Friday, November 30, 2018

အဆင့်မြင့်ပညာရေးဆိုင်ရာလုပ်ငန်းများညှိနှိုင်းဆွေးနွေးပွဲကျင်းပ

























နေပြည်တော် ၂၀၁၈ နိုဝင်ဘာ ၂၃

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်နေ့ နံနက် (၁၀) နာရီတွင် ပညာရေးဝန်ကြီးဌာနရုံးအမှတ် (၂၁) အစည်းအဝေးခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယ၀န်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်မှ တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များကော်မတီမှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

အမျိုးသားစံချိန်စံညွှန်းကောင်စီ(၁/၂၀၁၈)အစည်းအဝေးကျင်းပ































နေပြည်တော် ၂၀၁၈ နိုဝင်ဘာ ၂၇

အမျိုးသားစံချိန်စံညွှန်းကောင်စီ(၁/၂၀၁၈)အစည်းအေ၀းကို ၂၇-၁၁-၂၀၁၈ ရက်နေ့ နံနက် ၁ဝ:၃၀နာရီတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသောကော်မတီဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။