နေပြည်တော် ၂၀၂၀ ဇန်နဝါရီ ၇
ပညာရေးဝန်ကြီးဌာန
အဆင့်မြင့်ပညာရေးဆိုင်ရာလုပ်ငန်းများညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို
ယနေ့ နေ့လယ်(၁)နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရုံးအမှတ်(၂၁)
အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးကပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာသင်ရိုးညွှန်းတမ်းများကို KG+12 စနစ်သစ်ပညာရေးသင်ရိုးညွှန်းတမ်းဖြင့်၂၀၁၆ ခုနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၂ ခုနှစ်တွင် အားလုံးပြီးစီးမည်ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲသည်KG+12 ပညာရေးစနစ်သစ်ဖြင့် အခြေခံပညာရေးမှအဆင့်မြင့် ပညာရေးသို့ကူးပြောင်းကြမည့် ကျောင်းသားကျောင်းသူများအတွက် သက်ဆိုင်ရာတက္ကသိုလ်များနှင့် ဆက်စပ်ဝန်ကြီးဌာနရှိတက္ကသိုလ်များအနေဖြင့် စနစ်သစ်သင်ရိုးညွှန်းတမ်းနှင့်လိုက်လျောညီထွေဖြစ်မည့် တက္ကသိုလ်သင်ရိုးညွှန်းတမ်းများ ကြိုတင်ပြင်ဆင်ထားနိုင်ရေးကျင်းပရခြင်းဖြစ်ပါကြောင်း၊ပညာရပ် နယ်ပယ်နှင့်ပညာရှင်များပိုမိုပြည့်စုံကျယ်ပြန့်စွာပါဝင်နိုင်ပြီးပညာရပ် အကျိုးပြုဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြု သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း၊ သုတေသနညီလာခံများ နှစ်စဉ်ဆက်လက်ကျင်းပသွားမည်ဖြစ်ပါကြောင်း၊
တက္ကသိုလ်များတွင် Digitalization လုပ်ငန်းစဉ် အောင်မြင်စေရေးနှင့်လုပ်ငန်းများပိုမိုမြန်ဆန်ပြီးထိရောက်မှန်ကန်စေရေးဆောင်ရွက်ရန်လိုပါကြောင်း၊ ဆရာဆရာမများအရည်အသွေးမြင့်မားရေးအတွက် ၂၀၂၀ ဒီဇင်ဘာလမှစတင်၍ (၄)နှစ်သင်ပညာရေးအထူးပြုဘွဲ့သင်တန်းများဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ဒေသနှင့်လိုက်လျောညီထွေသည့် ဘွဲ့သင်တန်း၊ ဒီပလိုမာသင်တန်းများ၊ သင်ကြားသင်ယူမှုနည်းလမ်းများနှင့် သုတေသနုလုပ်ငန်းများအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ကြရန် လိုပါကြောင်း၊မူးယစ်ဆေးဝါးအန္တရာယ်အပါအဝင် ဦးစားပေးလုပ်ငန်း(၇)ရပ်အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့်အဆင့်မြင့်ပညာရေးမှ အရည်အသွေးရှိသောဘွဲ့ရမောင်မယ်များ ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ရေးအတွက် အားလုံးညီညီညွတ်ညွတ်ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းစသည်ဖြင့်ပြောကြားသည်။
ထို့နောက် အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည်ကဏ္ဍသည် အရေးအကြီးဆုံးဖြစ်ပါကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကတက္ကသိုလ်များ အရည်အသွေးပြည့်ဝ၍တိုးတက်ရေး အားပေးကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များတွင် သုတေသနဖွံ့ဖြိုးတိုးတက်ရေးနှင့်စာမေးပွဲစနစ်များ နိုင်ငံတကာအဆင့်မီတိုးတက်အောင် ဆောင်ရွက်ရေး၊ကျောင်းသားကျောင်းသူများတက္ကသိုလ်များစာကြည့်တိုက်ကိုထိထိရောက်ရောက် အသုံးချဆောင်ရွက်ရေးပိုမိုမြှင့်တင်ဆောင်ရွက်စေလိုပါကြောင်းစသည်ဖြင့် အကြံပြု ဆွေးနွေးပြောကြားသည်။
ယင်းနောက် အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်ကအဆင့်မြင့်ပညာရေးဆိုင်ရာများဆွေးနွေးပြောကြားပြီးပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သောတက္ကသိုလ်များဖွံ့ဖြိုးတိုးတက်ရေးနှီးနှောဖလှယ်ပွဲမှဆွေးနွေးရရှိသည့် ရှေ့လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရန်စီစဉ်နေမှု အခြေအနေများအားလည်းကောင်း၊ ပါမောက္ခချုပ်များကော်မတီဒုတိယဥက္ကဋ္ဌ ဒေါက်တာဆင့်စိုးကလွတ်လပ်စွာရပ်တည်သောတက္ကသိုလ်များအဖြစ် ထူထောင်နိုင်ရန်အတွက် တက္ကသိုလ်အလိုက်ကြိုတင်လုပ်ငန်းစဉ်များနှင့် ပါမောက္ခချုပ်များကော်မတီကကူညီဆောင်ရွက်ပေးမည့် အထောက်အကူပြုလုပ်ငန်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က National Qualification Framework နှင့် စပ်လျဉ်း၍လည်းကောင်း၊ မုံရွာစီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးဝင်းက မြန်မာနိုင်ငံတက္ကသိုလ်များ၏ဘဏ္ဍာရေးစနစ်၊ Good Practice Guidelines for University Governace and Management တို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမီမီသက်သွင်ကတက္ကသိုလ်များတွင် e-payment system နှင့် Digitalization လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကျော်ကျော်ခေါင်ကကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများစနစ်တကျဖြစ်စေရေး ကြီးကြပ်ဆောင်ရွက်မည့်အစီအစဉ်နှင့်တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များအားလုံး၏ နှစ်စဉ် Data Renew လုပ်ရန်လိုအပ်ချက် များနှင့်စပ်လျဉ်း၍လည်းကောင်းအသီးသီးရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုစာရင်းချုပ်၊ စီမံကိန်းဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသူများကအဆင့်မြင့်ပညာရေးဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးကြကြောင်းသတင်းရရှိသည်။

No comments:
Post a Comment