နေပြည်တော် ၂၀၂၀ ဇန်နဝါရီ ၁၈
အထက(၁)ဖြူး
အမျိုးသားကျောင်း၏နှစ်(၁၀ဝ)ပြည့်အထိမ်းအမှတ် ရာပြည့်ပွဲတော် ဖွင့်ပွဲ
အခမ်းအနားကို ယနေ့ နံနက် (၈)နာရီတွင် အဆိုပါကျောင်း၏ ရာပြည့်ရင်ပြင်၌
ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပဲခူးတိုင်း
ဒေသကြီးအစိုးရအဖွဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊
ရာပြည့်ရင်ပြင်အလှူရှင် ဒေါ်သန်းမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
ဒေါက်တာမြသောင်းနှင့် ရာပြည့်ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးအင်းရှောက်
တို့က ရာပြည့်ပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက်
စာကြည့်တိုက်အလှူရှင် ဒေါက်တာအောင်သိန်း၊ ဦးကျော်မြင့်၊ ဒေါက်တာဝင်းထွန်း၊
ဦးသန်းထွန်းအောင်နှင့် ဒေါက်တာနေမင်းဦး တို့က ရာပြည့်အထိမ်းအမှတ်
အောင်ရတနာစာကြည့်တိုက်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက်
အလှူရှင် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဒေါက်တာမောင်မောင်၊
သီရိသုဓမ္မသိင်္ဂီ ဒေါ်သက်သက်နိုင်၊ အထက(၁)ဖြူး ကျောင်းအုပ်ဆရာမကြီး
ဒေါ်ခင်မျိုးဖြူနှင့် ရာပြည့်ပွဲတော် ကျင်းပ ရေးကော်မတီအတွင်းရေးမှူး
ဦးညွန့်ဝေတို့က ရာပြည့်ခန်းမအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ နဝမတန်းကျောင်းသား ကျောင်းသူလေးများက” မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆို၍ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အား ဖွင့်လှစ်ကြသည်။
ထို့နောက်
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက
အမျိုးသားကျောင်းစတင်ချိန်မှစ၍ ယနေ့အထိ အစဉ်အဆက် ပညာရေးအားကောင်းအောင်
နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ကြသည့် ဆရာကြီးဆရာမကြီးကို
အထူးကျေးဇူးတင်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနတွင် အခြေခံပညာမူလတန်း၊
အလယ်တန်း၊ အထက်တန်းကျောင်း စုစုပေါင်း (၄၇၄၇၂)ကျောင်း ရှိပါကြောင်း၊
နှစ်စဉ် နိုင်ငံတော်၏ခွင့်ပြုဘဏ္ဍာငွေဖြင့် အခြေခံပညာကျောင်းများ
လိုအပ်ချက်များကိုဖြည့်ဆည်းပေးနေသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်
စာသင်ဆောင် ဆရာဆရာမ၊ စာသင်ခန်း၊ စာသင်ခုံ၊ ကျောင်း၊ သိပ္ပံခန်း၊
စာကြည့်တိုက်၊ ခန်းမစသည့်ဖြင့် လိုအပ်ချက် များက ရှိနေဆဲပင် ဖြစ်ပါကြောင်း၊
ယနေ့ ရာပြည့်အထိမ်းအမှတ်အခမ်းအနားတွင် အလှူရှင်များက
စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်
ကျောင်း၏လိုအပ်ချက်များ ဖြည့်ဆည်းလှူဒါန်းပေးခြင်းကြောင့် ကျောင်းသူ
ကျောင်းသား၊ ဆရာဆရာမများနှင့်မိဘများ ဝမ်းသာ ကြည်နူးကြရသလို
ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ရပါ ကြောင်း၊
အရည်အသွေးရှိသော ပညာရေးစနစ် ပြုပြင်ပြောင်းလဲဆောင်ရွက်ရာတွင် မိဘပြည်သူများ၊ အလှူရှင်များ၊ ဆရာဆရာမ၊ကျောင်းသားကျောင်းသူများ၏ပူးပေါင်းဆောင်ရွက်မှုရှိမှသာ အောင်မြင် နိုင်မည်ဖြစ်ပါကြောင်း၊ အမျိုးသားကျောင်းတွင် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့သူများနှင့် ယခုအချိန်အထိ တာဝန်ထမ်းဆောင်ဆဲ ကျောင်းအုပ်၊ဆရာဆရာမ၊ ကျောင်းသားကျောင်းသူ၊ အလှူရှင်များအားလုံး ညီညီညွတ်ညွတ်ပူးပေါင်းလက်တွဲကာ ကျောင်းတော်ကြီး၏ ပညာရေးဖွံ့ဖြိုး တိုးတက်ရေး ဆက်လက်ဆောင်ရွက်ပေးကြစေလိုပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

ရာပြည့်ခန်းမအလှူရှင် ဒေါက်တာမောင်မောင်၊ စာကြည့်တိုက်အလှူရှင်
ဒေါက်တာအောင်သိန်းတို့က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ရာ အလှူရှင်များက လက်ခံရယူကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ရာ အလှူရှင်များက လက်ခံရယူကြသည်။
ဆက်လက်၍
အမျိုးသားကျောင်းရာပြည့်ကော်မတီဥက္ကဋ္ဌ ဦးအင်းရှောက်က ကျေးဇူးတင်
စကားပြောကြားကာ ကျောင်းသားကျောင်းသူများက ဇာတိမာန်သီချင်းဖြင့်
သီဆိုဖျော်ဖြေကြသည်။
ယနေ့ကျင်းပသည့်
အထက(၁)ဖြူး အမျိုးသားကျောင်း၏ နှစ်(၁၀ဝ)ပြည့် ရာပြည့်အထိမ်း
အမှတ်အခမ်းအနားတွင် အလှူရှင်များ လှူဒါန်းကြသည်မှာ ရာပြည့်ရင်ပြင်
ကာလတန်ဖိုး ကျပ်သိန်း(၅၀)၊ အောင်ရတနာစာကြည့်တိုက် ကာလတန်ဖိုး
ကျပ်သိန်း(၁၅၀ဝ)၊ ရာပြည့်ခန်းမ ကာလတန်ဖိုး ကျပ်သိန်း(၆၀ဝ) တို့ဖြင့်
စုစုပေါင်း ကျပ်သိန်းပေါင်း(၂၁၅၀)ခန့်ရှိကြောင်း သိရသည်။
No comments:
Post a Comment