Friday, November 8, 2019

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန သင်ကြားရေးဆရာဆရာမများ ရာထူးတိုး/ပြောင်းဆောင်ရွက်မည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၁၉ နိုဝင်ဘာ ၆
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန သင်ကြားရေးဆရာဆရာမများရာထူးတိုး/ ပြောင်းဆောင်ရွက်မည့်အစည်းအဝေးကို ယနေ့ နံနက် (၈)နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃) အဆင့်မြင့်ပညာ ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့်တာဝန်ရှိသူများ၊ တက္ကသိုလ်များ၊ ကောလိပ်နှင့် ဒီဂရီကောလိပ် တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးဆောင်ရွက်ကြသည်။












No comments:

Post a Comment