Sunday, July 30, 2017

သင်ရိုးညွှန်းတမ်း ပြုပြင် ပြောင်းလဲမှုဆိုင်ရာ ဖိုရမ်ကျင်းပ

မြန်မာနိုင်ငံ အလယ်တန်းနှင့် အထက်တန်း ပညာရေး သင်ရိုးညွှန်းတမ်း ပြုပြင် ပြောင်းလဲမှုဆိုင်ရာ ဖိုရမ် (Forum on Myanmar Secondary Education Curriculum Reform) ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂ࿿ဟဟိုတယ်၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး တက်ရောက် အမှာစကား ပြောကြားသည်။ ဖိုရမ်သို့ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့မှ ပညာရေးမြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌဌများနှင့် အဖွဲ့ဝင်များ၊ အမျိုးသား ပညာရေးမူဝါဒ ကော်မရှင် အဖွဲ့ဝင်များ၊ အမျိုးသား သင်ရိုးညွှန်းတမ်း ကော်မတီ ဥက္ကဋ္ဌဌနှင့် အဖွဲ့ဝင်များ၊ ဘာသာရပ် သင်ရိုးညွှန်းတမ်း ကော်မတီ ဥက္ကဋ္ဌဌများနှင့် အဖွဲ့ဝင်များ၊ သင်ရိုးညွှန်းတမ်း ရေးဆွဲပြုစုရေး အဖွဲ့ဝင်များ၊ ပြည်တွင်းပြည်ပ အတိုင်ပင်ခံ ပညာရှင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဖိုရမ်တွင် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အထောက်အထားများ၊ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အစီအစဉ်များ၊ ၂၁ ရာစု အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် သင်ရိုးညွှန်းတမ်း ကဏ္ဍဍအတွက် ပြုပြင် ပြောင်းလဲထားသော စနစ်နှင့် ပါဝင်သော အကြောင်းအရာများနှင့် ပတ်သက်သော မူဝါဒဆိုင်ရာ ကိစ္စရပ်များ၊ ၂၁ ရာစု အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် သင်ရိုးညွှန်းတမ်း ကဏ္ဍဍအတွက် ပြုပြင် ပြောင်းလဲထားသော သင်ကြားနည်းစနစ်များနှင့် ပတ်သက်သော မူဝါဒဆိုင်ရာ ကိစ္စရပ်များ၊ ၂၁ ရာစု အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် သင်ရိုးညွှန်းတမ်း ကဏ္ဍဍအတွက် ပြုပြင် ပြောင်းလဲထားသော စစ်ဆေး အကဲဖြတ်မှုများနှင့် ပတ်သက်သည့် မူဝါဒဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။




No comments:

Post a Comment