နေပြည်တော် ၂၀၁၉ နိုဝင်ဘာ ၂၈
မြန်မာနိုင်ငံ၏
နည်းပညာနှင့် သက်မွေးပညာရေးစနစ်အပေါ် သုံးသပ်ထားသည့် အစီရင်ခံစာ
စတင်မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်
မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမျိုးသိမ်းကြီးက GIZ ၏ ကူညီထောက်ပံ့မှု၊ UNESCO ၏
နည်းပညာထောက်ပံ့မှုများနှင့်အတူ ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ၏
နည်းပညာသက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍအပေါ် လေ့လာသုံးသပ်မှု
အစီရင်ခံစာ Myanmar TEVT System Review Report မှတစ်ဆင့် လာမည့် NESP
(၂၀၂၁-၂၀၃၀)တွင် မြန်မာနိုင်ငံ၏ TVET ကဏ္ဍနှင့်စပ်လျဉ်း၍ ထည့်သွင်း
ဆောင်ရွက်နိုင်မည့် ရလဒ်ကောင်းများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ TEVT System
Review Report တွင် လုပ်သားဈေးကွက် လိုအပ်ချက်များကို လေ့လာခြင်း၊
ပညာရေးစနစ်ကို ခြုံငုံလေ့လာပြီး TVET System တွင် တွေ့ကြုံနေရသည့်
စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး လေ့လာခြင်း၊ Digital နည်းပညာဆိုင်ရာ
ကျွမ်းကျင်တတ်မြောက်မှုများ တိုးတက်ရန်အတွက် လေ့လာခြင်းများနှင့်
ယခုအစီရင်ခံစာတွင် ဖော်ပြထားသည့် လေ့လာဆန်းစစ်တွေ့ရှိချက်များ၊
စိန်ခေါ်မှုများကိုအခြေခံပြီး Social and Economic Development , Skills
Needs in labor Market , Governance and Relevance of TVET , Expansion of
Quality TVET Programmes, Reform of existing TVET Programmes,TVET
Financing နှင့် Digitization တို့အတွက် အကျိုးရှိထိရောက်သော အရေးကြီးသည့်
အစီရင်ခံစာတစ်ခုဖြစ်ပါကြောင်း၊ TVET ကဏ္ဍတွင် ဒေသအကျိုးပြု
ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများတိုးချဲ့ဖွင့်လှစ်ခြင်း၊
စွမ်းဆောင်ရည်မြင့်မားသော သင်တန်းဆရာများခန့်ထားရန် စီစဉ်ဆောင်ရွက်ခြင်း၊
ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဒီဂျစ်တယ်နည်းပညာများ
အသုံးပြု၍ ဆန်းသစ်တီထွင်မှုများ အားပေးပြီး ရေရှည်တည်တံ့ခိုင်မြဲသည့်
ဟန်ချက်ညီသောဖွံ့ဖြိုးမှုစီမံကိန်းများ အောင်မြင်စွာ
အကောင်အထည်ဖော်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရန် အားလုံးအတူ
ဝိုင်းဝန်းကြိုးပမ်း ကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း
တိုက်တွန်းပြောကြားသည်။ ထို့နောက် (GIZ) ၏ Head of TVET Project ဖြစ်သူ
Mr.Eiko Kauffmann က ရှင်းလင်း ပြောကြားသည်။ ယင်းနောက် UNESCO Myanmar ၏
Head of Office ဖြစ်သူ Ms. Min Jeong Kim က Myanmar TEVT System Review
အစီရင်ခံစာ စာအုပ်ပြုစုရေးသားခဲ့မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် GIZ နှင့် UNESCO Myanmar တို့၏ တာဝန်ရှိသူများက Myanmar TEVT
System Review အစီရင်ခံစာ စာအုပ်အား ပညာရေးဝန်ကြီးဌာနသို့ ပေးအပ်ရာ
ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။ ဆက်လက်၍ Myanmar TEVT System Review တွင်
ပါရှိသည့် ဦးစားပေးဆောင်ရွက်ရမည့် မဟာဗျူဟာများ၊ မူဝါဒများအား
ရှု့ထောင့်အမျိုးမျိုးမှ ဆွေးနွေးဖလှယ်ခြင်းနှင့် မြန်မာနိုင်ငံ၏
နည်းပညာနှင့် သက်မွေးပညာကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက်
ဆွေးနွေးတင်ပြကြသည်။ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်နှင့်
အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီများမှ ဥက္ကဋ္ဌများ၊
အမျိုးသားပညာရေးမူဝါဒ ကော်မရှင် (NEPC) ၊ အမျိုးသားသင်ရိုးညွန်းတမ်း
ကော်မတီ(NCC) နှင့် ပါမောက္ခချုပ်များကော်မတီ၊ အမျိုးသားအဆင့်
တရားဝင်အသိအမှတ်ပြုမှုနှင့် အရည်အသွေးအာမခံမှု ဆိုင်ရာလုပ်ငန်းကော်မတီ
(NAQAC)တို့မှ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ
ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊
သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
No comments:
Post a Comment