ရန်ကုန် ၂၀၁၈ ဒီဇင်ဘာ ၃၀
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် ၉နာရီခွဲတွင် ရန်ကုန်မြို့ အနောက်ပိုင်းတက္ကသိုလ် အစည်းအဝေးခန်းမ၌ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေးရာတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်းနှင့် ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမများက သုံးထပ်စာသင်ဆောင် ဆောက်လုပ်ရေး၊ (၈)ခန်းတွဲ ၂ထပ် ဝန်ထမ်း အိမ်ရာ (၄)ခန်းတွဲ (၂)ထပ် အရာထမ်းအိမ်ရာဆောက်လုပ်ရေး၊ ဘောလုံးကွင်း ပွဲကြည့်စင်ဆောက်လုပ်ရေး၊ ဆရာ ဆရာမ လိုအပ်ချက် ဖြည့်ဆည်းရေး၊ စာကြည့်တိုက်အသုံးပြုမှုများ၊ သုတေသနစာတမ်းရေးသားမှုများ၊ ဝန်ထမ်းလိုအပ်ချက်များ၊ အဝေးသင် စာပေးစာယူသင်တန်း ဆောင်ရွက်ထားရှိမှုများ၊ စက်ပစ္စည်းလိုအပ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ရှိ ဆရာ ဆရာမ၀န်ထမ်းအင်အား စာရင်း၊ တက်ရောက်လျက်ရှိသည့် ကျောင်းသား ကျောင်းသူ အင်အားစာရင်းများ ပြုစုတင်ပြရန်၊ စာမေးပွဲအောင်ချက်ရာခိုင်နှုန်းများ၊ ဘွဲ့ရကျောင်းသားဦးရေစာရင်းများ ပြုစုတင်ပြရန်၊ တက္ကသိုလ်များတွင် သင်ကြားသင်ယူမှု အရည်အသွေးကောင်းရန်၊ တက္ကသိုလ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ရန်၊ သုတေသနဂျာနယ်များတွင် သုတေသနစာတမ်းများ ဖတ်ကြားရန်၊ သုတေသနစာတမ်းများအား စာရင်းပြုစုရန်၊ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ၊ စာကြည့်တိုက်များဖြည့်ဆည်း၍ အသုံးပြုမှုများ မှတ်တမ်းထားရှိရန်၊ အားကစားပြိုင်ပွဲများ ကျင်းပဆောင်ရွက်ရန်၊ တက္ကသိုလ်များ၏ ကိုယ်ပိုင် domain နှင့် website များထားရှိရန်၊ ဆရာသမဂ္ဂ၊ ကျောင်းသားသမဂ္ဂနှင့် တက္ကသိုလ်ကောင်စီဖွဲ့စည်းရန် ကိစ္စရပ်များ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်နှင့် ရေတိုရေရှည် စီမံချက်စာရင်းများ ပြုစုတင်ပြရန်၊ လစာအသုံးစရိတ်များ၊ တည်ဆောက်ရေး အသုံးစရိတ်များနှင့် ခွင့်ပြုဘဏ္ဍာငွေများအား ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ ထိရောက်ပွင့်လင်းမြင်သာစွာ သုံးစွဲရန်နှင့် ဆရာသမဂ္ဂ၊ ကျောင်းသားသမဂ္ဂများနှင့် အတူတကွပူးပေါင်းလက်တွဲ ဆောင်ရွက်၍ တက္ကသိုလ်၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြေရှင်းတတ်စေရန်ကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးမှာကြားခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ် နည်းပညာတက္ကသိုလ်(မှော်ဘီ)သို့ ရောက်ရှိကြပြီး စာသင်ဆောင်များအား ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment