Thursday, February 14, 2019

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အခြေခံပညာ အထက်တန်းအဆင့် သင်ရိုးညွှန်းတမ်းအညွှန်းဘောင်နှင့် စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်

ရန်ကုန် ၂၀၁၉ ဖေဖော်ဝါရီ ၎

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် သထုံလမ်းရှိ ပါမောက္ခချုပ်များကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပသည့် အခြေခံပညာ အထက်တန်းအဆင့် သင်ရိုးညွှန်းတမ်း အညွှန်းဘောင်နှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်သည်။ ဆွေးနွေးပွဲသို့ အမျိုးသားပညာရေး မူဝါဒကော်မရှင် အဖွဲ့ဝင်များ၊ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ် သင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အခြေခံပညာ အထက်တန်းအဆင့် သင်ရိုးညွှန်းတမ်းအညွှန်းဘောင်နှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။


















No comments:

Post a Comment