘဲ မည်သည့် ခွဲခြားမှုမျှမရှိရေး၊ ကျောင်းသား ကျောင်းသူအားလုံး အသက်မှန် အတန်း မှန်ဖြင့် သင်ယူတတ်မြောက်မှုအရည်အသွေး ကောင်းမွန်ရန် လိုအပ် ပါကြောင်း၊ လူသားကောင်းများ ဖြစ်စေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက် တတ်သူများဖြစ်စေရန်၊ တာဝန်ယူ တာဝန်ခံဆောင် ရွက်တတ် စေရန်၊ တီထွင်ဆန်းသစ်နိုင်စွမ်းရှိသူများဖြစ်လာစေရန် ပြုစုပျိုးထောင်သင်ကြား သင်ယူလေ့ကျင့်ပေးရ မည်ဖြစ်ပါကြောင်း၊ အခြေခံပညာ သင်ယူပြီးမြောက်ရေး ကျောင်းသား ကျောင်းသူအားလုံး အိမ်စာ မှန်မှန် လုပ်ရေး၊ စာဖတ်ရေး၊ သင်ကြားသင်ယူမှုတွင် ဆွေးနွေးရေး၊ ကျောင်းသား ကျောင်းသူများ အားလုံး သန့်ရှင်းရေး၊ အားကစား၊ အနုပညာ၊ ဂီတ၊ ပန်းချီ၊ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးများတွင် ပါဝင် ဆောင်ရွက်ရေး၊ စာကြည့်တိုက် များတွင် စာအုပ်များ ဖြည့်ဆည်းဆောင်ရွက်ရေး၊ စာမေးပွဲမေးခွန်းများ ပြုစုရာတွင် မှန်ကန်မှုရှိ၍ အမှားလုံးဝမပါရေး အထူးအလေးထားဆောင် ရွက်ရန်၊ လုံးဝမပေါက်ကြားရန် အဖြေလွှာစာအုပ်များ မပျက်စီး မပျောက် ပျက် မဆုံးရှုံးရန် နှင့် ရှိ၊ ဖြေ၊ ပျက်စာရင်းများနှင့် ကိုက်ညီရန်၊ အမှတ်ပေး စည်းမျဉ်းနှင့် စဉ်းစားတွေးခေါ်မှုကို အားပေးဆောင်ရွက်ရန်၊ စီမံဘဏ္ဍာ ဆိုင်ရာလုပ်ငန်း တီထွင်ဆန်းသစ်သော စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ပညာရပ်ဆိုင်ရာများကို အဆင့်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများကို ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း များနှင့်အညီ အကျိုးရှိထိရောက် ပွင့်လင်းမြင်သာအောင် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်းဖြင့်ပြော ကြားသည်။ ထို့နောက် သင်တန်းသို့တက်ရောက်လာကြသည့် သင်တန်းသားတစ်ဦးက မြို့နယ်ရုံးများတွင် စာရေးဝန်ထမ်းများ ကွန်ပျူတာတတ်ကျွမ်းရေး သင်တန်းများပေးရန်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး များမှဆောင်ရွက်သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းသား သင်တန်းသူများအား တိုင်းဒေသကြီးနှင့် ခရိုင်မြို့နယ်များအလိုက် သင်တန်းဆင်း လက်မှတ်များ ပေးအပ်သည်။ အဆိုပါ သင်တန်းသို့ တိုင်းဒေသကြီးနှင့် ခရိုင်မြို့နယ်အသီးသီးမှ သင်တန်း သား သင်တန်းသူ (၁၆၀)ဦးတက်ရောက်လျက်ရှိပြီး ဖေဖော်ဝါရီ (၄)ရက်မှ ဖေဖော်ဝါရီ(၂၄)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment