Tuesday, February 25, 2020

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပညာရေးစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Education Management - DEM) တွင် သင်ခန်းစာဆွေးနွေးပို့ချ

နေပြည်တော် ၂၀၂၀ ဖေဖော်ဝါရီ ၂၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက်(၈:၃၀)နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၁၃)၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ကျင်းပသည့် ပညာရေးစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Education Management - DEM)တွင် ပညာရေးပြုပြင်ပြောင်းလဲမှု လေ့လာဆန်းစစ်ခြင်း ခေါင်းစဉ်ဖြင့် သင်ခန်းစာဆွေးနွေးပို့ချသည်။ ပညာရေးစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်းကို လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (သုတေသန)၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့နှင့် ပူးပေါင်း၍ University College London-Institute of Education (UCL-IOE)မှ နည်းပညာပံ့ပိုးမှုရယူကာ ဖွင့်လှစ်ခြင်းဖြစ်ပြီး ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ အရာထမ်းများနှင့် နေပြည်တော်ကောင်စီနယ်မြေမှ အခြေခံပညာကျောင်းအုပ်များ အပါအဝင်စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ(၅၀)ဦး တက်ရောက်လျက်ရှိကာ၂၀၁၉ခုနှစ်၊ သြဂုတ်လ မှ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလအထိ တစ်နှစ်ကြာ စာတွေ့၊ လက်တွေ့ သင်ယူရမည်ဖြစ်ကြောင်း နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်က ဒီပလိုမာဘွဲ့အပ်နှင်း ပေးအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။





No comments:

Post a Comment