Monday, June 17, 2019

ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်အဝေးသင်တက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များတွေ့ဆုံ

ရန်ကုန် ၂၀၁၉ ဇွန် ၁၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်အဝေးသင် တက္ကသိုလ်များသို့သွားရောက်ခဲ့သည်။ ထိုသို့သွားရောက်ရာတွင် အဆိုပါတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာသမဂ္ဂ၊ ကျောင်းသားသမဂ္ဂများနှင့်တွေ့ဆုံ၍ အဆင့်မြင့်ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်ကြားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ၊ အဝေးသင်တက္ကသိုလ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များ၊ အဝေးသင်တက္ကသိုလ် သင်ကြားရေးဆိုင်ရာကိစ္စရပ်များ၊ ဘာသာရပ်ဆိုင်ရာအလိုက် Online ဒီပလိုမာသင်တန်းများ ဖွင့်လှစ်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။


No comments:

Post a Comment