နေပြည်တော် ၂၀၁၉ နိုဝင်ဘာ ၁၆
ပညာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး သည် ပြင်သစ်နိုင်ငံ
ပါရီမြို့တွင် နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်က ကျင်းပသော ဒုတိယအကြိမ်
ပါရီငြိမ်းချမ်းရေး ညီလာခံဖွင့်ပွဲအခမ်းအနား တက်ရောက်သည်။ ပြည်ထောင်စု
ဝန်ကြီးသည် နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒုတိယအကြိမ်
ပါရီငြိမ်းချမ်းရေးညီလာခံ၏ “Shine Bright: A Better Future with Innovation
in Education” ခေါင်းစဉ်ဖြင့် ကျင်းပသော
ပညာရေးဆိုင်ရာဆွေးနွေးပွဲ(Panel)တွင် ဆွေးနွေးသူအဖြစ် ပါဝင်တက်ရောက်
ဆွေးနွေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် နိုဝင်ဘာလ ၁၂ ရက်နေ့မှ
စတင်ကျင်းပသော အကြိမ် ၄၀ မြောက် ယူနက်စကိုအထွေထွေညီလာခံ သို့ တက်ရောက်ပြီး
နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် General Policy Debate ၌ National
Policy Statement မိန့်ခွန်း ပြောကြားခဲ့သည်။ ထို့အပြင်
ပြည်ထောင်စုဝန်ကြီးသည် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် Ministerial Meeting on
SDG-4 Quality Education အစည်းအဝေးကိုတက်ရောက်သည်။ ဆက်လက်၍ နိုဝင်ဘာလ ၁၃
ရက်နေ့ နံနက်တွင် International Institute of Educational Planning (IIEP)
ညွှန်ကြားရေးမှူးဖြစ်သူ Ms Suzanne Grant Lewis နှင့် တွေ့ဆုံ၍
ပညာရေးစီမံကိန်း၊ တက္ကသိုလ်အရည်အသွေး အာမခံမှုဆိုင်ရာကိစ္စရပ်များကို
ဆွေးနွေးသည်။ ဆက်လက်၍ မွန်းလွဲပိုင်းတွင် Ministerial Meeting on Inclusion
and Mobility in Higher Education အစည်းအဝေးသို့ တက်ရောက်သည်။
ပြည်ထောင်စုဝန်ကြီးသည် နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်တွင် ဒိန်းမတ်နိုင်ငံ
ပညာရေးဝန်ကြီးက တည်ခင်းဧည့်ခံသော High-Level Breakfast Meeting
တက်ရောက်ပြီး နိုဝင်ဘာလ ၁၅ရက်နေ့ နံနက်တွင် ယူနက်စကိုနှင့် Nordic မိတ်ဖက်
နိုင်ငံများ၊ ဝန်ကြီး ၁၇ ဦးတို့နှင့်အတူ Ministerial Breakfast Meeting of
the Capacity Development for Education (Cap ED) Program သို့ တက်ရောက်ကာ
SDG-4 Quality Education ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ အကြိမ် ၄၀
မြောက် ယူနက်စကို အထွေထွေညီလာခံသို့ ပြည်ထောင်စု ဝန်ကြီးနှင့် အတူ
ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် ပါရီမြို့ရှိ မြန်မာနိုင်ငံယူနက်စကို
အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့၏ မြန်မာသံအမတ်ကြီး ဦးကျော်ဇေယျနှင့်
ယူနက်စကိုဆိုင်ရာ မြန်မာအမျိုးသား ကော်မရှင် အတွင်းရေးမှူးချုပ်
ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်တို့လည်း တက်ရောက်ခဲ့ကြကြောင်း
သတင်းရရှိသည်။
ပြည်ထောင်စုဝန်ကြီး ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံအား အောက်ပါ Link တွင် ဖတ်ရှုနိုင်ပါသည်။
http://www.moe.gov.mm/en/?q=UM-speech-at-the-UNESCO-General-Conference-40th-session
No comments:
Post a Comment