Thursday, June 20, 2019

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၄) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုကျင်းပသော သစ်ပင်စိုက်ပွဲ အခမ်းအနားမှတ်တမ်းဓါတ်ပုံများ

နေပြည်တော် ၂၀၁၉ ဇွန် ၁၂
ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများအရှိန်အဟုန်မြှင့်တင်ရေး အမျိုးသား အဆင့်နှီးနှောဖလှယ်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားသည်။ နှီးနှောဖလှယ်ပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးတို့က အမှာစကား ပြောကြားကြသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ကျောင်းကျန်းမာရေး အဆင့် မြှင့်တင်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ရေး လုပ်ငန်းစဉ်များသည် ကျန်းမာရေးကဏ္ဍ လုပ်ငန်းစဉ်များ အတွက် လမ်းပြမြေပုံကြီးဖြစ်သော အမျိုးသားကျန်းမာရေး စီမံကိန်း ၂၀၁၇-၂၀၂၁ နှင့် တန်းတူညီစွာပင် အရေးကြီး ပါကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၂၀ ရာခိုင်နှုန်း ခန့်ရှိသော နိုင်ငံ၏အနာဂတ် ကျောင်းနေ အရွယ်လူငယ်များ ကျန်းမာမှုအဆင့် မြင့်မားခြင်းအားဖြင့် နိုင်ငံတော်ကြီး တစ်ခုလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် လွန်စွာ အထောက်အကူပြုမည် ဖြစ်ပါကြောင်း။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ကြားခဲ့သော မိန့်ခွန်းတွင် ပါဝင်သည့် အချက်များသည် လုပ်ငန်းများ ချမှတ် ဆောင်ရွက်ရန်အတွက် အခြေခံသဘော တရားနှင့် လမ်းòန်များသဖွယ်ပင်ဖြစ်ပါ ကြောင်း၊ အဆိုပါအချက်များကို ကိုးကား၍ ယခုနှီးနှောဆွေးနွေးဖလှယ်ပွဲတွင် ပညာရေး၊ ကျန်းမာရေးနှင့် အားကစားအပါအဝင်ကဏ္ဍစုံမှ ပညာရှင် များ၏ ဆွေးနွေးအကြံပြုချက်များ ရယူ၍ နိုင်ငံ၏ အခြေအနေနှင့် ကျောင်း ကျန်းမာရေးလုပ်ငန်းဆိုင်ရာ နောက်ခံ အချက်အလက်များနှင့် ကိုက်ညီပြီး လက်တွေ့အကောင်အထည်ဖော် ဆောင် ရွက်နိုင်မည့် မဟာဗျူဟာများနှင့် ရှေ့လုပ်ငန်းစဉ်များ စနစ်တကျချမှတ် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။ အဆိုပါ မဟာဗျူဟာနှင့် လုပ်ငန်း စဉ်များကိုလည်း အချိန်ကာလအလိုက် ပြောင်းလဲလာသော အခြေအနေ အကြောင်းအရာများနှင့် မွမ်းမံပြင်ဆင်၍ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကျောင်းကျန်းမာရေးအဆင့် မြှင့်တင်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး လုပ်ငန်းအကြောင်းအရာ (၇) ရပ်ကို လက်တွေ့ အကောင်အထည်ဖော် ဆောင် ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတစ်ခုတည်းမှ ဆောင်ရွက်၍ မရဘဲ ပညာရေးဝန်ကြီးဌာန၏ ဦးဆောင် မှု၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ ပြည်တွင်းနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့ အစည်းများ၊ လူမှုအဖွဲ့အစည်းများ အားလုံးပါဝင်ဆောင်ရွက်မှသာ အောင်မြင် မှုရရှိနိုင်မည်ဖြစ်ပါကြောင်း လုပ်ငန်းဆောင်ရွက်မှုကို စောင့်ကြည့် ခြင်းနှင့် လေ့လာသုံးသပ်ခြင်းစနစ်ကို တစ်ပါတည်းထည့်သွင်း၍checklist များအသုံးပြုပြီး ဗဟို၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အဆင့်အလိုက် ပုံမှန်ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်ကာ လိုအပ်ချက်နှင့် အားနည်းချက်ရှိသည် များကို အားဖြည့်မွမ်းမံ ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ ထို့အပြင် လုပ်ငန်း ဆောင်ရွက်မှုများ၏ အောင်မြင်မှုနှင့် ရေတို၊ ရေရှည်အကျိုးသက်ရောက်မှုများ ကို အသုံးချ သုတေသနဆန်းစစ်မှုများ ပြုလုပ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။ ''ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး''လုပ်ငန်းစဉ်များ ဆောင်ရွက်သကဲ့သို့ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် လူမှုရေးဝန်ကြီးများ ဦးဆောင်မှုဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် အားကစား ကဏ္ဍတို့မှ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် အကြီးအကဲများနှင့် တာဝန်ရှိသူများ၏ တက်ကြွစွာဖြင့် လုပ်ငန်းလက်တွေ့ အကောင်အထည် ဖော်မှုသည် အရေးကြီးပါကြောင်း။ ယခုဆောင်ရွက်သည့် လုပ်ငန်းစဉ် အကြောင်းအရာ (၇) ရပ်နှင့် ကျောင်း ကျန်းမာရေးလုပ်ငန်းစဉ် ၉ ချက်တို့ ပေါင်းစပ်၍ လုပ်ငန်းဆောင်ရွက်မှုများ ရေရှည် တည်တံ့စေရေးအတွက် ဝန်ကြီး ဌာနအသီးသီးရှိ ကျောင်းအားလုံးမှ ကျောင်းအုပ်ကြီးများနှင့် ဆရာများ သာမက ကျောင်းသားမိဘများ၊ မိဘ-ဆရာအသင်း၊ ကျောင်းသား ကျောင်းသူ များ၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ် များလည်း ပါဝင်နိုင်ရေးဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။ အခြေခံပညာကျောင်းများအလိုက် လုပ်ငန်းများ ဆောင်ရွက်အောင်မြင်မှုနှင့် စွမ်းဆောင်မှုများကို စံသတ်မှတ်ချက်များ နှင့်အညီ ဆန်းစစ်၍ စွမ်းဆောင်ရည် မြင့်မားသည့် ကျောင်းများကို အသိ အမှတ်ပြုဆုများ ချီးမြှင့်ရမည်ဖြစ်ပါ ကြောင်း၊ ကိုယ်ခန္ဓာနှင့် စိတ်ကျန်းမာသော လူငယ်ဘ၀များ ပိုင်ဆိုင်ကာ နိုင်ငံတော် ကြီးအတွက် တောက်ပကောင်းမွန်သော အနာဂတ်ရရှိစေရေးအတွက် မိမိဒေသနှင့် ကိုက်ညီသော လုပ်ငန်းစဉ်များကို ချမှတ် ကာ အားလုံးဝိုင်းဝန်းဆောင်ရွက်သွား ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀)နှင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံ ကိန်း(၂၀၁၆-၂၀၂၁)တို့ကို အောင်မြင်စွာ ရောက်ရှိရန်အတွက် ပညာရေးဝန်ကြီး ဌာနအနေဖြင့် မည်သည့်ခွဲခြားမှုမျှ မရှိဘဲ၊ တရားမျှတစွာ မည်သူတစ်ဦး တစ်ယောက်မျှ မကျန်ရစ်စေဘဲ ကျောင်းနေအရွယ် ကလေးအားလုံး အရည်အသွေးရှိသော ပညာသင်ယူခွင့် ရရှိရေးနှင့် ကျောင်းထွက်နှုန်း ပပျောက် ရေးကို မူဝါဒချမှတ်၍ တာဝန်ယူတာဝန်ခံ ၍ ပူးပေါင်းတီထွင်ဖန်တီးနိုင်စွမ်းရှိသော လူသားကောင်းများ ဖြစ်လာစေရန် ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါကြောင်း။ ပညာရေးဝန်ကြီး ဌာနသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် ပူးပေါင်း၍ ကျောင်းကျန်းမာရေး အဆင့်မြှင့်တင်ရေး၊ ကျန်းမာရေး အသိ ပညာပေးရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေး၊ သန့်ရှင်းသောရေ သုံးစွဲ ရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် စနစ်တကျစွန့်ပစ်ရေး၊ ကူးစက်တတ်သော၊ မကူးစက်တတ်သော ရောဂါများ ကာကွယ်ရေး၊ စိတ်ပိုင်း၊ ဦးနှောက်ပိုင်း ဆိုင်ရာ ကျန်းမာရေး၊ ယာဉ်အ္တရာယ် ကင်းရှင်းရေးနှင့် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးတို့ကို အလေးပေးလျက် ကျောင်းကျန်းမာရေးဆိုင်ရာ အစီအစဉ် များကို ကြိုးပမ်းအကောင်အထည် ဖော်လျက်ရှိပါကြောင်း။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် လည်း ပထမတန်း (Grade-1)၊ ဒုတိယ တန်း (Grade-2)၊ တတိယတန်း(Grade-3)၊ ဆဋ္ဌမတန်း(Grade-6) ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာ လမ်းညွှန်စာအုပ်များတွင် စာရိတ္တနှင့်ပြည်သူ့ နီတိ၊ ဘ၀တွက်တာ ကျွမ်းကျင်စရာ တို့ကိုလည်း အခမဲ့ဖြန့်ဝေပြီး သင်ကြား သင်ယူ လေ့ကျင့်ပေးလျက်ရှိပါကြောင်း။ ယခုဆွေးနွေးပွဲတွင် နိုင်ငံတော် အဆင့် ကျောင်းကျန်းမာရေး လှုပ်ရှားမှု အသွင်ဖြင့် ''ကိုယ်စိတ်ကျန်းမာ လူငယ် ဘ၀၊ အနာဂတ်တောက်ပ နိုင်ငံ့အလှ'' အတွက် တက်ကြွစွာ ဆွေးနွေးပြီး ပညာရေးဝန်ကြီးဌာနမှ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ ကျောင်းအုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများ၊ လုပ်အား ပေးလူငယ်များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ဝန်ကြီးဌာနများနှင့် အကောင်း ဆုံး ပူးပေါင်း၍ နိုင်ငံ့လူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်ရှိသော ကျောင်းသား ကျောင်းသူများ၊ သင်ယူသူများ၊ လူငယ်များ အားလုံးအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ စိတ်ဓာတ်ဖြင့် ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး မူးယစ်ဆေးဝါးကင်းစင်ရေး၊ အရက် ဘီယာကင်းစင်ရေး၊ ဆေးလိပ် ကင်းစင်ရေး၊ ယာဉ်အန္တရာယ် ကင်းရှင်း ရေးနှင့် ယာဉ်စည်းကမ်း လိုက်နာရေး၊ ကျန်းမာသော နေထိုင်မှုပုံစံ အသိပညာ ပေးရေး၊ မျိုးဆက်ပွားကျန်းမာရေး အသိပညာပေးရေးနှင့် ဂိမ်းစွဲလမ်းမှု လျှော့ချရေးတို့ကို ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်သွား ကြရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။ ထို့နောက် ကဏ္ဍအလိုက် ဆွေးနွေး ကြရာတွင် ဆေးလိပ်၊ ဆေးရွက်ကြီး ကင်းစင်ပပျောက်ရေး၊ ဆေးလိပ်၊ ဆေးရွက်ကြီး တိုက်ဖျက်ရေး၊ အရက် အလွန်အကျွံ သောက်သုံးခြင်းနှင့် နောက်ဆက်တွဲ အ္တရာယ်များ လျှော့ချ ရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းတို့က သဘာပတိအဖြစ် ဆောင်ရွက်ကြပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့မှ ပညာရှင်များက ကဏ္ဍအလိုက် အလှည့်ကျ တင်ပြဆွေးနွေးကြသည်။ ထို့နောက် နှီးနှောဖလှယ်ပွဲ တက်ရောက်လာကြသူများက တင်ပြ ဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ မေးမြန်း ဆွေးနွေးကြသည်။ ကျန်းမာရေးအဆင့်မြှင့် ကျောင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ဇွန် ၁၂ရက် နှင့် ၁၃ ရက် နှစ်ရက်တာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

Monday, June 17, 2019

အခြေခံပညာ သင်ရိုးညွှန်းတမ်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် ၂၀၁၉ ဇွန် ၁၆
အခြေခံပညာ သင်ရိုးညွှန်းတမ်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ပါမောက္ခ ချုပ်များကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှေးဉီးစွာ သိပ္ပံနှင့် ဝိဇ္ဇာဘာသာရပ်အဖွဲ့ခေါင်းဆောင်များက သင်ရိုးသစ် Grade-7 နှင့် Grade-10 တို့ အတွက် ကျောင်းသုံးဖတ်စာအုပ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ဘာသာရပ် သင်ရိုးညွှန်းတမ်းကော်မတီ ဉက္ကဋ္ဌဌများက သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဆွေးနွေးတင်ပြကြသည်။ ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် အမျိုးသားသင်ရိုး ညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌဌနှင့် အဖွဲ့ဝင် ဆရာကြီး ဆရာမကြီးများက လိုအပ်ချက် အခက်အခဲများနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြကြသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆွေးနွေးပြောကြား ရာတွင် ယခုကဲ့သို့ အားသွန်ခွန်စိုက် သင်ရိုးညွှန်းတမ်းများရေးဆွဲ ဆောင်ရွက်မှုများ အပေါ်တွင် ကျေးဇူးတင်ရှိပါ ကြောင်း၊ ယခုနှစ်သည် (၄)နှစ်မြောက်ဖြစ် သည့်အတွက် ရှေ့ကကြုံတွေ့ခဲ့ရသည့် အတွေ့အကြံုများပေါ်တွင် မူတည်ပြီး အားသာချက်များကို ပိုမိုအားကောင်းစေရေးနှင့် အားနည်းချက်များကို စိစစ်ဆောင်ရွက်လျက်ရှိသည် ကို တွေ့ရှိရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းများ ကိုပြန်ကြည့်ပါက အရိုးစွဲနေသည့် အလွတ်ကျက်မှတ်မှု စနစ်မှ စဉ်းစားတွေးခေါ်မှုကိုအားပေးသည့် မေးခွန်းများအဖြစ် စီစဉ် ဆောင်ရွက်သည့်အခါတွင် ဆရာကြီး ဆရာမကြီးများ၏ ဝိုင်းဝန်းပူးပေါင်းကူညီပံ့ပိုး ဆောင်ရွက်ပေးမှုများကို ကျေနပ်အားရဖြစ်မိပါကြောင်း။ Grade-1, Grade-2 ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာကိုင်စာအုပ်များ ပံ့ပိုးပေးမှုကိုကြည့်ပါက အောင်မြင်မှုရှိသည်ကို တွေ့ရှိရမည်ဖြစ် ပါကြောင်း၊ ကျောင်းများကို သွားရောက်ကြည့်ရှုပါက သင်ရိုးညွှန်းတမ်း များ၏ အရည်အသွေးကောင်းမွန်မှုနှင့် လိုအပ်ချက်များကို အဘက်ဘက်မှ စဉ်းစားပြုစုထားသည့်အတွက် ကျောင်းသား ကျောင်းသူများသည် သင်ယူလိုစိတ် ပိုမိုရှိလာကြသည် တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ Grade-3 နှင့် Grade-6 သင်ရိုးညွှန်းတမ်း များကို ဆောင်ရွက်ရာတွင် (၃)နှစ်အတွေ့ အကြုံများပေါ်မူတည်ပြီး အကောင်းဆုံးစီစဉ် ဆောင်ရွက်နိုင်ခဲ့ကြ ပါကြောင်း၊ ထို့ပြင် (၂၁)ရာစုဖြစ်သည့် ယနေ့ခေတ်တွင် ယှဉ်ပြိုင်မှုပြင်းထန်သဖြင့် အင်္ဂ္လိပ် ဘာသာစကားတစ်ခုတည်းဖြင့် လုံလောက်မှု မရှိသည့်အတွက် အခြားဒေသတွင်း ဘာသာစကားများကိုလည်း တတ်မြောက်မှုရှိရန် အရေးကြီးပါကြောင်း၊ သို့ဖြစ်၍ စာမေးပွဲဖြေဆိုရန်အတွက်သင်ယူခြင်း၊ စာမေးပွဲရမှတ် များများရရှိရန်အလွတ် ကျက်မှတ်သင်ယူခြင်းမဟုတ်ဘဲ တစ်သက်တာပတ်လုံး သင်ယူပြီးရင်းသင်ယူတတ် စေရန် အတွက် အလွတ်ကျက်ပညာရေးစနစ်မှ စဉ်းစားတွေးခေါ်မှုကိုအားပေးသည့် နက်နက်နဲနဲသင်ယူသော ပညာရေး စနစ်သို့ ပြောင်းလဲလျက်ရှိပါကြောင်း။ မိမိတို့နိုင်ငံအနေဖြင့် အဓိကလိုအပ်သည့် သင်တန်းများပေးရန် အရေးကြီးပြီး ဌာနအချင်းချင်းပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့်လိုအပ်သည့် ကျွမ်းကျင်ပညာရှင်များ၊ ကွန်ပျူတာ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ပံ့ပိုးဖြည့်ဆည်းပေး မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ယခုရေးဆွဲဆောင်ရွက်လျက် ရှိသည့် Grade-7 နှင့် Grade-10 သင်ရိုးညွှန်းတမ်းဖတ်စာအုပ်များ အချိန်မီပြီးစီးရေးသည်လည်း အရေးကြီးပါကြောင်း ဆွေးနွေးပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပညာရည်ချွန်ဆုပေးပွဲနှင့် ကျောင်းဆောင်သစ်ပေးအပ်လှူဒါန်းပွဲ အခမ်းအနားများကျင်းပ

ရန်ကုန် ၂၀၁၉ ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းများ၊ ဆရာ ဆရာမများ၊ ဂုဏ်ထူးရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဆုရ ကျောင်းသား ကျောင်းသူများဂုဏ်ပြုပွဲနှင့် National Infrastructure Holdings Co.,Ltd မှ လှူဒါန်းသည့် ကျောင်းဆောင်သစ်များအား ပေးအပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ တွင် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ကော့မှူး မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ကော့မှူး)မှ ကျောင်းသား ကျောင်းသူများက “မြန်မာ့ ကျောင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြော ကြားရာတွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းအရ ၃၁.၄၄ ရာခိုင်နှုန်းဖြစ်၍ ရန်ကုန်တိုင်း ဒေသကြီး၏အောင်ချက်ရာခိုင်နှုန်းမှာ ၃၂.၆၃ ရာခိုင်နှုန်း၊ ကော့မှူးမြို့နယ်၏ အောင်ချက်ရာခိုင်နှုန်းမှာ ၂၃.၇၇ ရာခိုင် နှုန်းဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးတွင် ဖြေဆိုသူ ၈၅၁၅၂၄ ဦးဖြစ်ပြီး အောင်မြင်သူ ၂၆၇၆၉၆ ဦး ဖြစ်သဖြင့် အောင်မြင်သည့် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ မိဘအုပ်ထိန်းသူ ပြည်သူ များအတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ သို့သော် စာမေးပွဲမအောင်သည့် ကျောင်းသား ကျောင်းသူများ အတွက် စိတ်မကောင်းပါကြောင်း၊ ဆရာ ဆရာမများ၊ မိဘအုပ်ထိန်းသူများလည်း မျှော်မှန်းသလိုဖြစ်မလာ၍ အားရကျေနပ် မည်မဟုတ်ပါကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုအောင်မြင်ရန်အတွက် အခြေခံကျသည့် အချက်များမှာ ကျောင်းသား ကျောင်းသူများအနေဖြင့် ဘာသာတွဲရွေးချယ်မှု မှန်ကန်ရန်လိုပါကြောင်း၊ ဆရာ ဆရာမများ၏ အထူးပြုဘွဲ့နှင့် သင်ကြားပို့ချသည့်ဘာသာရပ်ကိုက်ညီပြီး ဘာသာရပ် အရည်အသွေးပြည့်ဝ၍ သင်ကြားသင်ယူ မှုနည်းလမ်းကောင်းမွန်ရန် အဓိကအရေးကြီးပါကြောင်း၊ မိဘအုပ်ထိန်ုးသူ ပြည်သူများနှင့် ပူးပေါင်း၍ စနစ်တကျ သင်ယူလေ့လာရန်နှင့် သက်ဆိုင်ရာ တက္ကသိုလ်များမှ ပါမောက္ခများ၊ ဝါရင့် ဆရာ ဆရာမများနှင့်ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း၊ ဟောပြောပို့ချခြင်းများ ဆောင်ရွက်ရန်လိုအပ်ပါ ကြောင်း။
အခက်အခဲရှိသော ကျောင်းသား ကျောင်းသူများကို ပိုမိုကူညီပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ကလေးများ ကျောင်းစာသင်ခန်းတွင် ပျော်ရွှင်စေရန်အတွက် ဆရာ ဆရာမများအနေ ဖြင့် သင်ယူရာတွင် တော်ဖို့လိုပါကြောင်း၊ ဆရာ ဆရာမများ ပျော်ရွှင်မှုရှိရန် လည်းလိုအပ်ပြီး ဆရာ ဆရာမ များ၏လူမှုစီးပွားအခြေအနေကို ပိုမိုမြှင့်တင်ပေးရန်လည်း လိုအပ်ပါကြောင်း၊ အထူးသဖြင့် ကလေးများနှင့် သင်ယူရန်အခက်အခဲရှိသော ကလေးများသည် စာသင်ခန်းတွင် မပျော်နိုင်ကြပါကြောင်း၊ ယင်းတို့ကို ပျော်ရွှင်စေရန်နှင့် သင်ယူတတ်မြောက်မှုကောင်းမွန်စေရန် ဆောင်ရွက်ပေးရာတွင် အခက်အခဲများရှိနိုင်ပါ ကြောင်း၊ သို့ဖြစ်၍ ဆရာ ဆရာမများ၏မွန်မြတ်သော စိတ်ထားနှင့်ခံယူချက်ဖြစ်သော စေတနာ၊ ဝါသနာ၊ အနစ်နာခံ၍ ဆောင်ရွက်ပေးနိုင်သော ကျွမ်းကျင်မှု၊ စိတ်ဓာတ်မြင့်မားမှု၊ အကောင်းဆုံးဖြစ်အောင် ဆောင် ရွက်ပေးလိုမှု၊ တစ်သက်တာသင်ယူလိုသော စိတ်ဓာတ်များ အားကောင်းရန်လိုအပ်ပါကြောင်း၊ သို့မှသာ အခက်အခဲများ၊ မပြည့်စုံမှုများနှင့် စိန်ခေါ်မှုများကို စုပေါင်းအင်အားဖြင့် ညီညီညွတ်ညွတ်ရင်ဆိုင်ကျော်လွှား နိုင်မည်ဖြစ်ပါကြောင်း။
ဆရာ ဆရာမများ၊ ကျောင်းအုပ်ကြီးများ၊ တာဝန်ရှိသူများအနေဖြင့် ကျောင်းထွက်နှုန်းလျော့နည်း စေရေးနှင့် ကျောင်းသား ကျောင်းသူတိုင်း အထက်တန်းပညာသင်ယူပြီးမြောက်စေရေး အလေးထား ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ အခြေခံပညာကျောင်းများတွင် ပထမတန်း၊ ဒုတိယတန်း၊ တတိယ တန်း ကျောင်းသား ကျောင်းသူများအားလုံး စာရေးတတ်၊ စာဖတ်တတ်၊ အခြေခံသင်္ချာတွက်ချက်တတ်ရန် အတွက် အလေးအနက်ထားဆောင်ရွက်လျက်ရှိပြီး ကျောင်းသား ကျောင်းသူများကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ကူညီတတ်မှုရှိပြီး အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက် တတ်သော လူသားကောင်းများ ဖြစ်စေရန် လေ့ကျင့်ပေးရန်လိုအပ်ပါကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်တတ်စေရန် ငယ်စဉ်ကပင် ပြုစုပျိုးထောင်ပေးရန်လိုအပ်ပါကြောင်း၊ လူငယ်များ၏ဆန်းသစ် တီထွင်ဖန်တီးလိုသော စိတ်ဓာတ်ကို မြေတောင်မြှောက်ပေးစေလိုပါကြောင်း။
ကျောင်းများတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများကို လေးစားတန်ဖိုး ထားတတ်စေရန် အားပေးမြှင့်တင်ပေးရမည်ဖြစ်ပါကြောင်း၊ စာမေးပွဲဖြေဆိုရန်အတွက် သင်ယူခြင်းမျိုး မဟုတ်ဘဲ စာမေးပွဲရမှတ်များများရရှိရန် အလွတ်ကျက်မှတ်သင်ယူခြင်းမဟုတ်ဘဲ တစ်သက်တာပတ်လုံး သင်ယူပြီးရင်းသင်ယူတတ်စေရန် အလွတ်ကျက်ပညာရေးစနစ်မှ စဉ်းစားတွေးခေါ်မှုကိုအားပေးသည့် နက်နက်နဲနဲသင်ယူသော ပညာရေးစနစ်သို့ပြောင်းလဲ သင်ကြားသင်ယူကြရမည်ဖြစ်ပါကြောင်း၊ ဆရာဗဟိုပြု သင်ကြားနည်းစနစ်မှ စုပေါင်း၍ Project များပြုလုပ်သည့် ကျောင်းသားဗဟိုပြုသင်ကြားနည်းဖြင့် ပြောင်းလဲ သင်ကြား သင်ယူကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းစာကြည့်တိုက်များထားရှိပြီး စနစ်တကျအသုံးပြုတတ် စေရန် လေ့ကျင့်ပေးရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် သင်ထောက်ကူပစ္စည်းများအသုံးပြုသင်ကြားပေးကြရန်နှင့် အားကစားချိန်များတွင် ကိုယ်လက်လှုပ်ရှားအားကစားများ ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ထို့ပြင် ကျောင်းအလိုက် လိုအပ်လျက်ရှိသည့် စာသင်ခန်း၊ သန့်စင်ခန်းများ၊ ပရိဘောဂပစ္စည်းများ၊ သင်ထောက်ကူ ပစ္စည်းများ၊ စာအုပ်များ၊ အားကစားပစ္စည်းများ၊ သောက်သုံးရေလိုအပ်ချက်များကို စနစ်တကျစာရင်းပြုစု တင်ပြကြစေလိုပါကြောင်းနှင့် ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ရရှိသည့်ဘဏ္ဍာငွေပေါ်မူတည်၍ နှစ်စဉ် ဦးစားပေးအစီအစဉ်အလိုက် ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်တို့က အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်း က ဂုဏ်ပြုပွဲ ကျင်းပရခြင်းအတွက် ဝမ်းသာပီတိစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းဆောင်သစ်လှူဒါန်းခဲ့ကြသည့် ကျောင်းအလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခဲ့ပြီး ကော့မှူးမြို့နယ်အတွင်း ရှိလိုအပ်သော ကျောင်းများအတွက် ဗလာစာအုပ်နှင့် ကျောပိုးအိတ်များအားပေးအပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူ များက ၂၀၁၈-၂၀၁၉ ပညာ သင်နှစ်တွင် အောင်ချက် ရာခိုင်နှုန်း(ပထမ) ဆုရရှိသည့် အထက(ကျုံဒရယ်)၊ ဒုတိယဆုရရှိသည့် အထက (ကညင်ငူ)၊ တတိယဆုရရှိသည့် အထက(ကျိုက်ထော်) ကျောင်းတို့ အားဂုဏ်ပြုဆုများချီးမြှင့်ပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဘာသာရပ်ထူးချွန်ဆုရရှိသည့် ဆရာ ဆရာမ(၂၄)ဦးနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ပြီး ဝိုင်းဝန်းကူညီပေးခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်တာဝန်ရှိသူများသည် အခြေခံပညာအထက်တန်းကျောင်းခွဲ (ညောင်ကုန်း) ကျောင်းဆောင်သစ်လှူဒါန်းပွဲအခမ်းအနားသို့တက်ရောက်အမှာစကားပြောကြားကြသည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာရေး ကဏ္ဍအကောင်အထည်ဖော်အောင်မြင်ရေးအတွက် ကဏ္ဍတစ်ရပ် ဖြစ်သည့် ကျောင်းနေအရွယ်ကလေးများ၊ လူငယ်များအခြေခံပညာကို လက်လှမ်းမီသင်ယူနိုင်ခွင့်ရရှိစေ ရေးအတွက် မသင်မနေရအခမဲ့ ပညာရေးစနစ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ကလေးလူငယ်တိုင်း ခံစားခွင့်ရရှိစေရန်၊ ကျောင်းနေအရွယ် ကလေးလူငယ်တိုင်း ကျောင်းအပ်နှံရေးအခွင့်အလမ်းများတိုးတက်ရရှိစေရေး၊ ကျောင်းအပ်နှုန်းမြင့်မားစေရေးနှင့် ကျောင်းထွက်မှုနှု န်းလျော့ကျစေရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း။
နှစ်ပေါင်းများစွာ ပညာရေးကဏ္ဍတွင် အားနည်းနေခဲ့သဖြင့် ကျောင်းနေအရွယ်ကလေးများကျောင်း နေနိုင်ရန် မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများ၏စုစည်းအင်အားဖြင့် ဆရာ ဆရာမများ၊ စာသင်ခန်းများ၊ စာသင် ခုံများ စသည်တို့ကို ကိုယ့်အားကိုယ်ကိုးဖြင့် ဆောင်ရွက်ခဲ့ရပါကြောင်း၊ ပြည်သူ့အစိုးရတာဝန်ယူသည့် အချိန် မှစ၍ ကျောင်းအဆင့်တိုးမြှင့်ခြင်း၊ ဆရာ ဆရာမများခန့်ထားခြင်း၊ ကျောင်းစာသင်ခန်းများ၊ စာသင်ခုံများ၊ သင်ထောက်ကူပစ္စည်း များဖြည့်ဆည်းခြင်း၊ စာကြည့်တိုက်၊ အားကစား၊ သောက်ရေသုံးရေ၊ သန့်စင်ခန်းများ ဖြည့်ဆည်းပေးခြင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ကို အားပေးမြှင့်တင်ခြင်း၊ KG +၁၂ တန်း အခြေခံ ပညာရေးစနစ်နှင့် အခမဲ့အခြေခံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော်လည်း ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် စာသင်ဆောင်ပေါင်း ၄၅၁၂၉၊ မူလတန်းပြဆရာဦးရေ ၅၀၈၂၀၊ အလယ် တန်းပြဆရာဦးရေ ၂၂၃၃၁၊ အထက်တန်းပြဆရာဦးရေ ၁၁၃၅၀ တို့လိုအပ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ခွင့်ပြုဘဏ္ဍာငွေ အရ ကျောင်းဆောင်များ၊ ဆရာများဖြည့်ဆည်းပေးနေသော်လည်း လိုအပ်ချက် များရှိနေသေးသဖြင့် အလှူရှင်များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏လှူဒါန်းထောက်ပံ့မှုသည်လည်း အရေး ကြီးပါကြောင်း၊ ယနေ့ National Infrastructure Holdings Co.,Ltd မှ ၉၀ ပေ × ၃၀ ပေ RC တစ်ထပ် ကျောင်းဆောင်(၄)လုံး ဆောက်လုပ်လှူဒါန်းခြင်းသည် အစိုးရ၊ ပြည်သူနှင့် ပုဂ္ဂလိကကဏ္ဍတို့၏စုပေါင်း အင်အားဖြင့် လိုအပ်ချက်များကို ပူးပေါင်းဖြည့်ဆည်းခြင်းဖြစ်သဖြင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် အလှူ ရှင်များကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မုဒိတာ စကားပြောကြားရာတွင် မိမိတို့အနေဖြင့် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားများကို မဖြစ်မနေတက် ရောက်ခဲ့ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကိုတည်ဆောက်ရာတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုသည်လည်း အရေးကြီးပါကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ကျောင်းဆောင် များပေးအပ်လှူဒါန်းခြင်းဖြင့် ကျောင်းသား ကျောင်းသူများ စိတ်ချလုံခြုံသည့် စာသင်ခန်းများဖြင့် ပညာ သင်ကြားနိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍနှင့် သက်မွေးပညာကဏ္ဍများကို ရင်းနှီးမြှုပ်နှံခြင်းဖြင့် နိုင်ငံ တကာနှင့် ရင်ဘောင်တန်းလာနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် အကြောင်း အမျိုးမျိုးဖြင့် စာမသင်ကြားနိုင်သူ များကို လူတိုင်း စာတတ်မြောက်စေရ န် ကျောင်းပြင်ပပညာရေးလုပ်ငန်းများဖြင့် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကျောင်းသား ကျောင်းသူကလေးများ သည် နိုင်ငံ၏အနာဂတ်များဖြစ်သည့်အတွက် ဆရာ ဆရာမ များ၊ ကျောင်းသားမိဘများ၊ ပြည်သူများ၏ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်မည် ဖြစ်ပါ ကြောင်းနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေ ရန်စေတနာဖြင့် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် အခြေခံပညာမူလတန်းလွန်ကျောင်း (ကျုံဖာ)၌ ကျင်းပသည့် ကျောင်းဆောင်သစ်လှူဒါန်းပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြောင်း သတင်းရရှိ သည်။


ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်အဝေးသင်တက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များတွေ့ဆုံ

ရန်ကုန် ၂၀၁၉ ဇွန် ၁၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်အဝေးသင် တက္ကသိုလ်များသို့သွားရောက်ခဲ့သည်။ ထိုသို့သွားရောက်ရာတွင် အဆိုပါတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာသမဂ္ဂ၊ ကျောင်းသားသမဂ္ဂများနှင့်တွေ့ဆုံ၍ အဆင့်မြင့်ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်ကြားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ၊ အဝေးသင်တက္ကသိုလ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များ၊ အဝေးသင်တက္ကသိုလ် သင်ကြားရေးဆိုင်ရာကိစ္စရပ်များ၊ ဘာသာရပ်ဆိုင်ရာအလိုက် Online ဒီပလိုမာသင်တန်းများ ဖွင့်လှစ်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။


ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

နေပြည်တော် ၂၀၁၉ ဇွန် ၁၃

''ကိုယ်စိတ်ကျန်းမာလူငယ်ဘ၀၊ အနာဂတ်တောက်ပနိုင်ငံ့အလှ''ခေါင်းစဉ်ဖြင့် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသား အဆင့် နှီးနှောဖလှယ်ပွဲ ဒုတိယနေ့အစီအစဉ်ကို ယနေ့ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဆက်လက်ကျင်းပသည်။ နံနက်ပိုင်းအစီအစဉ်တွင် ကဏ္ဍအလိုက် ဆွေးနွေးပွဲကိုကျင်းပကြရာ ယာဉ်အ္တရာယ်နှင့် လမ်းအန္တရာယ်တို့ ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်း ပပျောက်ရေး၊ လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာဗဟု သုတများကို ထည့်သွင်းသင်ကြားနိုင်ရေး၊ ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှု ဘ၀ပုံစံများ လိုက်နာကျင့်သုံးဆောင်ရွက်ရေး၊ ကျောင်းသား ကျောင်းသူများတွင် ဂိမ်းအလွန်အကျွံ စွဲလမ်းမှုပပျောက်ရေး ခေါင်းစဉ်ဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ပညာရှင်များက ကဏ္ဍအလိုက် အလှည့်ကျ တင်ပြဆွေးနွေးကြရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်တို့က သဘာပတိအဖြစ် ဆောင်ရွက်ကြသည်။ ယင်းနောက် နှီးနှောဖလှယ်ပွဲတက်ရောက် လာကြသူများက တင်ပြဆွေးနွေးမှုများ နှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးကြသည်။ ဆက်လက်၍ နေ့လယ်ပိုင်းအစီအစဉ်တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမော်ထွန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင် ဝင်းတို့က သဘာပတိအဖြစ် ဆောင်ရွက် ကြပြီး ပြည်သှူကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့က ဦးစီးဌာနများအလိုက် ဆွေးနွေး တင်ပြကြပြီး နှီးနှောဖလှယ်ပွဲတက်ရောက် လာကြသူများက တင်ပြဆွေးနွေးမှုများ နှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးကြသည်။ ညနေပိုင်းတွင် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ရေး အမျိုးသားအဆင့်နှီးနှော ဖလှယ်ပွဲပိတ်ပွဲကို ကျင်းပရာ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားသည်။ အလားတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နှီးနှော ဖလှယ်ပွဲတွင် ပညာရှင်များ၊ ဆရာ ဆရာမများသာမက ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များ၊ ကျောင်းသားမိဘများကပါ ပါဝင်မေးမြန်းဆွေးနွေးမှုများနှင့် အကြံပြုချက်များသည် အထူးကောင်းမွန်အဆင့် မြင့်မားပြီး အဆိုပါအချက်များသည် မဟာဗျူဟာ၊ လမ်းပြမြေပုံနှင့် ရှေ့လုပ်ငန်း စဉ်များ ချမှတ်ဆောင်ရွက်ရာတွင် များစွာ အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း။ လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် ကျောင်းသား ကျောင်းသူများ၏ ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာသုခများ ရရှိနိုင်မည့်အပြင် လူမှုဆက်ဆံရေးရာများတွင်လည်း များစွာအကျိုးရှိနိုင်မည် ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ကိုယ်တိုင်အကျိုးရှိမည့် ကိစ္စရပ်ဖြစ်သည့် ကျန်းမာရေး အဆင့်မြှင့်ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေးလုပ်ငန်း များတွင် ကိုယ်တိုင်တက်ကြွစွာရှေ့ဆောင် ပါဝင် ဆောင်ရွက်နိုင်စေရေးအတွက် လုပ်ငန်းများ စတင်ဆောင်ရွက်သည့် ကာလတွင် လက်တွဲခေါ်ယူ ဆောင်ရွက် သွားရန်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။


Friday, June 14, 2019

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပညာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးတို့ မူပိုင်ခွင့်ဌာနအား လွှဲပြောင်းဖွဲ့စည်းမည့် ညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော် ၂၀၁၉ ဇွန်၆
ပညာရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဌာနအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းဖွဲ့စည်းမည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၆ ရက် နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသို့လွှဲပြောင်းရောက်ရှိလာမည့် မူပိုင်ခွင့်ဌာနတာဝန်ရှိသူများအား နွေးထွေးစွာကြိုဆို ပါကြောင်း၊ မိမိတို့အနေဖြင့် အသစ်ရောက်ရှိလာမည့် မူပိုင်ခွင့်ဌာနနှင့်စပ်လျဉ်း၍ လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် အဆင်ပြေချောမွေ့စွာ လွှဲပြောင်းနိုင်ရေးအတွက် နှစ််ဖက်ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ မူပိုင်ခွင့်ဌာနအား အဆင်ပြေစွာ လွှဲပြောင်း/ လက်ခံပေးနိုင်ရေး အတွက် လွှဲပြောင်းမှုကာလအတွင်း လိုအပ်ချက်များကို နှစ်ဦးနှစ်ဖက်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။ ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ပြောကြားရာတွင် မူပိုင်ခွင့်ဦးစီးဌာနအား အမြန်ဆုံးလွှဲပြောင်းဖွဲ့စည့်နိုင်ရေးအတွက် အချိန်ဇယားသတ်မှတ် ဆောင်ရွက်ရန်လိုပါကြောင်း၊ လုပ်ငန်းများစတင်ဆောင်ရွက်နို်င်ရေးအတွက် လုပ်ငန်းအစီအမံများ ရေးဆွဲထားရန်လိုပါကြောင်း၊ လိုအပ်သောနည်းပညာ အထောက်အပံ့များ ရရှိရေးအတွက် ပြည်ပအဖွဲ့ အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။ အစည်းအဝေးသို့ တက်ရောက် လာကြသည့် တာဝန်ရှိသူများကလည်း ပညာရေး ဝန်ကြီးဌာန လက်အောက်ရှိ မူပိုင်ခွင့်ဌာနအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်သို့ လွှဲပြောင်းဖွဲ့စည်းရာတွင် အဆင်ပြေချောမွေ့စွာ လွှဲပြောင်းနိုင်ရေးအတွက် ဝန်ကြီးဌာနများမှ ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ ဖွဲ့စည့်ပုံပြင်ဆင်ရေးဆွဲရေးဆိုင်ရာများ၊ မူပိုင်ခွင့်ဦးစီးဌာနရုံးဖွင့် လှစ်မည့်အခြေအနေနှင့် လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ အသစ်ထွက်ပေါ်လာမည့် ဌာနသစ် ဖွဲ့စည်းရာတွင်လိုအပ်လာမည့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါ အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ကိုယ်စိတ်ကျန်းမာ လူငယ်ဘ၀၊ အနာဂတ်တောက်ပ နိုင်ငံ့အလှ ခေါင်းစဉ်ဖြင့် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ ကျင်းပ

နေပြည်တော် ၂၀၁၉ ဇွန် ၁၂
ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများအရှိန်အဟုန်မြှင့်တင်ရေး အမျိုးသား အဆင့်နှီးနှောဖလှယ်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားသည်။ နှီးနှောဖလှယ်ပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးတို့က အမှာစကား ပြောကြားကြသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ကျောင်းကျန်းမာရေး အဆင့် မြှင့်တင်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ရေး လုပ်ငန်းစဉ်များသည် ကျန်းမာရေးကဏ္ဍ လုပ်ငန်းစဉ်များ အတွက် လမ်းပြမြေပုံကြီးဖြစ်သော အမျိုးသားကျန်းမာရေး စီမံကိန်း ၂၀၁၇-၂၀၂၁ နှင့် တန်းတူညီစွာပင် အရေးကြီး ပါကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၂၀ ရာခိုင်နှုန်း ခန့်ရှိသော နိုင်ငံ၏အနာဂတ် ကျောင်းနေ အရွယ်လူငယ်များ ကျန်းမာမှုအဆင့် မြင့်မားခြင်းအားဖြင့် နိုင်ငံတော်ကြီး တစ်ခုလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် လွန်စွာ အထောက်အကူပြုမည် ဖြစ်ပါကြောင်း။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ကြားခဲ့သော မိန့်ခွန်းတွင် ပါဝင်သည့် အချက်များသည် လုပ်ငန်းများ ချမှတ် ဆောင်ရွက်ရန်အတွက် အခြေခံသဘော တရားနှင့် လမ်းòန်များသဖွယ်ပင်ဖြစ်ပါ ကြောင်း၊ အဆိုပါအချက်များကို ကိုးကား၍ ယခုနှီးနှောဆွေးနွေးဖလှယ်ပွဲတွင် ပညာရေး၊ ကျန်းမာရေးနှင့် အားကစားအပါအဝင်ကဏ္ဍစုံမှ ပညာရှင် များ၏ ဆွေးနွေးအကြံပြုချက်များ ရယူ၍ နိုင်ငံ၏ အခြေအနေနှင့် ကျောင်း ကျန်းမာရေးလုပ်ငန်းဆိုင်ရာ နောက်ခံ အချက်အလက်များနှင့် ကိုက်ညီပြီး လက်တွေ့အကောင်အထည်ဖော် ဆောင် ရွက်နိုင်မည့် မဟာဗျူဟာများနှင့် ရှေ့လုပ်ငန်းစဉ်များ စနစ်တကျချမှတ် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။ အဆိုပါ မဟာဗျူဟာနှင့် လုပ်ငန်း စဉ်များကိုလည်း အချိန်ကာလအလိုက် ပြောင်းလဲလာသော အခြေအနေ အကြောင်းအရာများနှင့် မွမ်းမံပြင်ဆင်၍ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကျောင်းကျန်းမာရေးအဆင့် မြှင့်တင်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး လုပ်ငန်းအကြောင်းအရာ (၇) ရပ်ကို လက်တွေ့ အကောင်အထည်ဖော် ဆောင် ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတစ်ခုတည်းမှ ဆောင်ရွက်၍ မရဘဲ ပညာရေးဝန်ကြီးဌာန၏ ဦးဆောင် မှု၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ ပြည်တွင်းနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့ အစည်းများ၊ လူမှုအဖွဲ့အစည်းများ အားလုံးပါဝင်ဆောင်ရွက်မှသာ အောင်မြင် မှုရရှိနိုင်မည်ဖြစ်ပါကြောင်း လုပ်ငန်းဆောင်ရွက်မှုကို စောင့်ကြည့် ခြင်းနှင့် လေ့လာသုံးသပ်ခြင်းစနစ်ကို တစ်ပါတည်းထည့်သွင်း၍checklist များအသုံးပြုပြီး ဗဟို၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အဆင့်အလိုက် ပုံမှန်ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်ကာ လိုအပ်ချက်နှင့် အားနည်းချက်ရှိသည် များကို အားဖြည့်မွမ်းမံ ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ ထို့အပြင် လုပ်ငန်း ဆောင်ရွက်မှုများ၏ အောင်မြင်မှုနှင့် ရေတို၊ ရေရှည်အကျိုးသက်ရောက်မှုများ ကို အသုံးချ သုတေသနဆန်းစစ်မှုများ ပြုလုပ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။ ''ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး''လုပ်ငန်းစဉ်များ ဆောင်ရွက်သကဲ့သို့ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် လူမှုရေးဝန်ကြီးများ ဦးဆောင်မှုဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် အားကစား ကဏ္ဍတို့မှ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် အကြီးအကဲများနှင့် တာဝန်ရှိသူများ၏ တက်ကြွစွာဖြင့် လုပ်ငန်းလက်တွေ့ အကောင်အထည် ဖော်မှုသည် အရေးကြီးပါကြောင်း။ ယခုဆောင်ရွက်သည့် လုပ်ငန်းစဉ် အကြောင်းအရာ (၇) ရပ်နှင့် ကျောင်း ကျန်းမာရေးလုပ်ငန်းစဉ် ၉ ချက်တို့ ပေါင်းစပ်၍ လုပ်ငန်းဆောင်ရွက်မှုများ ရေရှည် တည်တံ့စေရေးအတွက် ဝန်ကြီး ဌာနအသီးသီးရှိ ကျောင်းအားလုံးမှ ကျောင်းအုပ်ကြီးများနှင့် ဆရာများ သာမက ကျောင်းသားမိဘများ၊ မိဘ-ဆရာအသင်း၊ ကျောင်းသား ကျောင်းသူ များ၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ် များလည်း ပါဝင်နိုင်ရေးဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။ အခြေခံပညာကျောင်းများအလိုက် လုပ်ငန်းများ ဆောင်ရွက်အောင်မြင်မှုနှင့် စွမ်းဆောင်မှုများကို စံသတ်မှတ်ချက်များ နှင့်အညီ ဆန်းစစ်၍ စွမ်းဆောင်ရည် မြင့်မားသည့် ကျောင်းများကို အသိ အမှတ်ပြုဆုများ ချီးမြှင့်ရမည်ဖြစ်ပါ ကြောင်း၊ ကိုယ်ခန္ဓာနှင့် စိတ်ကျန်းမာသော လူငယ်ဘ၀များ ပိုင်ဆိုင်ကာ နိုင်ငံတော် ကြီးအတွက် တောက်ပကောင်းမွန်သော အနာဂတ်ရရှိစေရေးအတွက် မိမိဒေသနှင့် ကိုက်ညီသော လုပ်ငန်းစဉ်များကို ချမှတ် ကာ အားလုံးဝိုင်းဝန်းဆောင်ရွက်သွား ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀)နှင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံ ကိန်း(၂၀၁၆-၂၀၂၁)တို့ကို အောင်မြင်စွာ ရောက်ရှိရန်အတွက် ပညာရေးဝန်ကြီး ဌာနအနေဖြင့် မည်သည့်ခွဲခြားမှုမျှ မရှိဘဲ၊ တရားမျှတစွာ မည်သူတစ်ဦး တစ်ယောက်မျှ မကျန်ရစ်စေဘဲ ကျောင်းနေအရွယ် ကလေးအားလုံး အရည်အသွေးရှိသော ပညာသင်ယူခွင့် ရရှိရေးနှင့် ကျောင်းထွက်နှုန်း ပပျောက် ရေးကို မူဝါဒချမှတ်၍ တာဝန်ယူတာဝန်ခံ ၍ ပူးပေါင်းတီထွင်ဖန်တီးနိုင်စွမ်းရှိသော လူသားကောင်းများ ဖြစ်လာစေရန် ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါကြောင်း။ ပညာရေးဝန်ကြီး ဌာနသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် ပူးပေါင်း၍ ကျောင်းကျန်းမာရေး အဆင့်မြှင့်တင်ရေး၊ ကျန်းမာရေး အသိ ပညာပေးရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေး၊ သန့်ရှင်းသောရေ သုံးစွဲ ရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် စနစ်တကျစွန့်ပစ်ရေး၊ ကူးစက်တတ်သော၊ မကူးစက်တတ်သော ရောဂါများ ကာကွယ်ရေး၊ စိတ်ပိုင်း၊ ဦးနှောက်ပိုင်း ဆိုင်ရာ ကျန်းမာရေး၊ ယာဉ်အ္တရာယ် ကင်းရှင်းရေးနှင့် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးတို့ကို အလေးပေးလျက် ကျောင်းကျန်းမာရေးဆိုင်ရာ အစီအစဉ် များကို ကြိုးပမ်းအကောင်အထည် ဖော်လျက်ရှိပါကြောင်း။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် လည်း ပထမတန်း (Grade-1)၊ ဒုတိယ တန်း (Grade-2)၊ တတိယတန်း(Grade-3)၊ ဆဋ္ဌမတန်း(Grade-6) ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာ လမ်းညွှန်စာအုပ်များတွင် စာရိတ္တနှင့်ပြည်သူ့ နီတိ၊ ဘ၀တွက်တာ ကျွမ်းကျင်စရာ တို့ကိုလည်း အခမဲ့ဖြန့်ဝေပြီး သင်ကြား သင်ယူ လေ့ကျင့်ပေးလျက်ရှိပါကြောင်း။ ယခုဆွေးနွေးပွဲတွင် နိုင်ငံတော် အဆင့် ကျောင်းကျန်းမာရေး လှုပ်ရှားမှု အသွင်ဖြင့် ''ကိုယ်စိတ်ကျန်းမာ လူငယ် ဘ၀၊ အနာဂတ်တောက်ပ နိုင်ငံ့အလှ'' အတွက် တက်ကြွစွာ ဆွေးနွေးပြီး ပညာရေးဝန်ကြီးဌာနမှ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ ကျောင်းအုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများ၊ လုပ်အား ပေးလူငယ်များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ဝန်ကြီးဌာနများနှင့် အကောင်း ဆုံး ပူးပေါင်း၍ နိုင်ငံ့လူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်ရှိသော ကျောင်းသား ကျောင်းသူများ၊ သင်ယူသူများ၊ လူငယ်များ အားလုံးအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ စိတ်ဓာတ်ဖြင့် ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး မူးယစ်ဆေးဝါးကင်းစင်ရေး၊ အရက် ဘီယာကင်းစင်ရေး၊ ဆေးလိပ် ကင်းစင်ရေး၊ ယာဉ်အန္တရာယ် ကင်းရှင်း ရေးနှင့် ယာဉ်စည်းကမ်း လိုက်နာရေး၊ ကျန်းမာသော နေထိုင်မှုပုံစံ အသိပညာ ပေးရေး၊ မျိုးဆက်ပွားကျန်းမာရေး အသိပညာပေးရေးနှင့် ဂိမ်းစွဲလမ်းမှု လျှော့ချရေးတို့ကို ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်သွား ကြရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။ ထို့နောက် ကဏ္ဍအလိုက် ဆွေးနွေး ကြရာတွင် ဆေးလိပ်၊ ဆေးရွက်ကြီး ကင်းစင်ပပျောက်ရေး၊ ဆေးလိပ်၊ ဆေးရွက်ကြီး တိုက်ဖျက်ရေး၊ အရက် အလွန်အကျွံ သောက်သုံးခြင်းနှင့် နောက်ဆက်တွဲ အ္တရာယ်များ လျှော့ချ ရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းတို့က သဘာပတိအဖြစ် ဆောင်ရွက်ကြပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့မှ ပညာရှင်များက ကဏ္ဍအလိုက် အလှည့်ကျ တင်ပြဆွေးနွေးကြသည်။ ထို့နောက် နှီးနှောဖလှယ်ပွဲ တက်ရောက်လာကြသူများက တင်ပြ ဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ မေးမြန်း ဆွေးနွေးကြသည်။ ကျန်းမာရေးအဆင့်မြှင့် ကျောင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ဇွန် ၁၂ရက် နှင့် ၁၃ ရက် နှစ်ရက်တာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။


Tuesday, June 11, 2019

နေပြည်တော် ၂၀၁၉ ဇွန် ၁၀ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး သည် နေပြည်တော် ရုံးအမှတ်(၅၂)ရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းထုတ်ပေးနေမှုများအား လှည့်လည်ကြည့်ရှုစဉ်

နေပြည်တော် ၂၀၁၉ ဇွန် ၁၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး သည် နေပြည်တော် ရုံးအမှတ်(၅၂)ရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းထုတ်ပေးနေမှုများအား လှည့်လည်ကြည့်ရှုစဉ်









ကျောင်းအခြေပြု စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာလမ်းညွှန်ချက်(မူကြမ်း) အတည်ပြုနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ













Monday, June 10, 2019

အင်္ဂလိပ်စာဘာသာစကား ကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၃) ကြိုဆိုပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ၂၀၁၉ ဇွန် ၈



နေပြည်တော်ရှိ ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများအတွက် အင်္ဂလိပ်စာ ဘာသာစကား ကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၃) ကြိုဆိုပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)၊ အဆင့်မြင့်ပညာဦးစီးဌာန မြေညီထပ်ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများ စွမ်းရည်မြင့်မားစေရေး အထောက်အကူဖြစ်စေရန် ပညာရေးဝန်ကြီးဌာနအနေဖြင့် တစ်ဖက်တစ်လမ်းမှ ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ သီတင်း(၁၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးမည့် အင်္ဂလိပ်စာဘာသာ စကားကျွမ်းကျင်မှုမြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၃)ကို တက်ရောက်လာကြသည့် နေပြည်တော်ရှိ ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဖွဲ့အစည်း(၂၅)ခုမှ သင်တန်းသား သင်တန်းသူ အရာထမ်း(၁၀၄)ဦး၊ အမှုထမ်း(၁၀၄)ဦးတို့အား လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ သင်တန်းအမှတ်စဉ်(၂)ကို အရာထမ်း(၇၀)ဦး၊ အမှုထမ်း(၅၅)ဦးတို့ဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီး အင်္ဂလိပ်စာကျွမ်းကျင်မှုလက်မှတ် (Certificate of English Language Proficiency)အား ၂၉-၅-၂၀၁၉ ရက်နေ့တွင် ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ရာတွင် ပိုမိုထိရောက်အောင်မြင်စေရန်အတွက် မိမိ၏အရည်အသွေးကို မြှင့်တင်နိုင်သည့် အခွင့်အရေးအား မိမိရရဆုပ်ကိုင်ရာ သင်တန်းတက်ရောက်လာကြသော သင်တန်းသား သင်တန်းသူများအား ချီးကျူးဂုဏ်ပြုပါကြောင်း၊ ယနေ့အချိန်အခါသည် နိုင်ငံတော်အနေဖြင့် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံဖြစ်လာစေရန် ပြည်သူနဲ့အတူလက်တွဲ ကြိုးပမ်းနေချိန်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် လူတိုင်းအကျုံးဝင်သော အရည်အသွေးမြင့်ပညာရေးနှင့် လူတိုင်းအတွက်တစ်သက်တာသင်ယူမှု အခွင့်အလမ်းကောင်းများကို ဖန်တီးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုသင်တန်းသည် သင်တန်းသား သင်တန်းသူများအား တက်ကြွသော၊  ဆန်းသစ်သော အင်္ဂလိပ်ဘာသာ စကား လေ့လာသူများဖြစ်လာအောင်၊ မိမိအလုပ်အကိုင်တိုးတက်မှု အခွင့်အလမ်းရှာဖွေ သူများဖြစ်လာအောင် ပြောင်းလဲပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။ အခမ်းအနားအပြီးတွင် သင်တန်းသား သင်တန်းသူများနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်သော အင်္ဂလိပ်စာဘာသာစကားကျွမ်းကျင်မှု မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၃)ကို (၁၁-၅-၂၀၁၉ ရက်နေ့မှ ၂၈-၇ -၂၀၁၉) ရက်နေ့အထိ ဖွင့်လှစ်လျက်ရှိပြီး သင်တန်းများကို ဆက်လက်တိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Tuesday, June 4, 2019

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Myanmar Responsible Business and Human Rights Forum သို့တက်ရောက်

ရန်ကုန် ၂၀၁၉ မေ ၃၀
မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကျင်းပပြုလုပ်သည့်  Myanmar Responsible Business and Human Rights Forum အခမ်းအနားကို မေလ ၃၀ ရက်နေ့ နံနက် ၉နာရီခွဲတွင် ရန်ကုန်မြို့ Melia Hotel ၌ ကျင်းပပြုလုပ်ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။