ရန်ကုန် ၂၀၁၉ ဇန်နဝါရီလ ၂၅ ရက်
ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမျိုးသိမ်းကြီးသည် အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (တာဝန်) ဦးကိုလေးဝင်း၊ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်း၊ အဆင့်မြင့်ပညာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမေစန်းရီ၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာကျော်နိုင်၊ မြန်မာနိုင်ငံ DFID Office မှ ပညာရေး အကြံပေးပုဂ္ဂိုလ်များဖြစ်သော Ms Laura Brannely၊ ဒေါက်တာ ခိုင်ဖြူထွဋ်၊ British Council Myanmar Office မှ ပညာရေးအစီအစဉ် မန်နေဂျာ ဒေါ်သင်းသွယ်နု၊ Country Director, Dr Richard Sunderland၊ Education Director, Ms Rebecca Picton တို့ အတူလိုက်ပါလျက် အဖွဲ့ဝင် (၁၀) ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် United Kingdom နိုင်ငံ၊ လန်ဒန်မြို့သို့ The Education World Forum တက်ရောက်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှ ၁၉-၁-၂၀၁၉ နေ့တွင် Thai Airways International ဖြင့်ထွက်ခွာခဲ့ရာ လန်ဒန်မြို့သို့ ၁၉-၁-၂၀၁၉ နေ့ ည ၁၉:၃၅ တွင် ရောက်ရှိခဲ့သည်။
၂၀-၁-၂၀၁၉ နေ့ နံနက် ၁၀:ဝ၀ အချိန်တွင် လန်ဒန်မြို့ မြန်မာနိုင်ငံ သံရုံးတွင် ယူကေနိုင်ငံ၌ ပညာသင်ယူနေကြသည့် ဝန်ထမ်းပညာသင်များ၊ ပြင်ပမှလူငယ်ပညာသင်များ၊ သံအမတ်ကြီးနှင့် သံရုံး ဝန်ထမ်းများနှင့်တွေ့ဆုံကာ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသော ပညာရေးပြုပြင်ပြောင်းလဲမှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ နိုင်ငံ၏ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လူငယ်များ၏ အခန်းကဏ္ဍအရေးပါသဖြင့် မြန်မာနိုင်ငံသို့ပြန်လည် လာရောက်တာဝန်ထမ်းဆောင်ရန် လိုအပ်ကြောင်းနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် ပညာသင်များက သိလိုသည်များကို မေးမြန်းဆွေးနွေးခြင်းတို့ကို ရင်းနှီးပွင့်လင်းစွာ ဆောင်ရွက်ခဲ့ကြသည်။ ၂၁-၁-၂၀၁၉ နေ့ နံနက် ဝ၈:ဝ၀ အချိန်တွင် ပြည်ထောင်စုဝန်ကြီးသည် ယူကေပညာရေးဝန်ကြီးဌာန မှ Parliamentary Under Secretary of State for Children and Family, Nadhim Zahawi MP က တည်ခင်းဧည့်ခံသော ASEAN Minister Breakfast ကို The Cinnamon Club, The Old Westminister Library တွင် ဒုတိယအမြဲတမ်းအတွင်းဝန်နှင့်အတူ တက်ရောက်ခဲ့ပြီး ဆက်လက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ Queen Elizabeth II Center တွင် ကျင်းပသော The Education World Forum သို့ တက်ရောက်ခဲ့သည်။ ဖိုရမ်တက်ရောက်နေစဉ် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် Cambridge Assessment English, Mac Graw Hill Education စသည့်တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး ညနေ ၁၈:ဝ၀ အချိန်တွင် The Rt Hon Penny Mordauant Mp, Secretary of State for International Development က Lancaster House တွင် တည်ခင်းဧည့်ခံသော EWF Official Reception သို့ တက်ရောက်ခဲ့သည်။ ၂၂-၁-၂၀၁၉ နေ့တွင် The Education World Forum ဒုတိယနေ့သို့ တက်ရောက်ခဲ့ပြီး နေ့လယ်ပိုင်း ၁၃:၃၀ အချိန်တွင် Ministerial Exchange B: Extending Teaching and Learning Opportunity ခေါင်းစဉ်ဖြင့် ပြည်ထောင်စုဝန်ကြီးက Panelist အဖြစ် ဦးဆောင်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ည ၁၉:ဝ၀ အချိန် Royal Oversea League တွင် Irrawaddy Policy Exchange က တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ တက်ရောက်ခဲ့သည်။ ၂၃-၁-၂၀၁၉ နေ့တွင် နံနက် ဝ၉:ဝ၀ အချိန်တွင် Reay Primary School သို့လည်းကောင်း၊ နေ့လယ်ပိုင်းတွင် The Open University FutureLearn သို့လည်းကောင်း သွားရောက်လေ့လာခဲ့ပြီး ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် The Open University တွင် ရန်ကုန်တက္ကသိုလ် Master Plan နှင့် စပ်လျဉ်း၍ ဆက်လက်ဆွေးနွေးကာ ညွှန်ကြားရေးမှူးချုပ်(တာဝန်) ဦးကိုလေးဝင်း၊ ဒေါက်တာမေစန်းရီ၊ ဒေါက်တာခိုင်ဖြူထွဋ်နှင့် Ms Laura တို့ပါဝင်သောအဖွဲ့က လန်ဒန်မြို့Spring Gardens ရှိ British Council ရုံးတွင် ကျင်းပသော Continuous Professional Development for Teachers ခေါင်းစဉ်ဖြင့် ဆွေးနွေးသည့် ဆွေးနွေးပွဲသို့ ယူဂန္ဓာနှင့် နိုက်ဂျီးရီးယားနိုင်ငံတို့မှ ကိုယ်စားလှယ် အဖွဲ့များနှင့်အတူ တက်ရောက်ဆွေးနွေးခဲ့သည်။ ညပိုင်း ၁၈:ဝ၀ အချိန်တွင် မြန်မာသံအမတ်ကြီးက တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲကို လန်ဒန်မြို့ရှိ Myanmar House တက်ရောက်ခဲ့သည်။ ၂၄-၁-၂၀၁၉ နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (တာဝန်) ဦးကိုလေးဝင်းနှင့်အတူ လန်ဒန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နံနက် ၁၁:၅၀ အချိန် Thai Airways International ဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ ရန်ကုန် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၂၅-၁-၂၀၁၉ နေ့ နံနက် ဝ၈:၄၅ အချိန်တွင် ပြန်လည်ရောက်ရှိခဲ့သည်။ ကျန်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၄-၁-၂၀၁၉ နေ နံနက်ပိုင်းတွင် လန်ဒန်မြို့ တွင် British Council ရုံးတွင် British Council Policy Dialogue သို့ တက်ရောက်ခဲ့ပြီး နေ့လည်ပိုင်းတွင် University College London Institute of Education သို့ သွားရောက်လေ့လာခဲ့သည်။ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ သို့ ၂၅-၁-၂၀၁၉ နေ့တွင် Thai Airways International ဖြင့် ပြန်လည်ထွက်ခွာပြီး ၂၆-၁-၂၀၁၉ နေ့တွင် ပြန်လည်ရောက်ရှိခဲ့သည်။ ပြည်ထောင်စုဝန်ကြီး၏ခရီးစဉ်တွင် The Education World Forum သို့တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ပညာရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကို အတူပူးပေါင်းဆောင်ရွက်နေသည့် British Council ၊ DFID ၊ The Open University ၊ The University College London Institute of Education ၊ The Cambridge Assessment English ၊ Mac Graw Hill Education ၊ Irrawaddy Policy Exchange စသော အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေဆုံဆွေးနွေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ခြင်း၊ မူလတန်းကျောင်းနှင့် တက္ကသိုလ်များသို့ သွားရောက်လေ့လာခွင့်ရရှိခဲ့ခြင်းကြောင့် များစွာအကျိုးရှိသော ခရီးစဉ်တစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment