Friday, March 2, 2018

စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ






နေပြည်တော် ၂၀၁၇ ဖေဖော်ဝါရီ ၂၇

ပညာရေးဝန်ကြီးဌာနနှင့် ဒိန်းမတ်နိုင်ငံတို့ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စွမ်းရည်ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်းဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၁) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးစီမံကိန်း အောင်မြင်စေရန် အရေးကြီးသည့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် ပညာရေးစနစ်ခိုင်မာ အားကောင်းစေရေးကို အဓိကထားဆောင်ရွက်နေပါကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရာတွင် စွမ်းဆောင်ရည် ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ လက်ရှိပညာရေးဝန်ထမ်းများနှင့် ဝန်ထမ်းအသစ်များကို ကျွမ်းကျင်မှုသင်တန်းများပေးရန်၊ စွမ်းရည်ဖွံ့ဖြိုးမှုစီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ပေးရန် ညှိနှိုင်းအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် အကျိုးရှိ ထိရောက်သော ပညာရေးပြုပြင်ပြောင်းလဲမှုများကို ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှု ပိုမိုအား ကောင်းစေရန် (၆) ကြိမ်မြောက် ပညာရေးနှင့်အသက်မွေးဝမ်းကျောင်းကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့နှင့် အစည်းအဝေးကို ကျင်းပပြီးဖြစ်ပါကြောင်း ပြောကြားသည်။ အဆိုပါ စွမ်းရည်ဖွံ့ဖြိုးမှုစီမံခန့်ခွဲ့မှုဆိုင်ရာ အစီအစဉ်ဖြစ်သော  အမျိုးသားမဟာဗျူဟာ ပညာရေးအစီအစဉ်ကို ဆောင်ရွက်ရာတွင် ဗျူဟာမြောက် လေ့လာဆန်းစစ်နိုင်ရန်အတွက် အဆင့်မြင့် အရာရှိကြီးများ၏ အရည်အသွေးကို မြှင့်တင်ပေးနိုင်ရန်၊ ပညာရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုစနစ်နှင့် အစီအစဉ်များကို ခိုင်မာအားကောင်းစေရန်၊ အမျိုးသားမဟာဗျူဟာ ပညာရေးအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထိရောက်အကျိုးရှိစေရန် မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ရှိ ပညာရေးဝန်ထမ်းများ၏ အရည်အသွေးကို ဖြည့်ဆည်းမြှင့်တင်နိုင်ရန်စသည့် အစီအစဉ်များ ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍများဖြစ်သည့် အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေး၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး၊ ကျောင်းပြင်ပပညာရေး စသည်တို့တွင် တိုးတက်စေရန် စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ အကူအညီများစွာပေးမည်ဖြစ်ကြောင်း၊ Critical Thinking Seminars  များနှင့် ပညာရေးစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ  လေ့ကျင့်ပေးရေး  နှင့် မဟာဘွဲ့ (ပညာရေးစီမံခန့်ခွဲမှု)များကို ပညာသင်စေလွှတ်ရေးကိစ္စရပ်များ ဆွေးနွေးကြသည်။ အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Peter Lysholt Hansen နှင့်တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။


No comments:

Post a Comment