တောင်ငူ ၂၀၁၇ ဇူလိုင် ၂၅
တောင်ငူတက္ကသိုလ် သတ္တဗေဒဌာနမှ ကြီးမှူးဖွင့်လှစ်သောပျားမွေးမြူရေးပညာပေးသင်တန်းကို ဘွဲ့နှင်းသဘင်ခန်းမ၌ ၂၀၁၇ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် သတ္တဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဝင်းဝင်းသန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးပျားလုပ်ငန်းဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးထွန်းဦးက သင်တန်းတွင် ပို့ချမည့်အကြောင်းအရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းတွင် ဒုတိယညွှန်ကြားရေးမှူးဦးထွန်းဦးနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန(နေပြည်တော်)မှ လက်ထောက်ညွှန်ကြားရေးမှူးဦးမောင်တင့်နှင့် ပြည်မြို့နယ် ပျားလုပ်ငန်းဌာနမှ ဦးစီးအရာရှိ ဦးလှသန်းတို့ကဆွေးနွေးပို့ချခဲ့ကြသည်။ သင်တန်းကို ၂၅-၇-၂၀၁၇ ရက်နေ့မှ ၂၆-၇-၂၀၁၇ ရက်နေ့ အထိဖွင့်လှစ်ပို့ချသွားခဲ့ပြီးပျားမွေးမြူရေးသင်တန်းသို့ သတ္တဗေဒဌာနမှ ဆရာ၊ ဆရာမများနှင့် စတုတ္ထနှစ်၊ ဂုဏ်ထူးတန်း၊ မဟာတန်းတို့မှ ကျောင်းသား၊ ကျောင်းသူ (၁၅၀)ဦးတက်ရောက်ခဲ့ကြသည်။ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၆-၇-၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးဦးထွန်းဦးက သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်ခဲ့သည်။ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ သတ္တဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဝင်းဝင်းသန်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပျားလုပ်ငန်းဌာနမှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ ကြကြောင်းသတင်းရရှိသည်။
No comments:
Post a Comment