နေပြည်တော် ၂၀၂၀ ဖေဖော်ဝါရီ ၂၁
School
Bus အစီး(၆၀)ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီတွင်
အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်၌ကျင်းပရာ
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာ
စကားပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ပညာရေး၀န်ကြီးဌာနနှင့် Korea International Cooperation Agency (KOICA) တို့၏ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ KOICA သည် ၂၀၁၆ခုနှစ် ဇွန်လတွင် School Bus (၄၀)စီး ကို ပညာရေးဝန်ကြီးဌာနသို့ ပထမအကြိမ်အဖြစ် လှူဒါန်းခဲ့ပါကြောင်း၊ အဆိုပါ School Bus (၄၀)စီးကို နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိနှင့် ဒက္ခိဏသီရိမြို့နယ်များရှိ အခြေခံပညာ (၁၂)ကျောင်းများတွင် ပညာသင်ကြားပေးလျက်ရှိသော ကျောင်းသားကျောင်းသူများအတွက် အသုံးပြုပြေးဆွဲလျက်ရှိပါကြောင်း။

၂၀၁၉ခုနှစျမှ
ကောငျစီနယျမွေ ပြဥျးမနား၊ လယျဝေး၊ ဥတ်တသီရိ၊ ပုဗ်ဗသီရိ၊
မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းအားလုံးအတွက် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်အလိုက် ယာဥ်အန္တရာယ်ကင်းဝေးရေး လမ်းညွှန်စာအုပ်ပြုစုခြင်းလုပ်ငန်းစဥ်တွင် ကိုရီးယားကျွမ်းကျင်သူများက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျောင်းတည်ရှိရာနေရာများတွင် Survey ဆောင်ရွက်ပြီး ယာဥ်မတော်တဆဖြစ်ပွားမှုများနှင့် ကာကွယ်တားဆီးနိုင်ခြေကို Engineering Approach, Education Approach နှင့် Regulation Approach များအရ လေ့လာဆန်းစစ်အကြံပြုခြင်း စသည်တို့ကို ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သည့်အတွက် အခြေခံပညာကျောင်းသားကျောင်းသူများအတွက် အရည်အသွေးရှိသော အခြေခံပညာရေးကို သင်ယူခွင့်ရရှိနိုင်စေရန် များစွာအထောက်အပံ့ပေးနိုင်မှာဖြစ်ပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ လမ်းညွှန်ချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ပညာရေး ဝန်ကြီးဌာန၏ ဦးစားပေးလုပ်ငန်းအစီအစဥ်(၇)ရပ် (Seven Priorities) တွင် ယာဥ်အန္တရာယ် ကင်းရေးလုပ်ငန်းစဥ်ပါဝင်သည့်အတွက် KOICA မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ပညာပေးအစီအစဥ်များသည် အခြေခံပညာကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမ များအတွက် များစွာအကျိုးရှိသည့်အတွက်ကြောင့် ယခုစီမံကိန်းကို နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၏လမ်းညွှန်ချက်နှင့်အညီ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းဝေးရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ယခုလို လှူဒါန်းပေး သည့်(KOICA)၊ အဆင်ပြေအောင် ပူးပေါင်းဆောင်ရွက်ပေးကြသည့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ကိုရီးယားနိုင်ငံသံရုံးမှ သံမတ်အကြီး နှင့်တာဝန်ရှိသူများအား အထူးကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့်ပြောကြားသည်။
ထို့နောက် KOICA Myanmar Office မှ Chief Represntative Ms. Lee Youn Soo က အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းအား လှူဒါန်းမှုမှတ်တမ်းလွှာကို လွှဲပြောင်းပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
ယင်းနောက် ကျောင်းကားများပေါ်တွင် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ စီးနင်းလိုက်ပါပုံများအား သရုပ်ပြသကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါအခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

No comments:
Post a Comment