Friday, November 22, 2019

ပြည်ထောင်စုနေ့သဝဏ်လွှာ ပြုစုရေးဆပ်ကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ၂၀၁၉ နိုဝင်ဘာ ၁၈
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာ ပြုစုရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ(၂)နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ နိုင်ငံတော်သမ္မတ၏ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာ ပြုစုရေးဆပ်ကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်စိုးက သဝဏ်လွှာ(မူကြမ်း)အား ရှင်းလင်းတင်ပြရာ ဥက္ကဋ္ဌနှင့်ကော်မတီဝင်များက သဝဏ်လွှာနှင့် ပတ်သက်၍ လိုအပ်သည်များကို ညှိနှိုင်းဆွေးကြသည်။ အခမ်းအနားသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီဝင် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။








No comments:

Post a Comment