ရန်ကုန် ၂၀၂၀ ဇန်နဝါရီ ၁၈
၂၀၁၉
ခုနှစ် အခြေခံပညာ မြန်မာစာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်)ဆုချီးမြှင့်ပွဲ
အခမ်းအနားကို ယနေ့နံနက် (၁၁)နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ်စိန်ရတုခန်းမ၌
ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က ပညာရေးဝန်ကြီးဌာနနေနှင့် ဘက်စုံပညာ
ထူးချွန်သော ကျောင်းသားလူငယ်များကို မြေတောင်မြှောက်ဂုဏ်ပြုချီးမြှင့်သော
အစီအစဉ်များကို ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ပြိုင်ပွဲကိုကျင်းပရာတွင်
ဦးတည်ချက် (၄)ရပ် အဖြစ် မြန်မာစကားပြောဆိုရာတွင်လည်းကောင်း၊
မြန်မာစာရေးသားရာတွင်လည်ကောင်း မိမိဆိုလိုရင်းကို မှန်ကန်တိကျစွာ
ပြောဆိုရေးသားတတ်စေရန်၊ မြန်မာစာ ရေးသားရာတွင် မြန်မာဗျည်း၊ သရ၊ အက္ခရာ၊
စာလုံးပေါင်း သတ်ပုံ၊ အနက်အဓိပ္ပာယ်၊ အသံထွက်များကို ရေးသား
သုံးစွဲတတ်စေရန်၊ မြန်မာစာပေကို ထိန်းသိမ်းအပ်သော အမျိုးသားရေးလက္ခဏာ
တစ်ရပ်အဖြစ် စောင့်ရှောက် နိုင်စေရန်နှင့် ဆုရကျောင်းသား၊ ကျောင်းသူများကို
အားကျအတုယူပြီး မြန်မာစာပေကို တန်ဖိုးထားလေ့လာ လိုက်စားလိုသူများ
ပိုမိုပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီးကျင်းပ ပေးခြင်းဖြစ်ပါကြောင်း၊
ကျောင်းသားကျောင်းသူများ ၏ အသက်အရွယ်၊ ဉာဏ်ရည်ဉာဏ်သွေး၊
ကျင်လည်ရာပတ်ဝန်းကျင်နှင့် အတွေ့အကြုံဗဟုသုတများကို အခြေခံပြီး
စစ်ဆေးရွေးချယ်ခဲ့တယ်လို့ သိရှိရပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သော ကျောင်းသား၊
ကျောင်းသူများ၏ ပညာရည်မြင့်မားရေးနှင့်
နိုင်ငံ့သားကောင်းများပေါ်ထွန်းလာစေရေး၊ မြန်မာစာပေ ဖွံ့ဖြိုးရေး
တိုးတက်စေရန် မြန်မာစာအရေးအသား၊ စာလုံးပေါင်းသတ်ပုံ၊ အနက်အဓိပ္ပာယ်၊
သဒ္ဒါအသုံးအနှုန်းမှန်ကန်စွာ အသုံးပြုနိုင်ရေးတို့ အတွက် မြန်မာစာ
စွမ်းရည်ပြိုင်ပွဲကို ကျင်းပပေးလျက်ရှိပါကြောင်း၊ ဘာသာစကားသည်
ပညာရေးမြှင့်တင်ရာတွင် အရေးပါပြီး လူသားများ၏ ယဉ်ကျေးမှုအမွေအနှစ်
ဖြစ်သကဲ့သို့ စနစ်တကျ တီထွင်ဖန်တီးထားသော ရှုပ်ထွေး နက်နဲသည့်
စနစ်များပါဝင်ကြောင်း၊ ယေဘုယျအားဖြင့် ရှင်သန်နေကြသော်လည်း ထိန်းသိမ်း
စောင့်ရှောက်မှုများ မရှိပါက တိမ်ကောပျောက်ကွယ် သွားနိုင်ခြေရှိကြောင်း၊
ပုဂံခေတ်က စတင်ပေါ်ပေါက် ဖြစ်ထွန်းတိုးတက်လာခဲ့သော မြန်မာ ဘာသာစကားသည်
မြန်မာတို့၏ ယဉ်ကျေးမှုထုံးတမ်းစဉ်လာများကို ဖွံ့ဖြိုးတိုးတက်စေလျက်
ယနေ့အထိ အစဉ်တည်တံ့ခိုင်မြဲနေဆဲပင်ဖြစ်ကြောင်း၊
မြန်မာစာပေတည်တံ့ခိုင်မြဲစေရန် ‘မြန်မာအဘိဓာန်ကျမ်း’၊ ‘မြန်မာစာလုံး
ပေါင်းသတ်ပုံကျမ်း’၊ ‘မြန်မာသဒ္ဒါကျမ်း’များကို ခေတ်စဉ်မပြတ်
ပြုစုပြဋ္ဌာန်းရေးသား ထုတ်ဝေပေးလျက်ရှိသကဲ့သို့
နိုင်ငံတစ်ကာသုံးဘာသာစကားနှင့် ချိတ်ဆက်နိင်စေရန် မြန်မာ-အင်္ဂလိပ်
အဘိဓာန်ကိုလည်း ပြုစုထုတ်ဝေခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အပြင်
‘ဘာသာစကားဆိုင်ရာ အဘိဓာန်’များ၊ ‘ပြဋ္ဌာန်းသတ်ပုံကျမ်း’များနှင့်
‘တိုင်းရင်းသား အဘိဓာန်’များကိုလည်း တိုးချဲ့ထုတ်ဝေ ပေးလျက်ရှိပါကြောင်း၊
မြန်မာ Native Speaker တစ်ယောက်၏ မြန်မာသံစစ်စစ်ကို မကြားဖူးသော
တိုင်းရင်းသား ဆရာ၊ ဆရာမများနှင့် တိုင်းရင်းသား ကျောင်းသား လူငယ်များ
အတွက် Grade 1, 2, 3 မြန်မာဖတ်စာ အသံထွက် Software Application ကိုလည်း
Online နဲ့ Mobile များတွင် Download ရယူနိုင်ပြီကို တွေ့ရှိရပါကြောင်း၊
အသက်တမျှအရေးပါသော မြန်မာစာပေနှင့် တိုင်းရင်းသားဘာသာစကားတို့ကို
တည်တံ့ခိုင်မြဲအောင် ကြိုးပမ်းဆောင်ရွက်သွားရမှာလည်းဖြစ်ပါကြောင်း၊ ယနေ့
လူငယ်၊ နောင်ဝယ်လူကြီးဖြစ်မည့် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများကို
ထူးချွန်ထက်မြက်သော စာပေ ဂုဏ်ဆောင်၊
နိုင်ငံ့ဂုဏ်ဆောင်သူများအဖြစ်ပေါ်ထွက်လာရေးကို ရည်မှန်းပြီး
မြန်မာစာစွမ်းရည်ပြိုင်ပွဲများကျင်းပ ပေးကာ မြေတောင်မြှောက်ပေးနိုင်မည်ဟု
ယုံကြည်မိပါကြောင်း၊ မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာစာ
စွမ်းရည်ပြိုင်ပွဲများကို နှစ်စဉ်အမြဲ စဉ်ဆက်မပြတ်ကျင်းပပြီး
အနာဂတ်မျိုးဆက်သစ် မြန်မာစာပညာရှင်များ ပေါ်ထွက်ရေးအတွက်
ဆက်လက်ဆောင်ရွက်သွားကြစေရန် တိုက်တွန်းလိုပါကြောင်း၊ ကျောင်းသူ၊
ကျောင်းသားများ ကလည်း မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ
စာပေကိုထိန်းသိမ်းအပ်သော အမျိုးသားရေးလက္ခဏာ တစ်ရပ်အနေနှင့်
ကြိုးပမ်းစောင့်ရှောက်သွားကြပါ၊
မိမိတို့နေရပ်ဒေသများသို့ပြန်လည်ရောက်ရှိသည့် အခါတွင် လည်း ဝန်းကျင်ဒေသ
ဆက်စပ်နေရာများသို့ မြန်မာစာပေတိုးတက်ပြန့်ပွားအောင် ဆတက်ထမ်းပိုး ကြိုးစား
ဆောင်ရွက်သွားကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က မြန်မာစာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်) အခြေခံပညာအထက်တန်း အဆင့်တွင် ပထမဆုရရှိသူ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ မဇူးဇူးအောင်၊ ဒုတိယဆုရရှိသူ မွန်ပြည်နယ်၊ ပေါင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း-ပေါင်မှ ဒသမတန်း ကျောင်းသား မောင်ဆန်းလင်းအောင်၊ တတိယဆုရရှိသူ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ Top ကိုယ်ပိုင်အထက် တန်းကျောင်းမှ နဝမတန်းကျောင်းသူ မနှင်းအိအိရွှေတို့အားလည်းကောင်း၊ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က အခြေခံပညာအလယ်တန်း အဆင့်တွင် ပထမဆုရရှိသူ ကချင်ပြည်နယ်၊ တနိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အဋ္ဌမ တန်းမှ မောင်ကောင်းထက်သော်၊ ဒုတိယဆုရရှိသူ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ကျောက်အိုး၊ အဋ္ဌမတန်းမှ မအေးမြတ်ဇင်၊ တတိယဆုရရှိသူ ပဲခူးတိုင်းဒေသကြီး (အနောက်)၊ ပြည်မြို့၊ အခြေခံပညာအထက်တန်းကျောင်း-အောင်ဆန်း၊ အဋ္ဌမတန်းမှ မခိုင်ဆုသွယ်တို့အား လည်းကောင်း ဆုများအသီးသီးပေးအပ် ချီးမြှင့်ကြသည်။

မြန်မာစာအဖွဲ့ အဖွဲ့ဝင် ဆရာကြီး ဒေါက်တာသန်းဦး၊ ဆရာကြီး
ဒေါက်တာထွန်းတင့်နှင့် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့
ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်မင်းတို့က မြန်မာစာစွမ်းရည်ပြိုင်ပွဲ
(ဗဟိုအဆင့်)တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော အခြေခံပညာအထက်တန်းအဆင့်
ကျောင်းသားကျောင်းသူများအား လည်းကောင်း၊
အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီအဖွဲ့ဝင် ဒေါက်တာလွင်လွင်စိုး၊
ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်၊
ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာ အောင်မြင့်ဦးတို့က
မြန်မာစာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်)တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော
အခြေခံပညာအလယ်တန်း အဆင့် ကျောင်းသားကျောင်းသူ များအားလည်းကောင်း
အသီးသီးဂုဏ်ပြုလွှာများပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက်
မြန်မာစာအဖွဲ့အဖွဲ့ဝင် ဆရာကြီး ဒေါက်တာခင်အေးက အခြေခံပညာ မြန်မာစာစွမ်းရည်
ပြိုင်ပွဲ(ဗဟိုအဆင့်)ကျောင်းသားကျောင်းသူများ၏ ဖြေဆိုချက်များ အပေါ်
သုံးသပ်အကြံပြု ပြောကြားသည်။
ဆက်လက်၍ ဆုရရှိသူများကိုယ်စား အခြေခံပညာအထက်တန်းအဆင့် ပထမဆုရရှိသူ မဇူးဇူးအောင်က ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး အခမ်းအနားကိုရုပ်သိမ်း လိုက်သည်။
အဆိုပါပြိုင်ပွဲတွင်
တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ အခြေခံပညာအထက်တန်းအဆင့်တွင်
(၁၈)ဦးနှင့် အခြေခံပညာအလယ်တန်းအဆင့်အတွင် (၁၈)ဦး
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment