Friday, November 29, 2019

မြန်မာနိုင်ငံ၏ နည်းပညာနှင့် သက်မွေးပညာရေးစနစ်အပေါ် သုံးသပ်ထားသည့် အစီရင်ခံစာ စတင်မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ၂၀၁၉ နိုဝင်ဘာ ၂၈
မြန်မာနိုင်ငံ၏ နည်းပညာနှင့် သက်မွေးပညာရေးစနစ်အပေါ် သုံးသပ်ထားသည့် အစီရင်ခံစာ စတင်မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက GIZ ၏ ကူညီထောက်ပံ့မှု၊ UNESCO ၏ နည်းပညာထောက်ပံ့မှုများနှင့်အတူ ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ၏ နည်းပညာသက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍအပေါ် လေ့လာသုံးသပ်မှု အစီရင်ခံစာ Myanmar TEVT System Review Report မှတစ်ဆင့် လာမည့် NESP (၂၀၂၁-၂၀၃၀)တွင် မြန်မာနိုင်ငံ၏ TVET ကဏ္ဍနှင့်စပ်လျဉ်း၍ ထည့်သွင်း ဆောင်ရွက်နိုင်မည့် ရလဒ်ကောင်းများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ TEVT System Review Report တွင် လုပ်သားဈေးကွက် လိုအပ်ချက်များကို လေ့လာခြင်း၊ ပညာရေးစနစ်ကို ခြုံငုံလေ့လာပြီး TVET System တွင် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး လေ့လာခြင်း၊ Digital နည်းပညာဆိုင်ရာ ကျွမ်းကျင်တတ်မြောက်မှုများ တိုးတက်ရန်အတွက် လေ့လာခြင်းများနှင့် ယခုအစီရင်ခံစာတွင် ဖော်ပြထားသည့် လေ့လာဆန်းစစ်တွေ့ရှိချက်များ၊ စိန်ခေါ်မှုများကိုအခြေခံပြီး Social and Economic Development , Skills Needs in labor Market , Governance and Relevance of TVET , Expansion of Quality TVET Programmes, Reform of existing TVET Programmes,TVET Financing နှင့် Digitization တို့အတွက် အကျိုးရှိထိရောက်သော အရေးကြီးသည့် အစီရင်ခံစာတစ်ခုဖြစ်ပါကြောင်း၊ TVET ကဏ္ဍတွင် ဒေသအကျိုးပြု ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများတိုးချဲ့ဖွင့်လှစ်ခြင်း၊ စွမ်းဆောင်ရည်မြင့်မားသော သင်တန်းဆရာများခန့်ထားရန် စီစဉ်ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဒီဂျစ်တယ်နည်းပညာများ အသုံးပြု၍ ဆန်းသစ်တီထွင်မှုများ အားပေးပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ဟန်ချက်ညီသောဖွံ့ဖြိုးမှုစီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရန် အားလုံးအတူ ဝိုင်းဝန်းကြိုးပမ်း ကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။ ထို့နောက် (GIZ) ၏ Head of TVET Project ဖြစ်သူ Mr.Eiko Kauffmann က ရှင်းလင်း ပြောကြားသည်။ ယင်းနောက် UNESCO Myanmar ၏ Head of Office ဖြစ်သူ Ms. Min Jeong Kim က Myanmar TEVT System Review အစီရင်ခံစာ စာအုပ်ပြုစုရေးသားခဲ့မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် GIZ နှင့် UNESCO Myanmar တို့၏ တာဝန်ရှိသူများက Myanmar TEVT System Review အစီရင်ခံစာ စာအုပ်အား ပညာရေးဝန်ကြီးဌာနသို့ ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။ ဆက်လက်၍ Myanmar TEVT System Review တွင် ပါရှိသည့် ဦးစားပေးဆောင်ရွက်ရမည့် မဟာဗျူဟာများ၊ မူဝါဒများအား ရှု့ထောင့်အမျိုးမျိုးမှ ဆွေးနွေးဖလှယ်ခြင်းနှင့် မြန်မာနိုင်ငံ၏ နည်းပညာနှင့် သက်မွေးပညာကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆွေးနွေးတင်ပြကြသည်။ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီများမှ ဥက္ကဋ္ဌများ၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင် (NEPC) ၊ အမျိုးသားသင်ရိုးညွန်းတမ်း ကော်မတီ(NCC) နှင့် ပါမောက္ခချုပ်များကော်မတီ၊ အမျိုးသားအဆင့် တရားဝင်အသိအမှတ်ပြုမှုနှင့် အရည်အသွေးအာမခံမှု ဆိုင်ရာလုပ်ငန်းကော်မတီ (NAQAC)တို့မှ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။












Thursday, November 28, 2019

ပညာရေးဝန်ကြီးဌာန ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ပညာရေးဝန်ထမ်းမိသားစုဝင်သားသမီးများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပညာရေးဝန်ကြီးဌာန ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ပညာရေးဝန်ထမ်းမိသားစုဝင်သားသမီးများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
နေပြည်တော် ၂၀၁၉ နိုဝင်ဘာ ၂၇




Tuesday, November 26, 2019

နေပြည်တော် ၂၀၁၉ နိုဝင်ဘာ ၂၂ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးကဏ္ဍ လုပ်ငန်းအညွှန်းဘောင်မိတ်ဆက်ခြင်းအခမ်းအနားကိုယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်ခန်းမ၌ကျင်းပသည်။

နေပြည်တော် ၂၀၁၉ နိုဝင်ဘာ ၂၂
ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးကဏ္ဍ လုပ်ငန်းအညွှန်းဘောင်မိတ်ဆက်ခြင်းအခမ်းအနားကိုယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းက ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁)နှင့်အညီ ပညာရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံပညာရေးကဏ္ဍတွင် ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းအပ်နှံရေး၊ ကျောင်းနေမြဲရေး၊ ကျောင်းထွက်မှုမရှိစေရေးနှင့်မည်သူတစ်ဦးတစ်ယောက်ကိုမျှ မကျန်ခဲ့စေရေး မူဝါဒဦးတည်ချက်ဖြင့်ဆောင်ရွက်လျှက်ရှိရာယနေ့ကာလတွင် ကျောင်းအပ်နှံနှုန်းများမြင့်မားလာခြင်း၊ ကျောင်းနေနှုန်းမြင့်မားလာခြင်း၊ အဆင့်ကူးပြောင်းနှုန်းမြင့်မားလာခြင်းနှင့်အတူ ကျောင်းထွက်နှုန်းများ သိသိသာသာလျော့ကျသွားပါကြောင်း၊ သို့သော်လည်းလွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်းကအကြောင်းအမျိုးမျိုးကြောင့် ကျောင်းသို့မရောက်နိုင်ခဲ့သောကျောင်းနေရွယ်လွန် ကလေးငယ်များ၊ မူလတန်းပညာပြီးဆုံးအောင် မသင်ကြားခဲ့ရသောလူငယ်များနှင့် သက်ကြီးစာမတတ်သူများကျန်ရှိနေသေးပါကြောင်း။ ယင်းအခြေအနေများကြောင့် အစိုးရသစ် စတင်တာဝန်ယူခဲ့သည့် ၂၀၁၆ ခုနှစ်ကတည်းက ပညာရေးဝန်ကြီးဌာနတွင် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနအသစ်ကိုတိုးချဲ့ဖွဲ့စည်းတည်ထောင်ပေးခဲ့ပြီးကျောင်းပြင်ပမူလတန်းပညာရေးနှင့်ကျောင်းပြင်ပအလယ်တန်းပညာရေး၊ လူငယ်များနှင့်သက်ကြီးစာမတတ်သူများအတွက် စာတတ်မြောက်ရေးလုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်အောင် စီမံဆောင်ရွက်ပေးခဲ့ပါကြောင်း၊
ယခုလိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးကဏ္ဍလုပ်ငန်းအညွှန်းဘောင်သည် နိုင်ငံတော်ကဆောင်ရွက်နေသည့် “မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားဘဲ ပညာသင်ယူခွင့်ရရှိရေမူဝါဒဦးတည်ချက်” ကိုအထောက်အကူပြု စေသည့် လုပ်ငန်းအညွှန်းဘောင်တစ်ခုဖြစ်ပါကြောင်း၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေး လုပ်ငန်းများကို လွှမ်းခြုံအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမိုပြီးစနစ်တကျ၊ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အထောက်အကူပြုသောလုပ်ငန်းအညွှန်းဘောင်ဖြစ်မည်ဟုမျှော်လင့် ပါကြောင်း၊ ယခုမိတ်ဆက်တင်ပြသော ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကဏ္ဍ လုပ်ငန်းအညွှန်းဘောင်အား ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ(၆)ရက်၊ နေပြည်တော်တွင် ကျင်းပခဲ့သောကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဖိုရမ်မှစတင်၍ ပညာရှင်များ၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၏ဆွေးနွေးချက်များ၊ အကြံပြုချက်များ၊ ပြင်ဆင်ချက်များနှင့်ဖြည့်စွက်ချက်များကိုလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲများနှင့် အစည်းအဝေးများ အကြိမ်ကြိမ်ဆောင်ရွက်ကာ ညှိနှိုင်းရေးဆွဲပြုစုခဲ့ခြင်း ဖြစ်ပါကြောင်း၊ လုပ်ငန်းအညွှန်းဘောင်ပြုစုရေးဆွဲမိတ်ဆက်နိုင်ရေး ပူးပေါင်းကူညီပံ့ပိုးပေးခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်နှင့်အဖွဲ့ဝင်များ၊ အရည်အသွေးရှိ အခြေခံပညာရေးမြှင့်တင်မှု အစီအစဉ်မှတဆင့် ထောက်ပံ့ကူညီပေးကြသည့်ဒိန်းမတ်နိုင်ငံ၊ဥရောပသမဂ္ဂ၊ ယူနီဆက်(မြန်မာ)နှင့်မိတ်ဖက်အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် လူမှုအဖွဲ့အစည်းများမှပုဂ္ဂိုလ်များ၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကဏ္ဍ၊ လုပ်ငန်းအညွှန်းဘောင်ပြုစုရေးဆွဲရေးလုပ်ငန်းအဖွဲ့ဝင်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါကြောင်းစသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ယူနီဆက်(မြန်မာ)မှ ဒုတိယဌာနေကိုယ်စားလှယ် Mr.Pauls Edwards က နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။
ထို့နောက် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးကဏ္ဍအညွှန်းဘောင်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ယူနီဆက်(မြန်မာ)မှ ဒုတိယဌာနေကိုယ်စားလှယ် Mr. Pauls Edwards က အညွှန်းဘောင်စာအုပ်များပေးအပ်ရာဒုတိယဝန်ကြီးကလက်ခံရယူပြီးအမှတ်တရစုပေါင်းဓာတ်ပုံများရိုက်ကူးကြသည်။
ထို့နောက် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဆိုင်ရာကဏ္ဍအလိုက်လုပ်ငန်းအဖွဲ့ဒသမအကြိမ်မြောက်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်(၁း၃၀)နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာနရုံးအမှတ်(၅၂)၌ ဆက်လက် ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။





Friday, November 22, 2019

ကမ္ဘာ့ရေအိမ်များနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော် ၂၀၁၉ နိုဝင်ဘာ ၁၉

ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် သန့်စင်မေတ္တာ အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ကမ္ဘာ့ရေအိမ်များနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန - ၂ ၌ ကျင်းပသည်။
အခမ်းအနားသို့ သန့်စင်မေတ္တာအဖွဲ့ ဂုဏ်ထူးဆောင်နာယက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဇနီး၊ ဒေါက်တာမြင့်ထွေးနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေနှင့် ဇနီး၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၏ဇနီး၊ အမျိုးသားလွှတ်တော် အစိုးရမဟုတ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌများ၊ အမျိုးသား လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သံတမန်များ၊ ကုလသမဂ္ဂ ဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဆုရကျောင်းသားကျောင်းသူများ၊ သန့်စင်မေတ္တာအဖွဲ့ဝင်များ၊ ရင်ခွင်မဲ့ကလေးသူငယ်များ လျှော့ချရေးနှင့် ကာကွယ်ရေးအသင်းဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ “သန့်စင်တဲ့ မေတ္တာ”တေးသီချင်းဗီဒီယိုပြသ၍ အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဒေါက်တာမြင့်ထွေးတို့က အမှာစကားများ ပြောကြားကြသည်။
ယင်းနောက် ကမ္ဘာ့ရေအိမ်များနေ့ အထိမ်းအမှတ်ပြိုင်ပွဲဝင် ဗီဒီယိုများကို ပြသပြီး ကမ္ဘာ့ရေအိမ်များနေ့ အထိမ်းအမှတ်တေးသီချင်းပြိုင်ပွဲ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်ပြိုင်ပွဲများတွင် ပထမဆုရရှိကြသူများ က ပြိုင်ပွဲဝင်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။
ထို့နောက် သန့်စင်မေတ္တာအဖွဲ့ဂုဏ်ထူးဆောင်နာယက ဒေါက်တာရွှေလွှမ်း က ကမ္ဘာ့ရေအိမ်များနေ့ သီချင်းဆိုပြိုင်ပွဲတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ပြိုင်ပွဲများတွင် ပထမဆုရရှိကြသူများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တွင် ဒုတိယဆုရရှိကြသူများကိုလည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း အဆင့်တွင် တတိယဆုရရှိကြသူများကိုလည်းကောင်း၊ သန့်စင်မေတ္တာအဖွဲ့ဥက္ကဋ္ဌ ဦးနေအုပ်က နည်းပညာကျောင်းများနှင် တက္ကသိုလ်အဆင့်တွင် အထူးဆုရရှိ ကြသူများကိုလည်းကောင်း၊ သန့်စင်မေတ္တာအဖွဲ့နာယက Mrs. Hisayo- Yoshida က အများနှစ်သက်မှုဆုရရှိကြသူများကိုလည်းကောင်း ဂုဏ်ပြုဆု များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ဒုတိယသမ္မတ၏ ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာမျိုးသိမ်းကြီးနှင့် ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေတို့သည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ကမ္ဘာ့ရေအိမ်များနေ့ အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
























ပြည်ထောင်စု၀န်ကြီး ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်အကြို မိတ်ဆုံညစာစားပွဲနှင့် ရန်ပုံငွေအားဖြည့်ပွဲ အခမ်းအနားတက်ရောက်

ရန်ကုန် ၂၀၁၉ နို၀င်ဘာ ၁၉
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့ည ၇ နာရီတွင် ရန်ကုန် မြို့ အင်းလျားလမ်းရှိ Golden Inya Restaurant ၌ကျင်းပသည့် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အကြို မိတ်ဆုံညစာစားပွဲနှင့် ရန်ပုံငွေေအားဖြည့်ပွဲ အခမ်းအနားသို့တက်ရောက်သည်။
ရှေးဦးစွာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က အမှာစကားပြောကြားကြသည်။
ထို့နောက် ရန်ကုန်တက္ကသိုလ်ကျောင်းဟားဟောင်းတစ်ဦးက ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ပါ၀င်ပံ့ပိုးကူညီမည့် အစီအစဉ်များအား ဆေွးနွေးတင်ပြပြီး တက်ရောက်လာကြသည့် ကျောင်းသားဟောင်းများက အကြံပြုဆေွးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။