Tuesday, July 11, 2017

စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း(SITE) ဖွင့်လှစ်ရန်အတွက် သဘောတူ စာချုပ်လက်မှတ်ရေးထိုး

ရန်ကုန် ၂၀၁၇ ဇူလိုင် ၉

ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့် သင်ကြားရေးဦးစီးဌာန လက်အောက်ရှိ ရန်ကုန်မြို့ နတ်မောက်လမ်း အမှတ်(၁၂၃)တွင် ဖွင့်လှစ်မည့် စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း(School of Industrial Training and Education-SITE) အတွက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ယင်းသင်တန်းကျောင်း၌ ကျင်းပရာ ပညာရေးဝန်ကြီဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမျိုးသား ပညာရေးမူဝါဒကော်မရှင် ဒုတိယဥက္ကဋ္ဌဌ ဒေါက်တာဦးညီလှငယ်နှင့် ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ စက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ Sea Lion Group နှင့် ゞင်း၏မိတ်ဖက်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ သံတမန်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပြီး ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်အား နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်နှင့် Sea Lion Group မှ Managing Director ဒေါက်တာဇော်ဝင်းအောင်တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါကျောင်းတွင် အလိုအလျောက် စက်မှုကုန်ထုတ်စနစ်နှင့် သက်ဆိုင်သော နည်းပညာများ၊ ကွန်ပျူတာစနစ်သုံး သတ္ထုခုတ်ဖြတ် ပုံဖော်ပုံသွင်းနည်းပညာများ၊ ရေနှင့်မိလ္လာစနစ် စီမံခန့်ခွဲခြင်းနည်းပညာများ၊ နေရောင်ခြည်နှင့် လေအားသုံး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နည်းပညာများ၊ သစ်အခြေခံ အချောအထည်နှင့် ပရိဘောဂ ထုတ်လုပ်ရေး စက်မှုနည်းပညာများအတွက် လုပ်ငန်းကျွမ်းကျင်မှုကို အခြေခံသည့် လေ့ကျင့်သင်ကြားရေး သင်တန်းများကို ဂျာမနီနိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့တွင် လေ့ကျင့်သင်ကြားပို့ချသည့် နည်းစနစ်များနှင့် စက်ပစ္စည်းများအသုံးပြုကာ သင်တန်းသား သင်တန်းသူများအား လက်တွေ့ကျွမ်းကျင်တတ်မြောက်ပြီး လုပ်ငန်းခွင်အတွက် အဆင်သင့်ဖြစ်စေရန် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလိုသူများ အဓိကကြုံတွေ့ရသော အခက်အခဲများထဲမှ တစ်ခုမှာ ကျွမ်းကျင်လုပ်သားနှင့် ကျွမ်းကျင်ပညာရှင်များ ရှားပါးမှုဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု ရရှိရန်နှင့် စက်မှုကဏ္ဍဍ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် စက်မှုကုန်ထုတ် လုပ်မှုကဏ္ဍဍတွင် ကျွမ်းကျင်လုပ်သားများနှင့် ကျွမ်းကျင်ပညာရှင်များ လေ့ကျင့်မွေးထုတ်ပေးရန်မှာ အရေးပါလှပါသည်။ ယခုဖွင့်လှစ်ရန် စီစဉ်ထားသည့် စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်းသည် အဆင့်မြင့် စက်မှုကုန်ထုတ်ကဏ္ဍဍအတွက် ကျွမ်းကျင်လုပ်သားများနှင့် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ပိုမိုတိုးတက် လာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။









No comments:

Post a Comment