နေပြည်တော် ၂၀၁၉ အောက်တိုဘာ ၂၀
ညောင်ပင်ရွာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ဆောက်လုပ်လှူဒါန်းသည့် ဓနုဖြူ စာသင်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပခုက္ကူမြို့နယ် ညောင်ပင်ရွာကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ သယံဇာတ၊ သဘာ၀ပတ်၀န်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီး ဦးမြင့်ဇော်၊ လူမှုရေး၀န်ကြီး ဒေါက်တာခင်မောင်အေး၊ လူ၀င်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်း အမြစ်၀န်ကြီး ဦးမြင့်အောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကို၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမြမင်းဆွေ၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေး၀င်းနှင့် အလှူရှင် ဦးကျော်စည်သူနှင့် ဒေါ်မြသီတာတို့က ကျောင်းဆောင်လွှဲပြောင်းခြင်းအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တာ၀န်ရှိသူများက ဓနုဖြူကျောင်းဆောင်သစ်ဆိုင်းဘုတ် အားစက်ခလုတ်နှိပ်ဖွင့်လှစ်ကြပြီး ကမ္ဗည်းမော်ကွန်းကျောက်စာအား နံ့သာရေပက်ဖျန်းကြသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အမှာစကားပြော ကြားသည်။
ထို့နောက် ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြား ရာတွင် အခက်အခဲရှိသောဒေသ၊ လိုအပ်ချက်များသောဒေသများကို ဖြည့်ဆည်းနိုင်ရေးအတွက် နှစ်စဉ်ဘဏ္ဍာ ငွေတိုးမြှင့်ခွင့်ပြုလျက်ရှိရာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အသုံးစရိတ်ထက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၁၀ ဆ ခန့်ပိုမိုသုံးစွဲလာပါကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းနေမှသာ ကျောင်းထွက်နှုန်းလျော့နည်းပြီး ကျောင်းထွက် သူလုံး၀မရှိတော့ပဲ မူလတန်းကျောင်းသား ကျောင်းသူအားလုံး မူလတန်းပညာသင်ယူပြီးမြောက်၍ အလယ်တန်း၊ အထက်တန်းတွင် ပညာဆက်လက်သင်ယူပြီးမြောက်ရေးသည် အရေးကြီးပါကြောင်း၊ မြန်မာ နိုင်ငံတွင် ၂၀၁၇ ခုနှစ် ထုတ်ပြန်သော Household Living Condition Survey-Poverty Report အရ ကျောင်းလုံး၀မနေသူများသည် လယ်ယာစိုက်ပျိုးရေးတွင်သာအများစုလုပ်ကိုင်ပြီး ၀င်ငွေအနည်းဆုံးဖြစ်၍ ဆင်းရဲမှုရာခိုင်နှုန်းအများဆုံးဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ မူလတန်းကျောင်းထွက်သူများသည်လည်း စိုက်ပျိုး ရေးတွင် တတိယအများဆုံးလုပ်ကိုင်ပြီး ၀င်ငွေ အနည်းဆုံးဖြစ်၍ ဆင်းရဲမှုရာခိုင်နှုန်း တတိယအများဆုံးဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ အလယ်တန်း၊ အထက် တန်းကျောင်းထွက်သူများသည် စိုက်ပျိုးရေးတွင် စတုတ္ထနှင့် ပဉ္စမ အများဆုံးလုပ်ကိုင်ပြီး ဆင်းရဲမှုရာခိုင်နှုန်း စတုတ္ထနှင့်ပဉ္စမဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ သက်မွေး သင်တန်း ပြီးသူများနှင့် တက္ကသိုလ်မှဘွဲ့ရရှိသူများကသာ ၀န်ဆောင်မှုကဏ္ဍများတွင် အများဆုံးအလုပ်ရရှိပြီး ဆင်းရဲမှု ရာခိုင်နှုန်းအနည်းဆုံးဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများ၏အခက်အခဲများ၊ လိုအပ်ချက်များကို မေတ္တာ၊ ဂရုဏာအသိစိတ်ဖြင့် သင်ယူတတ်မြောက် မှုအရည်အသွေးကောင်းမွန်ရေးအတွက် ပူးပေါင်းကူညီဖြည့် ဆည်းပေးရန်အတွက် အလွန်အရေးကြီးပါကြောင်း။
မကွေးတိုင်းဒေသကြီးတွင် အခြေခံပညာသင်ယူခွင့်ပိုမိုတိုုးတက်ရရှိနိုင်ရေးအတွက် ကျောင်းအဆင့်တိုး မြှင့်ပေးခဲ့သည့်စာရင်းအရ ၂၀၁၇ -၂၀၁၈ပညာသင်နှစ်တွင် ကျောင်း(၁၀၁၂)ကျောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် (၁၀၅၄)ကျောင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် (၉၃၃)ကျောင်းဖြစ်၍ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း စုစုပေါင်း(၄၃၉၂)ကျောင်းရှိလာပြီး မူလတန်းကျောင်းသား (၃၆၄၇၇၆)ဦး၊ အလယ်တန်း ကျောင်းသား(၂၇၈၅၇၄)ဦး၊ အထက်တန်းကျောင်းသား(၁၁၂၁၃၃)ဦး၊ စုစုပေါင်း ကျောင်းသား(၇၅၅၄၈၃)ဦး ဖြစ်လာ၍ မူလတန်းနှင့် အလယ်တန်းတွင် ကျောင်းတက်နှုန်းအလွန်မြင့်မားလာ သည်မှာ ဂုဏ်ယူ၀မ်းမြောက် မှတ်တမ်းတင်ပါကြောင်း၊ သို့သော် မူလတန်းကျောင်းသား ကျောင်းသူအားလုံး စာဖတ်တတ်ရန်၊ ရေးတတ်ရန်နှင့်အခြေခံသင်္ချာတွက်တတ်ရန် အလွန်အရေးကြီးပါကြောင်း၊ မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများ၏ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် အထူးအလေးထား ကူညီပေးပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း။
ပညာရေး၀န်ကြီးဌာနအနေဖြင့်လည်း မကွေးတိုင်းဒေသကြီးတွင် လိုအပ်လျက်ရှိသော မူလတန်းပြ (၅၄၉၃)ဦး၊ အလယ်တန်းပြ(၂၅၅၂)ဦး၊ အထက်တန်းပြ(၂၈၄၂)ဦးတို့ကို လျာထားနှစ်အလိုက် သတ်မှတ်အရည် အချင်းပြည့်မီသူများကို စိစစ်ရွေးချယ်သင်တန်းပေး၍ ဒေသခံများပိုမိုခန့်ထားရေးအတွက် ခွင့်ပြုချက်ရရှိရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၆၀’ × ၃၀’ ကျောင်းဆောင် စုစုပေါင်း (၆၁၇၆)ဆောင်၊ စာရေးခုံနှင့် ထိုင်ခုံ (၅၈၆၈၉)၊ သန့်စင်ခန်း(၁၄၃၂၁)တို့ကို ဖြည့်ဆည်းပေးရန်လိုအပ်ချက်ရှိပါကြောင်း၊ သောက်ရေလုံလောက်မှုမရှိ သဖြင့် လိုအပ်နေသော ကျောင်း(၆၇၇)ကျောင်းရှိပါကြောင်း၊ ပညာရေး၀န်ကြီးဌာနက မကွေးတိုင်းဒေသကြီးတွင် ငွေလုံးငွေရင်း(တည်ဆောက်ရေး)ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၁၆-၂၀၁၇ တွင် ကျပ်သန်း(၁၀၉၆၉ ဒသမ ၇၅၈)ဖြင့် ကျောင်းဆောင်(၃၁၂)၊ ၂၀၁၇-၂၀၁၈ တွင် ကျပ်သန်း(၁၀၇၇၆ ဒသမ ၂)ဖြင့် ကျောင်းဆောင် (၂၅၆)၊ ၂၀၁၈-၂၀၁၉တွင် ကျပ်သန်း(၁၇၇၅၆ ဒသမ ၅၆)ဖြင့် ကျောင်းဆောင်(၄၅၇)၊ ၂၀၁၉-၂၀၂၀ တွင် ကျပ်သန်း(၁၇၇၉၈ ဒသမ ၀)ဖြင့် ကျောင်းဆောင် (၂၆၈)ဆောင် စုစုပေါင်း ကျောင်းဆောင် (၁၂၉၃)ဆောင်ကို ဖြည့်ဆည်းပေးရန် စီစဉ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
မကွေးတိုင်းဒေသကြီးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စက်ပစ္စည်း၊ ပရိဘောဂခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၅၁၀၀ ဒသမ ၈၂၈)ဖြင့် ကွန်ပျူတာ(၁၄၆၈)၊ စာရေးခုံ(အမြင့်)(၁၅၀၆၈)၊ စာရေးခုံ(အနိမ့်)(၂၅၁၅၁) စသည်တို့ကိုလည်းကောင်း၊ ပြင်ဆင်ထိန်းသိမ်းစရိတ် ခွင့်ပြုရန်ပုံငွေကျပ်သန်း(၁၀၈၅၈)ဖြင့်လည်း အဆောက် အဦများပြင်ဆင်ခြင်း၊ အပြီးသတ်ခြင်းလုပ်ငန်း(၅၇၅)ခု၊ လမ်းများဆောင်ရွက်ခြင်း(၁၂၁)ခု၊ ခြံစည်းရိုး၊ သန့်စင်ခန်း၊ ရေစနစ်များ ဆောင်ရွက်ခြင်းလုပ်ငန်း(၂၆၁၈)ခုတို့ကိုလည်း ဖြည့်ဆည်းပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များအတွက်လည်း ယခုကဲ့သို့ပင် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်စဉ် ပညာရေး၀န်ကြီးဌာနက သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များသို့ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေနှင့် သက်ဆိုင်သော တည်ဆောက်ရေး၊ ပြင်ဆင်ထိန်းသိမ်းရေး၊ စက်ပစ္စည်းပရိဘောဂများအားလုံးအတွက် လုပ်ငန်း အပ်နှံဆောင်ရွက်လျက်ရှိသဖြင့် ပူးပေါင်းဆောင်ရွက်သော တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မိဘ ဆရာ၊ ကျောင်းသားများ၊ ပြည်သူများအားလုံးကို လုပ်ငန်းများအချိန်မီ အရည်အသွေး ပြည့်မီစွာဖြင့် အကျိုးရှိထိရောက်ပွင့်လင်းမြင်သာရေး ပူးပေါင်းကူညီပေးခဲ့ကြသည့်အတွက် အထူးကျေးဇူးတင်ရှိပါ ကြောင်းနှင့် မှတ်တမ်းတင်ပါကြောင်း။
အထူးသဖြင့် မကွေးတိုင်းဒေသကြီးတွင် လိုအပ်နေသော ကျောင်းဆောင်များကို ၂၀၁၇-၂၀၁၈ တွင် ကျပ်သန်း(၁၉၂၁ ဒသမ ၇၄၇)ဖြင့် (၂၅)ဆောင်၊ ၂၀၁၈-၂၀၁၉ တွင် ကျပ်သန်း (၂၄၂၁ ဒသမ ၇၃၉)ဖြင့် (၂၁) ဆောင်၊ ၂၀၁၉-၂၀၂၀ တွင် ကျပ်သန်း(၅၁၆၀ ဒသမ ၅၄၅)ဖြင့် (၁၀)ဆောင်တို့ကို ဆောက်လုပ်လှူဒါန်းခဲ့ကြသော ပြည်တွင်းပြည်ပအလှူရှင်များကို အထူးကျေးဇူးတင်ရှိပြီး ဂုဏ်ယူ၀မ်းမြောက်မိပါကြောင်း၊ ယခုကျောင်းဆောင်ကြီးမှ ဒေသဖွံ့ဖြိုးရေးကို တာ၀န်ယူတာ၀န်ခံပူးပေါင်းဆောင်ရွက်တတ်ပြီး ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိသော လူသားကောင်းများပြုစုပျိုးထောင်သင်ကြားသင်ယူလေ့ကျင့်ပေးနိုင်ပါစေကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေး၀န်ကြီး ဒေါက်တာခင်မောင်အေးက အမှာစကား ပြောကြားပြီး အလှူရှင် ဦးကျော်စည်သူက ဓနုဖြူစာသင်ကျောင်းဆောင် လှူဒါန်းရခြင်းနှင့် ၀မ်းမြောက်စကားပြော ကြားသည်။
ယင်းနောက် ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဓနုဖြူစာသင်ကျောင်းဆောင်အလှူရှင် ဦးကျော်စည်သူနှင့်မိသားစုက အမှတ်တရပေးအပ်သည့် ဓနုဖြူစာသင်ကျောင်းဆောင်၏ဓာတ်ပုံအား လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထို့နောက် ညောင်ပင်ရွာ မိဘများ၏ကိုယ်စား မိဘဆရာအသင်း နာယက ဦးညီညီက ကျေးဇူးတင်စကား ပြောကြားပြီး စာသင်ကျောင်းဆောင်အလှူရှင် မိသားစုက စာသင်ကျောင်းဆောင်နှင့် သက်ဆိုင်သော စာရွက် စာတမ်းများအား ပညာရေး ၀န်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အလှူရှင်များက ပေးအပ်လှူဒါန်းသည့် ကျောင်းသုံးစာအုပ်များအား အလှူရှင်များကိုယ်စား ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိ သည်။
ယနေ့လှူဒါန်းသည့် ဓနုဖြူစာသင်ကျောင်းဆောင်သစ်ကို အလှူရှင် ဦးကျော်စည်သူနှင့် ဒေါ်မြသီတာ မိသားစုမှ (၁၀၀ × ၃၀)ပေ RC (၂)ထပ် ဓနုဖြူစာသင်ကျောင်းဆောင်သစ်နှင့် စာရေးစားပွဲများ၊ စာသင်ခုံများကို တန်ဖိုးကျပ်သိန်း(၁၅၀၀) ခန့်အကုန်အကျခံ၍ ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။