Sunday, March 4, 2018

၂၀၁၈ခုနှစ်ရှမ်းပြည်နယ်(အရှေ့ပိုင်း) အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အောင်မြင်ခြင်း ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ






















နေပြည်တော် ၂၀၁၈ ဖေဖော်ဝါရီ ၂၈

၂၀၁၈ခုနှစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အောင်မြင်ခြင်း ဂုဏ်ပြုပွဲအခမ်းအနားကို (၂၈ ၂ ၂၀၁၈ )ရက်နေ့ နေ့လယ်(၁း၃၀)နာရီ တွင် ကျိုင်းတုံတက္ကသိုလ် ခေမရဋ္ဌ်ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း တက်ရောက်ဂုဏ်ပြုအမှာစကားပြောကြားသည်။
ဒုတိယဝန်ကြီးက ပြောကြားရာတွင် ကျောင်းပြင်ပ ပညာရေး၏လုပ်ငန်းစဉ် တစ်ခုအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေဖူးသူများနှင့် ကျောင်းနေ အရွယ်လွန်သူများအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း၊ စဉ်ဆက်ပညာရေး လုပ်ငန်း အစီအစဉ်များကို တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း ပညာရေးဝန်ကြီးဌာန အနေဖြင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့နှင့်ပူးပေါင်းကာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်နှင့် မိုင်းဖြတ်ခရိုင် အတွင်းရှိ မြို့နယ်(၇)မြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုကို ၂၀၁၈ခုနှစ် ဇန်နဝါရီလ (၂၀)ရက်မှ ဖေဖော်ဝါရီလ(၂၈)ရက်နေ့အထိ ရက်ပေါင်း(၄၀) ကြာ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း (၁)ရက်တွင် ပျမ်းမျှသင်ယူချိန် (၃)နာရီနှုန်းဖြင့် ဒေသခံလုပ်အားပေးများ အခြေခံပညာဦးစီးဌာနမှ ဆရာဆရာမများ၏ စေတနာလုပ်အားများဖြင့် စာသင်ဝိုင်း (၁၉၄)ဝိုင်းဖွဲ့သင်ကြားခဲ့ရာ လုပ်ငန်းစတင်ချိန် တွင် စာသင်သား(၂၁၈၀)ဦးသာရှိခဲ့သော်လည်း ရက်သတ္တတစ်ပတ်အတွင်း (၂၆၈၂)ဦးအထိ လာရောက်သင်ကြားခဲ့သည့်အတွက် စာတတ်မြောက်လိုသော ဒေသခံပြည်သူများ၏ စိတ်ပါဝင်စားမှုကို ထင်ထင်ရှားရှား တွေ့မြင်ရပါကြောင်း အခြေခံစာတတ်မြောက်ရေး ကာလအတွင်း သင်ကြားသင်ယူတတ်မြောက်ပြီးဖြစ်သော အခြေခံ အရေးအဖတ် အတွက်မှစတင်၍ စာပေများမှရရှိသော အသိပညာ ဗဟုသုတများကတစ်ဆင့် မိမိတို့၏ဘဝလူနေမှု အဆင့်အတန်း မြှင့်တင်နိုင်ခြင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အပံ့ဖြစ်ခြင်းများကို ရရှိစေမှာ ဖြစ်ပါကြောင်း ၂၀၁၈ခုနှစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အခြေခံစာတတ် မြောက်ရေး လုပ်ငန်း အောင်မြင်ပြီးမြောက်ဖို့အတွက် အဖက်ဖက်က ကူညီပံ့ပိုးပေးကြပါသော ပြည်နယ်အစိုးရအဖွဲ့နှင့်ဒေသ အာဏာပိုင်အဖွဲ့အစည်းများ အခြေခံစာတတ်မြောက်ရေး ကော်မတီ အဆင့်ဆင့်မှတာဝန်ရှိသူများ အထူးသဖြင့် လုပ်အားဒါနပြုကြသော ဒေသခံလုပ်အားပေးများ ဆရာဆရာများ အားလုံးကို ပညာရေးဝန်ကြီးဌာနမှ အထူးကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့်ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ယင်းနောက် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ အခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးအာဗေလှ အမှတ်(၁၁)တပ်မတော်တန်းမြှင့် လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်လှမျိုးတို့က ရှမ်းပြည်နယ် (အရှေ့ပိုင်း) အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် စေတနာဖြင့်လုပ်အားပေး ဆောင်ရွက်ခဲ့ကြသည့်ကြီးကြပ်သူများ ဒေသန္တရလုပ်အားပေး နည်းပြများအတွက် ဂုဏ်ပြုမှတ် တမ်းလွှာ များ ကို မြို့နယ်ကိုယ်စားလှယ်များထံပေးအပ်၍ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကြသည်။ ထို့နောက် ဒေသခံစာသင်သားပြည်သူတစ်ဦးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။ ယင်းနောက် အခြေခံစာတတ်မြောက်ရေး ကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက ကျေးဇူးတင် ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ယနေ့အခမ်းအနားသို့ အခြေခံစာတတ်မြောက်ရေး ကြီးကြပ်မှုဗဟိုကော်မတီ နာယက ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ တပ်မတော် အရာရှိကြီးများ အမျိုးသားပညာရေး အဆင့်အတန်းနှင့်အရည်အသွေးအာမခံမှု ကော်မတီအဖွဲ့ဝင်များ၊ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ပါမောက္ခချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ ပြည်နယ် ခရိုင် မြို့နယ်ပညာရေးမှူးများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ အစိုးရမဟုတ်သောအဖွဲ့ အစည်းများ လူမှုရေးအဖွဲ့အစည်းများမှဖိတ်ကြားထားသူများ လုပ်အားပေးဆောင်ရွက်ခဲ့ကြသည့် ဒေသခံပြည်သူများ ဆရာဆရာမများနှင့် ပညာရေးမိသားစုများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment