နေပြည်တော် ၂၀၂၀ ဇန်နဝါရီ ၉
ပညာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တောင်ငူပညာရေး ကောလိပ်
ပညာရေးမိသားစုများ တွေ့ဆုံပွဲအခမ်းအနားကို ၉၊ ၁၊ ၂၀၂၀ ရက်နေ့
နံနက်(၉)နာရီတွင် တောင်ငူပညာရေးကောလိပ် ပညာရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး
ဒေါ်ညွှန့်ညွှန့်ဌေး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာရှိ
ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ယူနက်စကို (မြန်မာ) Head of
Office နှင့် ကိုယ်စားလှယ်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်၊
ဒုတိယပါမောက္ခချုပ်များ၊ တောင်ငူပညာရေးကောလိပ် ကျောင်းအုပ်ကြီးနှင့် ဆရာ၊
ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ
ဆရာအတတ်သင်ပညာရေး ပြုပြင်ပြောင်းလဲမှုဗီဒိယိုကို ပြသသည်။ ထို့နောက်
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ
လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ အရည်အသွေး တိုးတက်မြင့်မားရေး (Strengthening
Pre-service Teacher Education in Myanmar) STEM Project ကို
ငွေကြေးအကူအညီနှင့် နည်းပညာအကူအညီ ပံ့ပိုးပေးသော သြစတြေးလျနိုင်ငံအစိုးရ၊
ဖင်လန်နိုင်ငံအစိုးရ၊ ဗြိတိသျှအစိုးရ ယူနက်စကို(မြန်မာ)တို့ကို
လှိုက်လှဲစွာကျေးဇူးတင်ပါကြောင်း၊ ၂၀၁၄ခုနှစ်မှ စတင်၍ (STEM Project)
အစီအစဉ်ဖြင့် မြန်မာနိုင်ငံ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ အရည်အသွေး
တိုးတက်မြင့်မားရေးအတွက် သင်ရိုးညွှန်းတမ်း၊ သင်တန်းပို့ချမှုအစီအစဉ်နှင့်
ဆရာ၊ ဆရာမများအား ဆန်းစစ်သုံးသပ်၍ လက်မှတ်ပေးအပ်မှု အစီအစဉ်တို့ကို
အထောက်အကူပြုပေးမည့် ဆရာအတတ်ပညာ တတ်ကျွမ်းမှု စံသတ်မှတ်ချက်အညွှန်းဘောင်
(Teacher Competency Standards Framework - TCSF) မူကြမ်းကို
ရေးဆွဲနေပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် (၂)နှစ်သင်ပညာရေးကောလိပ်မှ
(၄)နှစ်သင်ပညာရေးဒီဂရီ ကောလိပ်သို့အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ
သင်ရိုးညွှန်းတမ်းရေးဆွဲရေးဗဟိုအဖွဲ့ (Curricu lum Core Team- CCT)ကို
၂၀၁၆ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊
စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ
ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပညာရေးကောလိပ်များမှ ဆရာ၊ ဆရာမများ၊ အငြိမ်းစား
ပညာရေးပညာရှင်များဖြင့် UNESCO ၏ နည်းပညာအကူအညီ၊ Australia Government,
Finland Government, UK Government တို့၏ ငွေကြေး အကူအညီဖြင့်
နိုင်ငံတကာသင်ရိုးညွှန်းတမ်း ကျွမ်းကျင်ပညာရှင်တို့ ပူးပေါင်းကာ
(၄)နှစ်သင်ပညာရေးဒီဂရီကောလိပ် သင်ရိုးညွှန်းတမ်းအသစ် ရေးဆွဲလျက်ရှိရာ
ပထမနှစ်အတွက် ရေးသားပြီးစီးခဲ့ပြီ ဖြစ်ပါကြောင်း၊ ကျန်နှစ်များအတွက်
သင်ရိုးများကို ဆက်လက်ရေးဆွဲသွားမည် ဖြစ်ပါကြောင်း၊
သင်ရိုးရေးဆွဲရေးဆိုင်ရာ ကျွမ်းကျင်မှုများရရှိအောင် သင်တန်းမျာ
ပို့ချပေးခဲ့ပြီး စဉ်ဆက်မပြတ် ကျွမ်းကျင်မှုများရရှိအောင် (Education for
Sustainable Development) ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပညာရေးကောလိပ်များတွင်
ICT နည်းပညာဖြင့် သင်ကြားသင်ယူမှုစွမ်းရည် တိုးတက်အောင်
သင်တန်းများပို့ချပေးခြင်းနှင့် Internet တပ်ဆင်ခြင်း၊ Online Learning
Portal အသုံးပြု၍ သင်ကြားမှု နည်းပညာများ ပံ့ပိုးပေးခြင်း၊ ICT
အထောက်အကူပြု ပစ္စည်းများ (Laptops, Mini pads) များ
ပံ့ပိုးဆောင်ရွက်ပေးခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း၊
(၄)နှစ်သင်သင်ရိုးသစ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး
အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း
စသည်ဖြင့်ပြောကြားသည်။ ထို့နောက် Ms.Min Jeong Kim ယူနက်စကို (မြန်မာ) Head
of Office ၊ တောင်ငူပညာရေးကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမြင့်၊
သင်ရိုးညွှန်းတမ်းရေးဆွဲရေး ဗဟိုအဖွဲ့ဝင် (CCT Member)
ဆရာမဒေါ်မေရီချိုတို့က ဝမ်းမြောက်ကြောင်းအမှာစကားနှင့်
(၂)နှစ်သင်ပညာရေးကောလိပ်မှ (၄)နှစ်သင်ပညာရေးဒီဂရီကောလိပ်သို့
ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက်
ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များ ကျောင်းစာသင်ခန်းများ၌
သင်ကြားသင်ယူနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များဖြည့်ဆည်း
ဆောင်ရွက်ပေးနိုင်ရေး လမ်းညွှန်မှာကြားကြောင်း သိရသည်။
No comments:
Post a Comment