မြန်မာနိုင်ငံ အလယ်တန်းနှင့် အထက်တန်း ပညာရေး သင်ရိုးညွှန်းတမ်း ပြုပြင် ပြောင်းလဲမှုဆိုင်ရာ ဖိုရမ် (Forum on Myanmar Secondary Education Curriculum Reform) ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး တက်ရောက် အမှာစကား ပြောကြားသည်။ ဖိုရမ်သို့ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့မှ ပညာရေးမြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌဌများနှင့် အဖွဲ့ဝင်များ၊ အမျိုးသား ပညာရေးမူဝါဒ ကော်မရှင် အဖွဲ့ဝင်များ၊ အမျိုးသား သင်ရိုးညွှန်းတမ်း ကော်မတီ ဥက္ကဋ္ဌဌနှင့် အဖွဲ့ဝင်များ၊ ဘာသာရပ် သင်ရိုးညွှန်းတမ်း ကော်မတီ ဥက္ကဋ္ဌဌများနှင့် အဖွဲ့ဝင်များ၊ သင်ရိုးညွှန်းတမ်း ရေးဆွဲပြုစုရေး အဖွဲ့ဝင်များ၊ ပြည်တွင်းပြည်ပ အတိုင်ပင်ခံ ပညာရှင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဖိုရမ်တွင် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အထောက်အထားများ၊ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အစီအစဉ်များ၊ ၂၁ ရာစု အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် သင်ရိုးညွှန်းတမ်း ကဏ္ဍဍအတွက် ပြုပြင် ပြောင်းလဲထားသော စနစ်နှင့် ပါဝင်သော အကြောင်းအရာများနှင့် ပတ်သက်သော မူဝါဒဆိုင်ရာ ကိစ္စရပ်များ၊ ၂၁ ရာစု အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် သင်ရိုးညွှန်းတမ်း ကဏ္ဍဍအတွက် ပြုပြင် ပြောင်းလဲထားသော သင်ကြားနည်းစနစ်များနှင့် ပတ်သက်သော မူဝါဒဆိုင်ရာ ကိစ္စရပ်များ၊ ၂၁ ရာစု အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် သင်ရိုးညွှန်းတမ်း ကဏ္ဍဍအတွက် ပြုပြင် ပြောင်းလဲထားသော စစ်ဆေး အကဲဖြတ်မှုများနှင့် ပတ်သက်သည့် မူဝါဒဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
Sunday, July 30, 2017
Friday, July 28, 2017
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တောင်ငူပညာရေးကောလိပ် ၂၀၁၇ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက် ၉နာရီတွင် တောင်ငူပညာရေးကောလိပ်သို့ရောက်ရှိခဲ့ပြီး တောင်ငူပညာရေးကောလိပ် ၂၀၁၇ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် သတ်မှတ်နေရာများသို့ သွားရောက်နေရာယူကြပြီး မင်္ဂ္လာအခါတော်အချိန်တွင် ပြည်ထောင်စုဝန်ကြီးက ကံ့ကော်ပင်ကို အမှတ်တရစိုက်ပျိုးပေးကာ ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များက ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ မဟော်ဂနီနှင့် ကံ့ကော်ပင်များကို စိုက်ပေးခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ငူပညာရေးကောလိပ် သင်တန်းသား သင်တန်းသူများ သစ်ပင်စိုက်ပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တောင်ငူပညာရေးကောလိပ်ခန်းမ၌ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံကာ လူသားကောင်းများဖြစ်ပေါ်လာအောင် ပြုစုပျိုးထောင်ပေးရန်၊ ပူးပေါင်းဆောင်ရွက်တတ်အောင် သင်ကြားလေ့ကျင့်ပေးရန်၊ တာဝန်ယူတာဝန်ခံသည့် စိတ်ဓာတ်မွေးမြူပေးရန်၊ ဆရာဆရာမများ စာများများဖတ်၍ အင်္ဂ္လိပ်စာနှင့် အိုင်စီတီ အရည်အသွေးမြင့်မားရေးဆောင်ရွက်ရန်၊ ပရိုဂျက်သင်တန်းများ လေ့ကျင့်ပေးရန်၊ တီထွင်ကြံဆတတ်သူများဖြစ်ပေါ်လာအောင် သင်ကြားလေ့ကျင့်ပေးရန်၊ ပညာရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မိဘဆရာအသင်းနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ကိုမှာကြား ဆွေးနွေးပြီး ဒုတိယဝန်ကြီးက အနာဂတ်အတွက် နိုင်ငံတော်မှအားကိုးအားထားပြု ရမည့် ဆရာကောင်းဆရာမွန်များဖြစ်အောင် ကြိုးစား အားထုတ်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
Wednesday, July 26, 2017
တောင်ငူတက္ကသိုလ်တွင် ပျားမွေးမြူရေးပညာပေးသင်တန်းဖွင့်လှစ်
တောင်ငူ ၂၀၁၇ ဇူလိုင် ၂၅
တောင်ငူတက္ကသိုလ် သတ္တဗေဒဌာနမှ ကြီးမှူးဖွင့်လှစ်သောပျားမွေးမြူရေးပညာပေးသင်တန်းကို ဘွဲ့နှင်းသဘင်ခန်းမ၌ ၂၀၁၇ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် သတ္တဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဝင်းဝင်းသန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးပျားလုပ်ငန်းဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးထွန်းဦးက သင်တန်းတွင် ပို့ချမည့်အကြောင်းအရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းတွင် ဒုတိယညွှန်ကြားရေးမှူးဦးထွန်းဦးနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန(နေပြည်တော်)မှ လက်ထောက်ညွှန်ကြားရေးမှူးဦးမောင်တင့်နှင့် ပြည်မြို့နယ် ပျားလုပ်ငန်းဌာနမှ ဦးစီးအရာရှိ ဦးလှသန်းတို့ကဆွေးနွေးပို့ချခဲ့ကြသည်။ သင်တန်းကို ၂၅-၇-၂၀၁၇ ရက်နေ့မှ ၂၆-၇-၂၀၁၇ ရက်နေ့ အထိဖွင့်လှစ်ပို့ချသွားခဲ့ပြီးပျားမွေးမြူရေးသင်တန်းသို့ သတ္တဗေဒဌာနမှ ဆရာ၊ ဆရာမများနှင့် စတုတ္ထနှစ်၊ ဂုဏ်ထူးတန်း၊ မဟာတန်းတို့မှ ကျောင်းသား၊ ကျောင်းသူ (၁၅၀)ဦးတက်ရောက်ခဲ့ကြသည်။ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၆-၇-၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးဦးထွန်းဦးက သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်ခဲ့သည်။ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ သတ္တဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဝင်းဝင်းသန်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပျားလုပ်ငန်းဌာနမှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ ကြကြောင်းသတင်းရရှိသည်။
Monday, July 24, 2017
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အုပ်ချုပ်မှုသင်တန်းကျောင်း သင်တန်းသို့သွားရောက်
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂ္လာဒုံမြို့နယ် ထောက်ကြံ့အုပ်ချုပ်မှုသင်တန်းကျောင်း၌ ဖွင့်လှစ်ကျင်းပသည့် စာရေး(၃)နှင့် အဆင့်တူဝန်ထမ်းများ မွမ်းမံသင်တန်းသို့ သွားရောက်သည်။ ရှေးဦးစွာ သင်တန်းသို့တက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူများက စာရေးဝန်ထမ်းများ ခန့်အပ်ပေးနိုင်ရေး၊ ဝန်ထမ်းများ ရာထူးအဆင့်တိုးမြှင့်ခန့်ထားရေး၊ ကျောင်းဆောင်များ တိုးမြှင့်ဆောက်လုပ်ရေး၊ KG တန်းကလေးငယ်များ ပညာသင်ကြားခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်းနှင့် ကျောင်းဆောင်များ တိုးမြှင့်ဆောက်လုပ်ပေးလျက်ရှိရာတွင် ဦးစားပေးအလိုက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အရည်အသွေးရှိသည့် ပညာရေးစနစ်ဖြစ်လာစေရန် သင်ထောက်ကူပစ္စည်းများ၊ သင်ရိုးညွှန်းတမ်းများ၊ ကျောင်းသား ဆရာအချိုးမျှတစေရန်နှင့် ကျောင်းသား စာသင်ခန်းအချိုး ညီမျှစေရန် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ကျောင်းတက်မှန်ရေး၊ ကျောင်းထွက်သူပပျောက်ရေးနှင့် ကျောင်းသား ကျောင်းသူများအားလုံး သင်ယူတတ်မြောက်မှု အရည်အသွေးမြင့်မားရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ လေ့ကျင့်ပေးရန်၊ တီထွင်ကြံဆတတ်သည့် လူသားကောင်းများ ဖြစ်လာစေရန် သင်ကြားလေ့ကျင့်ပြုစု ပျိုးထောင်ပေးရန် အရေးကြီးပါကြောင်း၊ အမှန် အမှားဝေဖန်ပိုင်းခြားနိုင်သော စဉ်းစားတွေးခေါ်မှုကို ဖွံ့ဖြိုးစေသည့် ပညာရေးစနစ်ဖြစ်ရန် လိုအပ်ပါကြောင်း၊ ကျောင်းများတွင် ရှိသည့် စာကြည့်တိုက်တွင် တစ်ပတ်တစ်ကြိမ်စာဖတ်ရန်နှင့် အားကစားလုပ်ရန် အနည်းဆုံး တစ်ချိန်ပေးရမည် ဖြစ်ပါကြောင်း၊ ကျောင်းထောက်ပံ့ကြေးများကို အကျိုးရှိရှိထိရောက်စွာ ကော်မတီဖြင့် အသုံးပြုရန် လိုအပ်ပါကြောင်း၊ ဆရာ ဆရာမများ၊ ရုံးဝန်ထမ်းများ တာဝန်ကျနေရာတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ရန် ဖြစ်ပါကြောင်း၊ စာရင်းအချက်အလက်များ မှန်ကန်ပြီးပြည့်စုံမှုရှိရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ ရာထူးအဆင့် တိုးမြှင့်ရေးသည် အဆင့်ဆင့်မှ တင်ပြလာသည့် တန်းစီဇယားပြုစု တင်ပြမှုပေါ်တွင် မူတည်ပါကြောင်း၊ မှန်ကန် သည့် စာရင်းဇယား များပြုစုတင်ပြနိုင်မှသာလျှင် ဆက်လက်ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ပေးမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအနေဖြင့် ငွေကြေးလုံးဝမကောက်ခံရန်၊ ပစ္စည်းလက်မခံရန်၊ လစာခရီးစရိတ် မဖြတ်တောက်ရန်နှင့် ပညာရေးကဏ္ဍဍပြုပြင်ပြောင်းလဲရာတွင် ညီညီညွတ်ညွတ်နှင့် ကြံ့ကြံ့ခိုင်ခိုင်ရင်ဆိုင်ပြီး မိသားစုစိတ်ဓာတ်ဖြင့် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။ အဆိုပါ သင်တန်းတွင် ရုံးလုပ်ငန်းပိုင်းဆိုင်ရာသင်ခန်းစာများကို သင်ကြားပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ စာရေး(၃)နှင့် အဆင့်တူဝန်ထမ်း သင်တန်းသား သင်တန်းသူ (၁၈၇) ဦးတက် ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ဇူလိုင်လ(၁၃)ရက်မှ သြဂုတ်လ(၄)ရက်နေ့အထိ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
ပုဂ္ဂလိကကဏ္ဍဍ လူးသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍဍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များချမှတ်ခြင်း နှီးနှောဖလှယ်ပွဲကျင်းပ
ပုဂ္ဂလိကကဏ္ဍဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍဍပူးပေါင်း ဆောင်ရွက်မည့်အစီအစဉ်များ ချမှတ်ခြင်း နှီးနှောဖလှယ်ပွဲကို ဇူလိုင် ၂၃ ရက် နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ပုသိမ်ဟိုတယ် မင်္ဂ္လာခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။ ပြည်ထောင်စု ဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဒေသလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးမှုဝါဒပါ ကဏ္ဍဍများဖြစ်သည့် အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေး၊ နည်းပညာနှင့် သက်မွေးပညာရေးတို့ကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေပါကြောင်း၊ အခြေခံပညာရေးတွင် သူငယ်တန်းပညာရေး KG+12 အတွက် သင်ရိုးညွှန်းတန်းများ ပြုပြင်ရေးဆွဲလျက်ရှိရာ သူငယ်တန်း KG၊ ပထမတန်း (Grade -1)များကို အရည်အသွေးကောင်းမွန်စွာနဲ့ စတင်သင်ကြားနေပြီ ဖြစ်ပါကြောင်း၊ အဆင့်မြင့်ပညာရေးတွင်လည်း ပုဂ္ဂလိကလူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းလိုအပ်ချက်များနှင့် ကိုက်ညီသော လူသားအရင်းအမြစ်များရရှိရေး စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ထိုသို့ဆောင်ရွက်ရာတွင် လိုအပ်သော အခြေခံအချက်များ၊ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို ယခုနှီးနှောဖလှယ်ပွဲတွင် တွေ့ဆုံညှိနှိုင်းအဖြေရှာရမည် ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသတွင် စိုက်ပျိုးရေး၊ မွေးမြူရေး အဓိကထားဆောင်ရွက်လျက် ရှိကြသော်လည်း စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်မရှိသေးပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ နှီးနှောဖလှယ်ပွဲ၏ရည်ရွယ်ချက်ဖြစ်သည့် ဒေသတွင်းလုပ်ငန်းများအတွက် လိုအပ်သော လက်တွေ့ကျွမ်းကျင်မှုလိုအပ်ချက်များ ဖော်ထုတ်နိုင်ရေး၊ ဒေသမှတောင်းဆိုမှု အများဆုံးဖြစ်သည့် သင်တန်းအမျိုးအစား စတင်ဖွင့်လှစ်နိုင်ရေး၊ ဖွင့်လှစ်မည့် သင်တန်းများ ရေရှည်တည်တံ့ ဖွံ့ဖြိုးနိုင်ရေးအစီအစဉ်များ ဖော်ထုတ်ဆောင်ရွက်နိုင်ရေးတို့ကို ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မိမိဒေသအကျိုးဖွံ့ဖြိုးတိုးတက်အောင် လက်တွေ့ကူညီဆောင်ရွက်နိုင်မည့် ဘွဲ့ရလူငယ်မောင်မယ်များ မွေးထုတ်ပေးရမည်ဖြစ်ကြောင်း၊ သက်မွေးဝမ်းကျောင်းပညာရေး အောင်မြင်သည့် လူငယ်များအနေဖြင့် အလုပ်အကိုင်နှင့် လစာကောင်းများရရှိနိုင်သလို အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်းသာမက ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ စိတ်ပါဝင်စားသော နယ်ပယ်များတွင်လည်း ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း ယနေ့နှီးနှောဖလှယ်ပွဲ၏ ရည်ရွယ်ချက်အောင်မြင်နိုင်ရေး ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌဌဒေါက်တာမျိုးသက်၊ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌဌ ဦးဝင်းမြင့်လှိုင်တို့က အမှာစကားပြောကြားကြပြီး ဖွင့်ပွဲအခမ်းအနားအပြီးတွင် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး နှီးနှောဖလှယ်ပွဲကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပကြသည်။ ယနေ့ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌဌ၊ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဌနှင့် အဖွဲ့ဝင်များ၊ သက်မွေးပညာကျောင်းမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပြည်တွင်းပြည်ပ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြောင်း သတင်းရရှိပါသည်။
Sunday, July 23, 2017
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၂ ရက် နံနက် ၁၀ နာရီတွင် အဆိုပါကျောင်း၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောစ်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူး၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးများ၊ ဆရာ ဆရာမများ၊ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ ဖိတ်ကြားထားသော ဧည့်သည်တော်များ ကျောင်းသားကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် အခြေခံပညာအထက်တန်း ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကျောင်းသားကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းနေအရွယ်ကလေးများအားလုံး သင်ယူမှုအခွင့်အလမ်းရရှိရေး သင်ယူတတ်မြောက်မှု အရည်အသွေးကောင်းမွန်ရေး အားလုံးကြိုးစား အားထုတ်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၏ လိုအပ်ချက်များကို တိုင်းဒေသကြီး ပြည်နယ်အစိုးရများ လွှတ်တော်ကိုယ်စားလှယ်များ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ ပူးပေါင်းကာ ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ ကျောင်းထွက်သူပပျောက်စေရေး၊ ကောင်းမွန်စွာ သင်ယူတတ်မြောက်အောင် သင်ကြားပေးရေးတို့ကို ကျောင်းအုပ်များ၊ ဆရာ ဆရာမများနှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမကြာခဏပျက်ပြီး စာတတ်မြောက်မှု အားနည်းသော ကျောင်းသား ကျောင်းသူများအား ပြန်လည်ကုစားသင်ကြားပေးမှုကို ဂရုတစိုက် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မူလတန်းပညာရေး အရည်အသွေးတိုင်းတာရာတွင် Grade -2 ဒုတိယတန်းကျောင်းသား ကျောင်းသူများအား တစ်မိနစ်အတွင်း စာလုံးရေ (၄၀)ခန့် ကောင်းမွန်စွာဖတ်နိုင်စေရန် သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူ တစ်ဦးချင်းစီ စဉ်ဆက်မပြတ် အကဲဖြတ်ဆောင်ရွက်ရာတွင် ကျောင်းမှန်မှန်တက်မှု၊ အများနှင့်ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်နှင့် ပြုမှုဆောင်ရွက်မှု၊ အားကစား၊ စာကြည့်တိုက်၊ ပန်းချီ၊ ဂီတ၊ အနုပညာ၊ စာစီစာကုံး၊ စာဖတ်ပြိုင်ပွဲ၊ အင်္ဂ္လိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ ဟောပြောပွဲများနှင့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဆောင်ရွက်ထားမှုကိုပါ ထည့်သွင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ ကိုယ်တိုင် စာများများ ဖတ်ကြရန်နှင့် ကျောင်းသား ကျောင်းသူများကိုလည်း တစ်ပတ်တစ်ခါ စာကြည့်တိုက်တွင် စာဖတ်စေရန် အလေ့အကျင့်ကောင်းများ ပျိုးထောင်ပေးကြရမှာဖြစ်ပါကြောင်း၊ အင်္ဂ္လိပ်စာ အရည်အသွေး တိုးတက်အောင် ဆောင်ရွက်ကာ ICT နည်းပညာများ တတ်ကျွမ်းအောင်လည်း လေ့ကျင့်သင်ကြား သင်ယူကြ ရမည်ဖြစ်ပါကြောင်း၊ ဆရာဆရာမများ အရည်အသွေးတိုးတက်ရေအတွက် စွမ်းရည်မြှင့်မွမ်းမံ သင်တန်းများကိုလည်း ဖွင့်လှစ်ပေးမည် ဖြစ်ပါကြောင်း၊ မိမိတို့ဒေသလုပ်ငန်းခွင်နှင့် လိုက်လျောညီထွေသည့် သက်မွေးဝမ်းကျောင်း ပညာရေးသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ လူသားကောင်းများဖြစ်ပေါ်လာစေရေးအတွက် ပူးပေါင်းဆောင်ရွက်တတ်မှု၊ တာဝန်ယူ တာဝန်ခံမှု အလေ့အကျင့်များကို သင်ကြားလေ့ကျင့်ပေးကြရမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်တို့က အမှာစကား ပြောကြားကြသည်။ ထို့နောက် မိုးညိုမြို့နယ် ရေကြီးနှစ်မြုပ်သော ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ ဗလာစာအုပ် ဒါဇင် (၂၀ဝ၀)၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဗလာစာအုပ် ဒါဇင် (၁၀ဝ၀)တို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က လက်ခံရယူသည်။ ထို့နောက် မိုးညိုမြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဌေးက မိုးညိုမြို့နယ် ပညာရေးအခြေအနေများကိုတင်ပြပြီး မိုးညိုကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးစိန်လှိုင်က ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဌေးအား ကျောင်းဆောင်သစ်နှင့်ပတ်သက်သော စာရင်းဇယားများကို ပေးအပ်သည်။ ဆက်လက်၍ မိုးညိုကုမ္ပဏီဒါရိုက်တာ ဦးစိန်လှိုင်က ကျေးဇူးတင်စကား ပြောကြားကာ ကျောင်းသား ကျောင်းသူလေးများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
Monday, July 17, 2017
ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
နေပြည်တော် ၂၀၁၇ ဇူလိုင် ၁၂
ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေး ကော်မတီဥက္ကဋ္ဌဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသည် ပညာရေး ဝန်ကြီးဌာနက အပ်နှံသော အခြေခံပညာ ကျောင်းသုံးစာအုပ်များ ပုံနှိပ်ခြင်းလုပ်ငန်းကို အဓိကထား ဆောင်ရွက်ပါကြောင်း၊ အခြေခံပညာ (မူလတန်း၊ အလယ်တန်း၊ အထက်တန်း) ကျောင်းသုံးစာအုပ်များ အားလုံးကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အထိ (၂၁)နှစ်ကြာ ပုံနှိပ်ပေးခဲ့ပါကြောင်း၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်ပြီး ကျောင်းသူ၊ ကျောင်းသားများ အရည်အသွေးမြင့်မားစွာ ကိုင်တွယ်အသုံးပြုနိုင်စေရန် စာအုပ်အတွင်းသားကို နိုင်ငံခြားစက္ကူ ဖြူ၊ ချော Woodfree (70 gsm) ဖြင့်လည်းကောင်း၊ အဖုံး စက္ကူကို နိုင်ငံခြားကြွချော Art Card (210 gsm) ဖြင့်လည်းကောင်း ပြောင်းလဲပုံနှိပ်ခဲ့ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းသုံးစာအုပ် (သန်း ၂၀ ခန့်မှ ၃၅ သန်းထိ) ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီဌာနမှ ပုံနှိပ် ဆောင်ရွက်သွားရန် လျာထားစီစဉ်လျက်ရှိပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများတွင် လိုအပ်လျက် ရှိသည့် ကျောင်းသုံးစာအုပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ အပြီးသတ် ဆောင်ရွက်ပေးရမည့် အချိန်ကာလ သတ်မှတ်ချက်နှင့် စပ်လျဉ်းလည်းကောင်း ဆွေးနွေးပြောကြားသည်။ ထို့နောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေး ကော်မတီ အတွင်းရေးမှူး ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကျောင်းသုံး စာအုပ်များ အရည်အသွေးမြှင့် ထုတ်လုပ်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် ဆောင်ရွက်ပေးမည့် အခြေအနေတို့ကို ရှင်းလင်း ပြောကြားသည်။ ယင်းနောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေး ကော်မတီ ဒုတိယဥက္ကဋ္ဌဌ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ကော်မတီအဖွဲ့ဝင်များက ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။ အဆိုပါ အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Source: MOI Webportal Myanmar

Tuesday, July 11, 2017
စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း(SITE) ဖွင့်လှစ်ရန်အတွက် သဘောတူ စာချုပ်လက်မှတ်ရေးထိုး
ရန်ကုန် ၂၀၁၇ ဇူလိုင် ၉
ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့် သင်ကြားရေးဦးစီးဌာန လက်အောက်ရှိ ရန်ကုန်မြို့ နတ်မောက်လမ်း အမှတ်(၁၂၃)တွင် ဖွင့်လှစ်မည့် စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း(School of Industrial Training and Education-SITE) အတွက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ယင်းသင်တန်းကျောင်း၌ ကျင်းပရာ ပညာရေးဝန်ကြီဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမျိုးသား ပညာရေးမူဝါဒကော်မရှင် ဒုတိယဥက္ကဋ္ဌဌ ဒေါက်တာဦးညီလှငယ်နှင့် ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ စက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ Sea Lion Group နှင့် ゞင်း၏မိတ်ဖက်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ သံတမန်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပြီး ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်အား နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်နှင့် Sea Lion Group မှ Managing Director ဒေါက်တာဇော်ဝင်းအောင်တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါကျောင်းတွင် အလိုအလျောက် စက်မှုကုန်ထုတ်စနစ်နှင့် သက်ဆိုင်သော နည်းပညာများ၊ ကွန်ပျူတာစနစ်သုံး သတ္ထုခုတ်ဖြတ် ပုံဖော်ပုံသွင်းနည်းပညာများ၊ ရေနှင့်မိလ္လာစနစ် စီမံခန့်ခွဲခြင်းနည်းပညာများ၊ နေရောင်ခြည်နှင့် လေအားသုံး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နည်းပညာများ၊ သစ်အခြေခံ အချောအထည်နှင့် ပရိဘောဂ ထုတ်လုပ်ရေး စက်မှုနည်းပညာများအတွက် လုပ်ငန်းကျွမ်းကျင်မှုကို အခြေခံသည့် လေ့ကျင့်သင်ကြားရေး သင်တန်းများကို ဂျာမနီနိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့တွင် လေ့ကျင့်သင်ကြားပို့ချသည့် နည်းစနစ်များနှင့် စက်ပစ္စည်းများအသုံးပြုကာ သင်တန်းသား သင်တန်းသူများအား လက်တွေ့ကျွမ်းကျင်တတ်မြောက်ပြီး လုပ်ငန်းခွင်အတွက် အဆင်သင့်ဖြစ်စေရန် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလိုသူများ အဓိကကြုံတွေ့ရသော အခက်အခဲများထဲမှ တစ်ခုမှာ ကျွမ်းကျင်လုပ်သားနှင့် ကျွမ်းကျင်ပညာရှင်များ ရှားပါးမှုဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု ရရှိရန်နှင့် စက်မှုကဏ္ဍဍ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် စက်မှုကုန်ထုတ် လုပ်မှုကဏ္ဍဍတွင် ကျွမ်းကျင်လုပ်သားများနှင့် ကျွမ်းကျင်ပညာရှင်များ လေ့ကျင့်မွေးထုတ်ပေးရန်မှာ အရေးပါလှပါသည်။ ယခုဖွင့်လှစ်ရန် စီစဉ်ထားသည့် စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်းသည် အဆင့်မြင့် စက်မှုကုန်ထုတ်ကဏ္ဍဍအတွက် ကျွမ်းကျင်လုပ်သားများနှင့် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ပိုမိုတိုးတက် လာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Teacher Mentoring အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်
ရန်ကုန် ၂၀၁၇ ဇူလိုင် ၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် ၈ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂ္လာဒုံမြို့နယ် ထောက်ကြံ့အုပ်ချုပ်မှုသင်တန်းကျောင်း၌ ကျင်းပသည့် Teacher Mentoring အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်သည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား ကျောင်းသူများကို ပြုစုပျိုးထောင်ရာတွင် သင်ယူတတ်မြောက်စေရန် ဝန်ဆောင်မှုပေးခြင်းပင် ဖြစ်ပါကြောင်း၊ ကျောင်းအဆင့်တိုးများကို သတ်မှတ်ချက် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်ပြီး ခွင့်ပြုပေးခဲ့ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအား အရည်အသွေးရှိသည့် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ လေ့ကျင့်ပေးရန်နှင့် တီထွင်ကြံဆတတ်သည့် လူသားကောင်းများ ဖြစ်လာစေရန် သင်ကြားလေ့ကျင့် ပြုစုပျိုးထောင်ပေးရန် အရေးကြီးပါကြောင်း၊ အမှန် အမှား ဝေဖန်ပိုင်းခြားနိုင်သော စဉ်းစားတွေးခေါ်မှုကို ဖွံ့ဖြိုးစေသည့် ပညာရေးစနစ်ဖြစ်ရန် လိုအပ်ပါကြောင်း၊ ကျောင်းစာကြည့်တိုက်များကို အကျိုးရှိရှိ အသုံးပြုနိုင်ရန် ထောက်ပံ့ပေးရမည် ဖြစ်ပါကြောင်း၊ မိဘဆရာအသင်းနှင့် ဆရာ ဆရာမများ ပူးပေါင်းပြီး ကျောင်းသား ကျောင်းသူများ ကျောင်းတက် မှန်ကန်မှု၊ အိမ်စာမှန်မှန်လုပ်ရေး၊ ကျောင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် သင်ယူတတ်မြောက်မှု အရည်အသွေးမြင့်မားရေး စဉ်ဆက်မပြတ် အကဲဖြတ် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လက်ရှိကြုံတွေ့နေရသည့် လိုအပ်ချက်များ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အကောင်းဆုံး ကြိုးစားပူပေါင်း ဆောင်ရွက်ရန်နှင့် အခြေခံပညာ အရည်အသွေး ဖွံ့ဖြိုးတိုးတက်ဖို့ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးခဲ့သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ(၂၇)ရက်မှ ဇူလိုင်လ(၁၁)ရက်နေ့အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။

Monday, July 3, 2017
မကွေးတိုင်းဒေသကြီးအတွင်း ကျောင်းအဆင့်တိုး ဖွင့်လှစ်ပွဲ အခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်
နေပြည်တော် ၂၀၁၇ ဇူလိုင် ၂
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဌ ဦးတာ၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ၁-၇-၂၀၁၇ ရက်နေ့ နံနက် (၈)နာရီတွင် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် မြေပြင်သာရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဆွေးနွေးအမှာစကားပြောကြားခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ လွှတ်တော်ဥက္ကဋ္ဌဌ ဦးတာ၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တို့နှင့်အတူ မြေပြင်သာရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် မြေပြင်သာရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာန အနေဖြင့် ကျောင်းနေအရွယ် ကလေးအားလုံး သင်ယူမှုအခွင့်အလမ်း မြင့်မားရေးအတွက် ကျောင်းအဆင့်များ တိုးမြှင့်ဖွင့်လှစ်ပေးလျက်ရှိရာ ယခုပညာသင်နှစ်တွင် အခြေခံပညာကျောင်း (၅၀၉၉)ကျောင်းကို ကျောင်းအဆင့်တိုး သတ်မှတ်ချက်မူများနှင့် ကိုက်ညီသဖြင့် ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်း (၁၀၁၂)ကျောင်းကို ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခြင်းမှာ ဒေသခံပြည်သူများနှင့် ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများတို့ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်မှု အားကောင်းသောကြောင့် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေး၊ မူလတန်းပညာ သင်ယူပြီးမြောက်ရေး၊ ကျောင်းထွက်သူ ပပျောက်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ ဆရာမများသည် မိဘများ၊ အုပ်ထိန်းသူများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းတစ်ကျောင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိဘဆရာအသင်းသည် အရေးကြီးကြောင်း၊ ပညာရေးအရည်အသွေးမြင့်မားရေး ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ရာ ကောင်းမွန်စွာသင်ယူ တတ်မြောက်ရေးအတွက် ကြိုးစားအားထုတ် သင်ကြားပေးကြစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်မှန်မှု၊ အိမ်စာမှန်မှန်လုပ်မှု၊ ပြပွဲ၊ ပြိုင်ပွဲ၊ ပရောဂျက်နှင့် ကျောင်းဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်တတ်မှု၊ ကောင်းမွန်စွာ သင်ယူတတ်မြောက်မှုတို့ကို စဉ်ဆက်မပြတ် အကဲဖြတ်၍ စဉ်းစားတွေးခေါ်မြော်မြင်နိုင်စွမ်း၊ တီထွင်ကြံဆဖန်တီးနိုင်စွမ်းဟူသည့် စွမ်းရည်မြင့်မားလာရေးအတွက် မိဘ၊ အုပ်ထိန်းသူများနှင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်းဖြင့် တိုက်တွန်းဆွေးနွေးမှာကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ လွှတ်တော်ဥက္ကဋ္ဌဌ ဦးတာ၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးနှင့် မြို့သစ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသာအောင်တို့က အမှာစကားပြောကြားကြပြီး မြေပြင်သာကျေးရွာ မိဘတစ်ဦးက ကျေးဇူးတင် စကားပြောကြားသည်။
ယင်းနောက် မြေပြင်သာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ် ဆရာမကြီးက ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များအား ဖွင့်ပွဲအထိမ်းအမှတ် အလံများကိုပေးအပ်ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌဌနှင့် ဒုတိယဥက္ကဋ္ဌဌ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များသည် အမှတ်တရ သစ်ပင်စိုက်ကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်အဖွဲ့သည် နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် အောင်ဆန်းအခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးဖွင့်လှစ်ပွဲ အခမ်းအနားသို့လည်းကောင်း၊ ရေနံချောင်းမြို့၊ တွင်းကုန်းရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးဖွင့်လှစ်ပွဲ အခမ်းအနားသို့ လည်းကောင်း၊ ရေနံချောင်းမြို့ လည်ပေါ်အခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးဖွင့်လှစ်ပွဲ အခမ်းအနားသို့ လည်းကောင်း တက်ရောက်ပြီး အခြေခံပညာကျောင်းများမှ လူငယ်သားကောင်းများ ဖြစ်ပေါ်လာအောင် ပြုစုပေးရန်၊ ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ၊ တာဝန်ယူ၊ တာဝန်ခံမှု အသိစိတ်ဓာတ်ကောင်းများ ဖြစ်ပေါ်လာအောင် မွေးမြူပေးရန်၊ တီထွင်ကြံဆ ဖန်တီးနိုင်စွမ်းသော ကျွမ်းကျင်မှုစံအရည် အသွေးပြည့်စုံအောင်သင်ကြားလေ့ကျင့်ပေးရန်၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသော အရည်အသွေး ပြည့်ဝသူများ ဖြစ်ပေါ်လာအောင် မွေးမြူလေ့ကျင့်ပေးရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၁၇ ခုနှစ် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အဆင့်မြင့်ပညာကဏ္ဍဍ) ဖွင့်ပွဲကျင်းပ
၂ဝ၁ရခုနှစ် ပညာရေးမြှင့်တင်မှုအကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အဆင့်မြင့် ပညာ ကဏ္ဍဍ)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပ ခဲ့ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အဖွင့်အမှာ စကား ပြောကြားသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ မိမိတို့နိုင်ငံတွင် ပညာရေး ပြုပြင်ပြောင်းလဲမှုများကို ကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် နှစ်ပေါင်းများစွာ ပညာရေး ခေတ်နောက်ကျနေခဲ့သည့်အတွက် လိုအပ်ချက်များ၊ အခက်အခဲများ၊ စိန်ခေါ်မှုများ နှင့်ကြုံတွေ့နေရပြီး အမျိုးသားပညာရေး ဥပဒေနှင့်ပြင်ဆင်သည့် ဥပဒေတို့အရ တက္ကသိုလ်များတွင် တန်ဖိုးရှိသည့် ပညာရေးပိုမိုဖြစ်ထွန်းလာရေးကို ဦးတည်၍ ထိထိရောက်ရောက်နှင့် ပွင့်လင်းမြင်သာစွာ အကောင် အထည်ဖော်နိုင်ရန် ပင်ပန်းခက်ခဲ နက်နဲစွာ ပူးပေါင်းဆောင်ရွက်နေကြသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)တွင်လည်း အဆင့်မြင့်ပညာကဏ္ဍဍ သင်ယူမှုအခွင့်အလမ်းမြင့်မားရေး၊ အရည်အသွေးအာမခံမှုရှိနိုင်ရေးနှင့် ထိရောက်သော စီမံခန့်ခွဲမှုဖြင့် အကောင်အထည်ဖော်နိုင်ရေးတို့ကို သုတေသနလေ့လာ ဆန်းစစ်တွေ့ရှိချက်များနှင့် အကြံပြုချက်များ အရ စီမံကိန်းများရေးဆွဲပြီး စနစ်တကျ အကောင်အထည်ဖော်သွားရမည်ဖြစ်ပါကြောင်း၊ ပညာရေး အရည်အသွေးမြင့်မားလာရေးအတွက် ဆရာ ဆရာမများ၏ ရင့်ကျက်မှု၊ အတွေ့အကြုံ၊ အရည်အချင်းများသည် လွန်စွာအရေးကြီးပါကြောင်း၊ သို့ဖြစ်၍ (၂)နှစ်သင် ပညာရေးကောလိပ်များကိုလည်း နိုင်ငံတကာကဲ့သို့ (၄)နှစ်သင် ပညာရေးဒီဂရီကောလိပ်များအဖြစ် အဆင့်မြှင့်တင်နိုင်ရန် စနစ်တကျ စီမံချက်များပြုစုပြီး အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းဖြင့် ပြော ကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမများခန့်ထားရေး၊ ပြောင်းရွှေ့ရေး၊ ရာထူး တိုးမြှင့် ခန့်ထားရေးများတွင်လည်း သတ်မှတ်အရည်အချင်း၊ တာဝန်ထမ်းဆောင်သည့် ကာလပြည့်မီသူများကို တန်းစီဇယားပြုစုရေး သတ်မှတ်မူများ၊ အင်္ဂ္လိပ်စာ၊ အိုင်စီတီ၊ သုတေသန စသည့် စွမ်း ဆောင်ရည်များ၊ ကျောင်းသားအကဲဖြတ်ချက်များကို ဆရာ ဆရာမများနှင့်စိတ်ပါဝင်စာသူများ သိစေရန် ကျယ်ကျယ်ပြန့်ပြန့် အသိပေးခြင်း၊ သင်ကြားမှုတာဝန်နှင့် အတန်း ခွဲဝေခြင်း၊ အချိန်ဇယား ပြုစုခြင်း၊ အတန်းမှန်မှန် ဝင်ရောက်သင်ကြားခြင်း၊ ခွင့်ယူခြင်း၊ လစာ၊ ခရီးစရိတ်၊ နေ့တွက်စရိတ် ဆိုင်ရာကိစ္စများတွင်လည်း စနစ်တကျ ပွင့်လင်းမြင်သာစွာ အသိပေး၍ အစည်းအဝေးမှတ်တမ်းဖြင့် လည်းကောင်း ဆောင်ရွက်သင့်ပါကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ အားလုံးတွင် သုတေသနသည် အသက်သွေးကြောဖြစ်သည့်အတွက် ဆရာ ဆရာမများအားလုံးသည် ဒေသနှင့် နိုင်ငံတော်၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အထောက်အကူပြုမည့် သုတေသန လုပ်ငန်း ဆောင်ရွက်ခြင်း၊ သုတေသနစာတမ်း ဖတ်ကြားဆွေးနွေးခြင်း၊ သုတေသနဂျာနယ်များတွင် သုတေသနစာတမ်းများ ပြုစုရေးသားခြင်းများကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများ မြှင့်တင်ရေး လုပ်ငန်းနှင့်ဒေသနှင့် ကိုက်ညီသည့် ဘွဲ့/ဒီပလိုမာသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးသည်လည်း အရေးကြီးပါကြောင်း၊ နိုင်ငံတကာ တက္ကသိုလ်များတွင်ရှိသည့် ဘွဲ့သင်တန်းများ၏ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများကို လေ့လာဆန်းစစ်ဆွေးနွေးပြီး ဒေသနှင့်နိုင်ငံတော်၏လုပ်သား ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့် သင်တန်း၊ သင်ရိုးညွှန်းတမ်းများဖြင့် ဆောင်ရွက်နိုင်ရေး အတွက် ပုဂ္ဂလိကကဏ္ဍဍ၊ ကုန်သည်ကြီးများ၊ စက်မှုလုပ်ငန်း ရှင်များ၏ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တက္ကသိုလ်အသီးသီးမှ စာတမ်းရှင်များက တက္ကသိုလ်များတွင် Faculty များ ဖွဲ့ စည်းတည်ထောင်ရေး စာတမ်း၊ ဆရာ/ကျောင်းသား ဆိုင်ရာကိစ္စရပ်များ ဖွဲ့စည်းဆောင်ရွက်နိုင်ရေး စာတမ်း၊ (၄)နှစ်သင် ပညာရေးဒီဂရီကောလိပ်များအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ရေး စာတမ်း၊ Credit Transfer Sysytem ကို အဆင့်မြင့်ပညာ တက္ကသိုလ်များတွင် လက်တွေ့ကျင့်သုံးနိုင်ရေး စာတမ်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးစာတမ်း တို့ကို ဖတ်ကြားတင်သွင်းကြပြီး ဗြိတိသျှကောင်စီမှ Mrs.Lynne Heslop မှ Strengthening distance education in Myanmar and internationally စာတမ်းနှင့် Mrs.Kathy Wright ၏ Transforming teaching and inspiring learning in universities ဗီဒီယိုကလစ်အား ဆွေးနွေးတင်ပြရာ တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ၂ဝ၁၇ ခုနှစ် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အဆင့်မြင့် ပညာကဏ္ဍဍ)ကို ဇွန်လ ၂၄ ရက်မှ ၂၅ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး တက္ကသိုလ်အသီးသီးမှ စာတမ်းရှင်များက စာတမ်း ၁၀ စောင် တင်သွင်းကြမည်ဖြစ်ကြောင်း သိရသည်။

Subscribe to:
Posts (Atom)