နေပြည်တော် ၂၀၁၉ ဇွန် ၁၂
ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများအရှိန်အဟုန်မြှင့်တင်ရေး အမျိုးသား အဆင့်နှီးနှောဖလှယ်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားသည်။ နှီးနှောဖလှယ်ပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးတို့က အမှာစကား ပြောကြားကြသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ကျောင်းကျန်းမာရေး အဆင့် မြှင့်တင်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ရေး လုပ်ငန်းစဉ်များသည် ကျန်းမာရေးကဏ္ဍ လုပ်ငန်းစဉ်များ အတွက် လမ်းပြမြေပုံကြီးဖြစ်သော အမျိုးသားကျန်းမာရေး စီမံကိန်း ၂၀၁၇-၂၀၂၁ နှင့် တန်းတူညီစွာပင် အရေးကြီး ပါကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၂၀ ရာခိုင်နှုန်း ခန့်ရှိသော နိုင်ငံ၏အနာဂတ် ကျောင်းနေ အရွယ်လူငယ်များ ကျန်းမာမှုအဆင့် မြင့်မားခြင်းအားဖြင့် နိုင်ငံတော်ကြီး တစ်ခုလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် လွန်စွာ အထောက်အကူပြုမည် ဖြစ်ပါကြောင်း။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ကြားခဲ့သော မိန့်ခွန်းတွင် ပါဝင်သည့် အချက်များသည် လုပ်ငန်းများ ချမှတ် ဆောင်ရွက်ရန်အတွက် အခြေခံသဘော တရားနှင့် လမ်းòန်များသဖွယ်ပင်ဖြစ်ပါ ကြောင်း၊ အဆိုပါအချက်များကို ကိုးကား၍ ယခုနှီးနှောဆွေးနွေးဖလှယ်ပွဲတွင် ပညာရေး၊ ကျန်းမာရေးနှင့် အားကစားအပါအဝင်ကဏ္ဍစုံမှ ပညာရှင် များ၏ ဆွေးနွေးအကြံပြုချက်များ ရယူ၍ နိုင်ငံ၏ အခြေအနေနှင့် ကျောင်း ကျန်းမာရေးလုပ်ငန်းဆိုင်ရာ နောက်ခံ အချက်အလက်များနှင့် ကိုက်ညီပြီး လက်တွေ့အကောင်အထည်ဖော် ဆောင် ရွက်နိုင်မည့် မဟာဗျူဟာများနှင့် ရှေ့လုပ်ငန်းစဉ်များ စနစ်တကျချမှတ် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။ အဆိုပါ မဟာဗျူဟာနှင့် လုပ်ငန်း စဉ်များကိုလည်း အချိန်ကာလအလိုက် ပြောင်းလဲလာသော အခြေအနေ အကြောင်းအရာများနှင့် မွမ်းမံပြင်ဆင်၍ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကျောင်းကျန်းမာရေးအဆင့် မြှင့်တင်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး လုပ်ငန်းအကြောင်းအရာ (၇) ရပ်ကို လက်တွေ့ အကောင်အထည်ဖော် ဆောင် ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတစ်ခုတည်းမှ ဆောင်ရွက်၍ မရဘဲ ပညာရေးဝန်ကြီးဌာန၏ ဦးဆောင် မှု၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ ပြည်တွင်းနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့ အစည်းများ၊ လူမှုအဖွဲ့အစည်းများ အားလုံးပါဝင်ဆောင်ရွက်မှသာ အောင်မြင် မှုရရှိနိုင်မည်ဖြစ်ပါကြောင်း လုပ်ငန်းဆောင်ရွက်မှုကို စောင့်ကြည့် ခြင်းနှင့် လေ့လာသုံးသပ်ခြင်းစနစ်ကို တစ်ပါတည်းထည့်သွင်း၍checklist များအသုံးပြုပြီး ဗဟို၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အဆင့်အလိုက် ပုံမှန်ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်ကာ လိုအပ်ချက်နှင့် အားနည်းချက်ရှိသည် များကို အားဖြည့်မွမ်းမံ ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ ထို့အပြင် လုပ်ငန်း ဆောင်ရွက်မှုများ၏ အောင်မြင်မှုနှင့် ရေတို၊ ရေရှည်အကျိုးသက်ရောက်မှုများ ကို အသုံးချ သုတေသနဆန်းစစ်မှုများ ပြုလုပ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။ ''ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး''လုပ်ငန်းစဉ်များ ဆောင်ရွက်သကဲ့သို့ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် လူမှုရေးဝန်ကြီးများ ဦးဆောင်မှုဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် အားကစား ကဏ္ဍတို့မှ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် အကြီးအကဲများနှင့် တာဝန်ရှိသူများ၏ တက်ကြွစွာဖြင့် လုပ်ငန်းလက်တွေ့ အကောင်အထည် ဖော်မှုသည် အရေးကြီးပါကြောင်း။ ယခုဆောင်ရွက်သည့် လုပ်ငန်းစဉ် အကြောင်းအရာ (၇) ရပ်နှင့် ကျောင်း ကျန်းမာရေးလုပ်ငန်းစဉ် ၉ ချက်တို့ ပေါင်းစပ်၍ လုပ်ငန်းဆောင်ရွက်မှုများ ရေရှည် တည်တံ့စေရေးအတွက် ဝန်ကြီး ဌာနအသီးသီးရှိ ကျောင်းအားလုံးမှ ကျောင်းအုပ်ကြီးများနှင့် ဆရာများ သာမက ကျောင်းသားမိဘများ၊ မိဘ-ဆရာအသင်း၊ ကျောင်းသား ကျောင်းသူ များ၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ် များလည်း ပါဝင်နိုင်ရေးဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။ အခြေခံပညာကျောင်းများအလိုက် လုပ်ငန်းများ ဆောင်ရွက်အောင်မြင်မှုနှင့် စွမ်းဆောင်မှုများကို စံသတ်မှတ်ချက်များ နှင့်အညီ ဆန်းစစ်၍ စွမ်းဆောင်ရည် မြင့်မားသည့် ကျောင်းများကို အသိ အမှတ်ပြုဆုများ ချီးမြှင့်ရမည်ဖြစ်ပါ ကြောင်း၊ ကိုယ်ခန္ဓာနှင့် စိတ်ကျန်းမာသော လူငယ်ဘ၀များ ပိုင်ဆိုင်ကာ နိုင်ငံတော် ကြီးအတွက် တောက်ပကောင်းမွန်သော အနာဂတ်ရရှိစေရေးအတွက် မိမိဒေသနှင့် ကိုက်ညီသော လုပ်ငန်းစဉ်များကို ချမှတ် ကာ အားလုံးဝိုင်းဝန်းဆောင်ရွက်သွား ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀)နှင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံ ကိန်း(၂၀၁၆-၂၀၂၁)တို့ကို အောင်မြင်စွာ ရောက်ရှိရန်အတွက် ပညာရေးဝန်ကြီး ဌာနအနေဖြင့် မည်သည့်ခွဲခြားမှုမျှ မရှိဘဲ၊ တရားမျှတစွာ မည်သူတစ်ဦး တစ်ယောက်မျှ မကျန်ရစ်စေဘဲ ကျောင်းနေအရွယ် ကလေးအားလုံး အရည်အသွေးရှိသော ပညာသင်ယူခွင့် ရရှိရေးနှင့် ကျောင်းထွက်နှုန်း ပပျောက် ရေးကို မူဝါဒချမှတ်၍ တာဝန်ယူတာဝန်ခံ ၍ ပူးပေါင်းတီထွင်ဖန်တီးနိုင်စွမ်းရှိသော လူသားကောင်းများ ဖြစ်လာစေရန် ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါကြောင်း။ ပညာရေးဝန်ကြီး ဌာနသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် ပူးပေါင်း၍ ကျောင်းကျန်းမာရေး အဆင့်မြှင့်တင်ရေး၊ ကျန်းမာရေး အသိ ပညာပေးရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေး၊ သန့်ရှင်းသောရေ သုံးစွဲ ရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် စနစ်တကျစွန့်ပစ်ရေး၊ ကူးစက်တတ်သော၊ မကူးစက်တတ်သော ရောဂါများ ကာကွယ်ရေး၊ စိတ်ပိုင်း၊ ဦးနှောက်ပိုင်း ဆိုင်ရာ ကျန်းမာရေး၊ ယာဉ်အ္တရာယ် ကင်းရှင်းရေးနှင့် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးတို့ကို အလေးပေးလျက် ကျောင်းကျန်းမာရေးဆိုင်ရာ အစီအစဉ် များကို ကြိုးပမ်းအကောင်အထည် ဖော်လျက်ရှိပါကြောင်း။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် လည်း ပထမတန်း (Grade-1)၊ ဒုတိယ တန်း (Grade-2)၊ တတိယတန်း(Grade-3)၊ ဆဋ္ဌမတန်း(Grade-6) ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာ လမ်းညွှန်စာအုပ်များတွင် စာရိတ္တနှင့်ပြည်သူ့ နီတိ၊ ဘ၀တွက်တာ ကျွမ်းကျင်စရာ တို့ကိုလည်း အခမဲ့ဖြန့်ဝေပြီး သင်ကြား သင်ယူ လေ့ကျင့်ပေးလျက်ရှိပါကြောင်း။ ယခုဆွေးနွေးပွဲတွင် နိုင်ငံတော် အဆင့် ကျောင်းကျန်းမာရေး လှုပ်ရှားမှု အသွင်ဖြင့် ''ကိုယ်စိတ်ကျန်းမာ လူငယ် ဘ၀၊ အနာဂတ်တောက်ပ နိုင်ငံ့အလှ'' အတွက် တက်ကြွစွာ ဆွေးနွေးပြီး ပညာရေးဝန်ကြီးဌာနမှ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ ကျောင်းအုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများ၊ လုပ်အား ပေးလူငယ်များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ဝန်ကြီးဌာနများနှင့် အကောင်း ဆုံး ပူးပေါင်း၍ နိုင်ငံ့လူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်ရှိသော ကျောင်းသား ကျောင်းသူများ၊ သင်ယူသူများ၊ လူငယ်များ အားလုံးအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ စိတ်ဓာတ်ဖြင့် ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး မူးယစ်ဆေးဝါးကင်းစင်ရေး၊ အရက် ဘီယာကင်းစင်ရေး၊ ဆေးလိပ် ကင်းစင်ရေး၊ ယာဉ်အန္တရာယ် ကင်းရှင်း ရေးနှင့် ယာဉ်စည်းကမ်း လိုက်နာရေး၊ ကျန်းမာသော နေထိုင်မှုပုံစံ အသိပညာ ပေးရေး၊ မျိုးဆက်ပွားကျန်းမာရေး အသိပညာပေးရေးနှင့် ဂိမ်းစွဲလမ်းမှု လျှော့ချရေးတို့ကို ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်သွား ကြရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။ ထို့နောက် ကဏ္ဍအလိုက် ဆွေးနွေး ကြရာတွင် ဆေးလိပ်၊ ဆေးရွက်ကြီး ကင်းစင်ပပျောက်ရေး၊ ဆေးလိပ်၊ ဆေးရွက်ကြီး တိုက်ဖျက်ရေး၊ အရက် အလွန်အကျွံ သောက်သုံးခြင်းနှင့် နောက်ဆက်တွဲ အ္တရာယ်များ လျှော့ချ ရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းတို့က သဘာပတိအဖြစ် ဆောင်ရွက်ကြပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့မှ ပညာရှင်များက ကဏ္ဍအလိုက် အလှည့်ကျ တင်ပြဆွေးနွေးကြသည်။ ထို့နောက် နှီးနှောဖလှယ်ပွဲ တက်ရောက်လာကြသူများက တင်ပြ ဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ မေးမြန်း ဆွေးနွေးကြသည်။ ကျန်းမာရေးအဆင့်မြှင့် ကျောင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ဇွန် ၁၂ရက် နှင့် ၁၃ ရက် နှစ်ရက်တာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment