Wednesday, January 2, 2019

၂၀၁၈-၂၀၁၉ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်) ဆုချီးမြှင့်ပွဲကျင်းပ



















နေပြည်တော် ၂၀၁၈ ဒီဇင်ဘာ ၂၉


ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းနှင့် အလယ်တန်းဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်)ဆုချီးမြှင့်ပွဲကို ၂၈-၁၂-၂၀၁၈ရက်နေ့ညနေ ၃နာရီတွင် နေပြည်တော်၊ အမှတ်(၆)အခြေခံ ပညာအထက်တန်းကျောင်းရှိသီရိမင်္ဂလာခန်းမ၌ကျင်းပသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင်အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ပညာရေးဝန်ကြီးဌာန၏ဆောင်ပုဒ်နှင့်အညီမည်သူတစ်ဦးတစ်ယောက်ကိုမျှ ခွဲခြားမှုမရှိ၊ ဘက်လိုက်မှုမရှိ၊ တရားမျှတစွာယှဉ်ပြိုင်သည်ကိုတွေ့ရှိရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာမှာရှိသည့်သုတ စာအုပ်များ၊ ရသစာအုပ်များကို လေ့လာနိုင်ရန်၊ ဝါသနာပါသည့် သိပ္ပံဘာသာရပ်များလေ့လာသင်ယူ နိုင်ရန်အတွက် အင်္ဂလိပ်စာအရည်အသွေးမြင့်မားရန် လိုအပ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ၏ အင်္ဂလိပ်စာအရည်အသွေးမြင့်မားရန်အတွက် ပြုစုပျိုးထောင်သည့်ဆရာဆရာမများ၏ English Language Proficiencyကောင်းရန် အရေးကြီးပါကြောင်း။ သိပ္ပံဘာသာရပ်များ၊ နည်းပညာဘာသာရပ်များ၊ အင်ဂျင်နီယာဘာသာရပ်များကိုလေ့လာရန်အတွက် သင်္ချာဘာသာရပ် အခြေခံကောင်းမွန်ရန်လိုအပ်ပါကြောင်း၊ သင်္ချာစွမ်းရည်မြင့်မားမှသာနိုင်ငံတကာမှာ International Mathematical Olanpic(IMO)ပြိုင်ပွဲတွေကိုဝင်ရောက်ယှဉ်ပြိုင်နိုင်စွမ်းရှိမှာဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် (IMO) ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှကျောင်းသားကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ရာ ပထမအကြိမ်တွင်(၉၆)၊ ဒုတိယအကြိမ်တွင်(၉၉)ရရှိခဲ့ပြီး ဒီနှစ် ၂၀၁၈ခုနှစ် နိုင်ငံတကာအဆင့်တွင်(၈၅) ရရှိအောင် ဆရာဆရာမများ၏သင်ကြား လေ့ကျင့် ကြီးကြပ်ပေးမှုကြောင့် ကျောင်းသား ကျောင်းသူများက စွမ်းဆောင်ရည်ကောင်းမွန်စွာ ယှဉ်ပြိုင်နိုင်သည်ကို တွေ့ရှိရပါကြောင်း စသည်ဖြင့်ပြောကြားသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဋ္ဌမတန်းမှ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ မောင်တည်တံ့၊ ဒုတိယဆုရရှိသူ မမေမြတ်နိုးဇင်၊ တတိယဆုရရှိသူ မထက်ထက်ဇော်မြင့်တို့အားလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ မောင်နေစိုးလွင်၊ ဒုတိယဆုရရှိသူ မဟန်နီလင်း၊ တတိယဆုရရှိသူ မနှင်းသီရိဝေတို့အားလည်းကောင်း၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက သတ္တမတန်းမှ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ မောင်ထိန်လင်း၊ ဒုတိယဆုရရှိသူ မောင်လေးမာန်ခန့်၊ တတိယဆုရရှိသူ မကြယ်စင်ရဲထွဋ်တို့အားလည်းကောင်း၊ သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ မဖြူသန့်စင်၊ ဒုတိယဆုရရှိသူ မောင်ကောင်းထက်နောင်၊ တတိယဆုရရှိသူ မသွန်းနဒီဦးတို့အားလည်းကောင်း၊ ဆဋ္ဌမတန်းမှ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ မအေးမြတ်ကြည်ဖြူ၊ ဒုတိယဆုရရှိသူ မောင်ညီဟိန်းဇော်၊ တတိယဆုရရှိသူ မမေမြတ်နိုးခေတ်တို့အားလည်းကောင်း၊ သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ မောင်မင်းလျမွန်၊ ဒုတိယဆုရရှိသူ မမေမျက်ခြယ်၊ တတိယဆုရရှိသူ မောင်စိုးသွေးကိုတို့အားလည်းကောင်း၊ ပဉ္စမတန်းမှ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ မောင်စိုင်းခေးသျှံ၊ ဒုတိယဆုရရှိသူ မနှင်းယမုံဦး၊ တတိယဆုရရှိသူ မောင်နေထက်သာတို့အားလည်းကောင်း၊ သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ မောင်ဉာဏ်လင်းထူး၊ ဒုတိယဆုရရှိသူ မောင်ဇေလင်းထက်၊ တတိယဆုရရှိသူ မဖြိုးအိမွန်တို့ အားလည်းကောင်း၊ စတုတ္ထတန်းမှ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ မဆုလင်းထက်၊ ဒုတိယဆုရရှိသူ မစိုးယုခိုင်၊ တတိယဆုရရှိသူ ဆောင်းမြူနှင်းအိမ်တို့အားလည်းကောင်း၊ သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ မစုရတနာထွန်း၊ ဒုတိယဆုရရှိသူ မောင်အောင်ဘုန်းခန့်၊ တတိယဆုရရှိသူ မောင်ကောင်းမွန်ဆက်တို့အား လည်းကောင်း ဆုများအသီးသီးချီးမြှင့်ကြသည်။ ထို့နောက် အကဲဖြတ်စစ်ဆေးခြင်းများတွင် ကူညီဆောင်ရွက်ပေးသောတက္ကသိုလ်များမှတာဝန်ရှိ သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်း/ခရိုင် ပညာရေးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များနှင့်တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများ၊ ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများနှင့်မိဘများတက်ရောက်ကြကြောင်းသတင်းရရှိပါသည်။

No comments:

Post a Comment