Saturday, June 1, 2019

ကာယပညာနှင့်အားကစားအခြေခံနည်းပြ သင်တန်းအမှတ်စဉ်(၂၀) သင်တန်းဆင်းပွဲကျင်းပ

နေပြည်တော် ၂၀၁၉ မေ ၃၀
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးဌာန၊ ၂၀၁၉ ခုနှစ် ကာယပညာနှင့်အား ကစားအခြေခံနည်းပြသင်တန်းအမှတ်စဉ် (၂၀)သင်တန်းဆင်းပွဲအခမ်းအနားကို နေပြည် တော်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားလေ့ကျင့်ရေးစခန်းရှိ Gold Medal Hall ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သင်တန်းနည်းပြဆရာ၊ဆရာမများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အဖွင့်အမှာ စကားပြောကြားရာတွင် ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်း အမှတ်စဉ် (၁)အား ၁၉၈၅ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ကာ ၂၀၁၄ ခုနှစ်တွင် အမှတ်စဉ် (၁၉)ကို ဖွင့်လှစ်နိုင်ခဲ့ပြီး ကာယဆရာဆရာမပေါင်း(၇၈၇၅) ဦးကိုမွေးထုတ် ပေးနိုင်ခဲ့ပါကြောင်း၊ ယခု သင်တန်းဆင်းမည့် အမှတ်စဉ်(၂၀)တွင် ကာယ ဆရာဆရာမ(၃၉၉)ဦးကိုထပ်မံ မွေးထုတ် ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ သင်တန်းသား သင်တန်းသူများအား ကာယပညာ ဘာသာရပ်နှင့်အားကစားနည်းအခြေခံများကို စနစ်တကျ သင်ကြားပို့ချပေးခဲ့ကြသည့် နည်းပြဆရာဆရာမများနှင့် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များမှနည်းပြများအား ပညာရေးဝန်ကြီးဌာနအနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဆရာဆရာမများ အနေဖြင့် သင်တန်းတွင် သင်ကြားပို့ချလိုက်သည့်ပညာရပ်များကို မိမိတို့တာဝန်ကျ သည့် အခြေခံပညာကျောင်းများတွင်ရှိသောကျောင်းသားကျောင်းသူများအား စနစ်တကျ ပြန်လည် သင်ကြားပို့ချပေးစေလိုပါကြောင်း၊ ကာယပညာဘာသာရပ်သည် စဉ်ဆက် မပြတ်လေ့လာသင်ယူနေရမည့် ဘာသာရပ်ဖြစ်ပါကြောင်း၊ ဖွံဖြိုးတိုးတက်သောနိုင်ငံ များတွင် ကာယပညာဘာသာရပ်ကို အထူးအလေးထား သင်ကြားလေ့ကျင့်ပေးနေကြ သည်ကိုတွေ့မြင်ရပါကြောင်း၊ သင်တန်းတွင်သင်ကြားပို့ချခဲ့သမျှ သေချာစွာလေ့လာ သင်ယူ မှတ်သားခဲ့ကြသလို စဉ်ဆက်မပြတ်ဆက်လက်လေ့လာသင်ယူနေကြရန်လည်း တိုက်တွန်းပါကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။ ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက သင်တန်းဆင်းလက်မှတ်များနှင့်ဂုဏ်ပြုလွှာများကိုချီးမြှင့်ပေးအပ်ရာ သင်တန်းသား၊သင် တန်းသူများနှင့်သင်တန်းနည်းပြများက လက်ခံ ရယူကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးက သင်တန်းသားစံပြဆုနှင့်သင်တန်းသူစံပြများကို ချီးမြှင့်ပေးအပ်ရာ (ကသ-၃၃) ဦးကျော်ရဲအောင်နှင့် (ကသ-၃၉၃) ဒေါ်ခိုင်ယဉ်မွန်တို့က လက်ခံရယူကြသည်။ ဆက်လက်၍ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက သင်တန်းကာလအတွင်းလှူဒါန်းခဲ့သောအလှူရှင်များကိုယ်စား အလှူ ရှင်တစ်ဦးအား ဂုဏ်ပြုလွှာချီးမြှင့်ပေးအပ်သည်။ အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။ ၂၀၁၉ ခုနှစ် ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်းအမှတ်စဉ်(၂၀) သင်တန်းအား ဧပြီလ(၂၀)ရက်မှ မေလ(၃၀)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ကြောင်း သိရ သည်။







No comments:

Post a Comment