ရန်ကုန် ၂၀၁၉ နိုဝင်ဘာ ၉
“ပညာရေးနှင့်
ရေရှည်ဖွံ့ဖြိုးတိုးတက်မှု” ခေါင်းစဉ်ဖြင့် ဂျာမနီနိုင်ငံ
ပညာတော်သင်ကျောင်းသား ဟောင်းများအဖွဲ့ နှစ်ပတ်လည် အစည်းအဝေးကို ယနေ့နံနက် ၉
နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ် စိန်ရတု ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက
အမှာစကားပြော ကြားရာတွင် ဂျာမနီနိုင်ငံနှင့် DAAD တို့သည် မြန်မာနိုင်ငံမှ
အစိုးရဝန်ထမ်းများနှင့် လူငယ်များအတွက် ဘွဲ့ဒီဂရီပညာသင်အစီအစဉ်များ
ရရှိနိုင်ရန် နှစ်ပေါင်းများစွာအကူအညီ ပေးလျက်ရှိပါကြောင်း၊ ဂျာမနီနိုင်ငံ
ပညာသင်ကျောင်းသားဟောင်းများ (မြန်မာ)(German Alumni Association
Myanmar-GAAM)အနေဖြင့် ဂျာမနီ နိုင်ငံတွင် သင်ယူစရာများနှင့်
မည်သို့သင်ကြားသင်ယူရမည်တို့ကို သိရှိလာရသည့်အတွက်
များစွာဝမ်းမြောက်မိပါကြောင်း၊ ဂျာမနီနိုင်ငံမှ ရရှိခဲ့သော
တန်ဖိုးရှိသောအတွေ့အကြုံများဖြင့် မိမိတို့မြန်မာနိုင်ငံ တွင်
ကျွမ်းကျင်မှုမြင့်မားလာစေရန်နှင့် အသိပညာဖွံ့ဖြိုးလာစေရန်
ပူးပေါင်းဆောင်ရွက်လျက် ရှိကြပါကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်းအရ မြန်မာ့ပညာရေး စနစ်ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် မည်သည့် ခွဲခြားမှု မျှမရှိစေရေး၊ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ချန်မထားရေး ဟူသော မူဝါဒကိုအခြေခံ၍ သင်ကြားသင်ယူ ခြင်း၊ လေ့ကျင့်ခြင်း၊ သုတေသနနှင့်တီထွင်ဆန်းသစ်ဖန်တီးမှု စသည့် ရည်မှန်းချက်များကို တိုးတက် အောင်မြင်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်ယူမှုဝန်းကျင်တွင် သင်ယူသူသည် အဓိကဖြစ်သည့် အတွက် လက်ရှိပညာရေးစနစ်ကို အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် စုပေါင်းဆောင်ရွက်တတ်သော သင်ယူမှုစနစ် သို့ပြောင်းလဲသင်ကြား သင်ယူရန် အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ခေတ်တွင် သင်ယူသူ အားလုံးကို လူသားကောင်းများ ဖြစ်လာစေရန်၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ တာဝန်ယူ တာဝန်ခံမှုရှိလာစေရန်နှင့် ကောင်းမွန်သောအနာဂတ်အတွက် တီထွင်ဆန်းသစ်ခြင်း၊ ဖန်တီး တတ်ခြင်းများအားကောင်းလာစေရန် ပြုစုပျိုးထောင်ပေးရမည်ဖြစ်ပါကြောင်း။

ပညာရေးဝန်ကြီးဌာနသည်
တက္ကသိုလ်များ၏သင်ရိုးညွှန်းတမ်းများ၊ သင်ယူနည်းစနစ်များ၊ သုတေ
သနနှင့်တီထွင်ဆန်းသစ်မှုများကို နိုင်ငံတကာအဆင့်မီဖြစ်စေရန်အတွက်
အလေးထားဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မြန်မာနိုင်ငံရှိ
တက္ကသိုလ်များ၏အရည်အသွေးမြင့်မားစေရန် အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊
လွတ်လပ်စွာစီမံခန့်ခွဲမှုနှင့် အရည်အသွေးအာမခံမှုများရရှိစေရန်
လိုအပ်နေပါကြောင်း၊ မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင်
အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် အတူတကွပူးပေါင်း ဆောင်ရွက်တတ်မှု၊ ကျောင်းသား
ကျောင်းသူများ၊ ဝန်ထမ်းများ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရန်၊
သင်ယူမှုရလဒ်ကောင်း များရရှိ စေရန် Simulation Model
များအသုံးပြုသင်ကြားသင်ယူနိုင်ရန် စသည့် စိန်ခေါ်မှုများကို ကြုံတွေ့နေရ
ပါကြောင်း၊ ယနေ့ကျင်းပသည့် ဆွေးနွေးပွဲတွင် မိမိတို့ကြုံတွေ့နေရသည့်
စိန်ခေါ်မှုအခက်အခဲများကို ဖြေရှင်းဆောင်ရွက်နိုင်မည့် အတွေ့အကြုံများ၊
အသိပညာဗဟုသုတ များနှင့် ဖြေရှင်းဆောင်ရွက်ချက် များကို
အချင်းချင်းမျှဝေပေးနိုင်မည့် အခွင့်အလမ်းများရရှိကြမည်ဟု
ယုံကြည်ပါကြောင်း၊ ယနေ့ အခမ်း အနားကိုကျင်းပရန် အကူအညီပံ့ပိုးပေးသည့်
ဂျာမနီနိုင်ငံ သံရုံး၊ DAADံ နှင့် ဂျာမနီနိုင်ငံ ပညာသင်
ကျောင်းသားဟောင်းများအဖွဲ့တို့အား ကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။
ထို့နောက်
ဂျာမနီပြည်ထောင်စုသမ္မတနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Mr.
Thomas Neisinger၊ Head of DAAD Regional Office in Hanoi ဖြစ်သူ Mr.Stefan
Hase-Bergen နှင့် Cologne University မှ Prof.Dr.Frauke Kraas တို့က
နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများအား German Alumni Association
Myanmar(GAAM) မှ ဥက္ကဋ္ဌ ဒေါက်တာဝင်းမောင်က အမှတ်တရပစ္စည်းများပေးအပ်ပြီး
မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် အစည်းအဝေးကို သတ်မှတ်ထားသည့် အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပခဲ့ကြသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ရန်ကုန်မြို့ Best Western
Green Hill Hotel ၌ ကျင်းပပြုလုပ်သည့် Prospect Burma ၏ တတိယအကြိမ်မြောက်
နှစ်ပတ်လည်ညီလာခံနှင့် နှစ် ၃၀ ပြည့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment