ရန်ကုန်၊ အောက်တိုဘာလ ၁၉ ၂၀၁၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ သိင်္ဂုတ္တရကုန်းတော် ထက်တွင်
မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကာလမှ ယနေ့အချိန်တိုင်အောင်
ရွှေတောင်ထွတ်ကြီးပမာ ကြည်ညိုဖွယ်ရာ ခမ်းနားသပ္ပာယ်စွာ
တည်ဆောက်ပူဇော်ထားသည့် ရွှေတိဂုံစေတီတော် မြတ်ကြီးအား
နှစ်ပရိစ္ဆေဒကြာမြင့်စွာ အရှည်တည်တံ့ခိုင်မြဲစေရန်အတွက်
သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနကဦးစီးပြီး ပညာရေးဝန်ကြီးဌာန၊
စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်း၍ "ရွှေတိဂုံစေတီတော်မြတ်ကြီး
ကြည်ညိုသပ္ပါယ်စွာဖူးတွေ့နိုင်ရေးရွှေသင်္ကန်း ကပ်လှူခြင်းဆိုင်ရာ
နည်းပညာများ ဖလှယ်နိုင်စေရန်၊ ပြည်တွင်းပြည်ပမှ
ရွှေသင်္ကန်းကပ်လှူခြင်းနှင့် ဆက်နွယ်သည့် သိပ္ပံနှင့်နည်းပညာရပ်များတွင်
ဘာသာရပ် အလိုက် ကျွမ်းကျင်သူပညာရှင်များ၏ စာတမ်းဖတ်ကြားမှုများ
ဟောပြောဆွေးနွေးပို့ချမှုများကို ကြားနာခွင့်ရရှိစေရန်၊
ရွှေတိဂုံစေတီတော်မြတ်ကြီးကို ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အထောက်အကူ
ဖြစ်စေသော နည်းပညာများရရှိစေရန်" ရည်ရွယ်ချက်များဖြင့် ရွှေတိဂုံစေတီတော်
ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခြင်းဆိုင်ရာ နည်းပညာအလုပ်ရုံဆွေးနွေးပွဲ
ပထမနေ့ကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမတွင်
ကျင်းပပြုလုပ်သည်။
အခမ်းအနားကို ၀၉
၀၀ အချိန်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် စတင်ဖွင့် လှစ်ပြီး
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက
အဖွင့်အမှာစကား ပြောကြားရာတွင် "လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးသည်
မြတ်စွာဘုရားရှင်လက်ထက် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ တပေါင်းလပြည့်နေ့မှာ
စတင်တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည့် အတွက် သက်တမ်းအားဖြင့် ၂၆၀၈ နှစ်
သက်တမ်းရှိနေပြီဖြစ်ကြောင်း၊ သက်တမ်းကာလကြာမြင့်သည်နှင့်
အမျှမြန်မာမှာသာမကကမ္ဘာအထိပါအံ့ဖွယ်အဖြစ် ထင်ရှားကျော်ကြားလှတဲ့
သမိုင်းဝင်စေတီတော်ကြီး တစ်ဆူ ဖြစ်ကြောင်း၊ ရွှေတိဂုံစေတီတော်မြတ်ကြီအား
၁၈၉၉ ခုနှစ်မှ စတင်ပြီးရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခဲ့ကြောင်း၊ ၁၉၈၀-၁၉၈၁
ခုနှစ်မှစတင်၍ ရွှေသင်္ကန်းတော်များရဲ့ တည်မြဲမှုကာလ အပေါ်မူတည်ပြီး
ရွှေတိဂုံစေတီတော်မြတ်ကြီးအား ၅ နှစ်တစ်ကြိမ်
ရွှေစင်ရွှေပြားနဲ့မျက်ပါးရွှေများ ကပ်လှူပူဇော်ခဲ့ပါကြောင်း
ရွှေစင်ရွှေသားများ အလဟဿဆုံးရှုံးမှုများမဖြစ်ပေါ်စေရန်နှင့်
ရွှေသင်္ကန်းတော်
အလှူရှင်များ၏လှူဒါန်းမှုကုသိုလ်အကျိုးတရားပိုမိုပွားများနိုင်ရန်၊အလှူရှင်များလှူဒါန်းထားသောရွှေစင်ရွှေပြားများအရည်အသွေးမြင့်မားပြီးသက်တမ်းရှည်ကြာတည်တံ့စေရန်
ရည်မှန်းချက်တို့ဖြင့် ရွှေစင်ပြား (Gold Plate)၊ရွှေလွှာတင် (Gold
Coating)၊ရွှေမျက်ပါး(Gold Foil) တို့၏နည်းစဉ်များ၊
၎င်းတို့ကိုကပ်သည့်ကော်နှင့်ပတ်သက်၍ သုတေသနပြုလုပ်နိုင်ရန်အတွက်
သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး
“ရွှေသင်္ကန်းတော် ကပ်လှူခြင်းဆိုင်ရာ နည်းပညာ အလုပ်ရုံဆွေးနွေးပွဲ”
ကျင်းပနိုင်ရေးစီစဉ်ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ပါကြောင်း။
ရွှေသင်္ကန်းတော်ကပ်လှူခြင်း ဆိုင်ရာ နည်းပညာ အလုပ်ရုံ
ဆွေးနွေးပွဲကိုတက်ရောက်လာကြတဲ့ ပြည်တွင်းပြည်ပပညာရှင်များ၊
စာတမ်းရှင်များနှင့် သက်ဆိုင်ရာနယ်ပယ် အလိုက်လက်တွေ့ ဆောင်ရွက်လျက်ရှိကြတဲ့
လုပ်ငန်းရှင်များအနေနဲ့ ရွှေသင်္ကန်းတော် ကပ်လှူခြင်းဆိုင်ရာ
နည်းပညာရပ်များကို ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြရန်၊
ဆွေးနွေးကြတဲ့နေရာမှာလည်း အဖွဲ့အစည်းတစ်ခုနှင့်တစ်ခုအကြား
အပြန်အလှန်လေးစားမှုနှင့်တကွ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အကျိုးတို့ကိုရည်မှန်းပြီး မိမိတို့တတ်မြောက်ထားသည့် ပညာရပ်များဖြင့်
ဆွေးနွေးအဖြေရှာကြလျက် ရလဒ်ကောင်းများထွက်ပေါ်လာရေး
ဦးတည်ကြိုးပမ်းဆွေးနွေးပေးကြရန် လိုအပ်ကြောင်း အဖွင့်အမှာ
စကားပြောကြားပါသည်။
ထို့နောက်
အခမ်းအနားတွင် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင် ဦးအေးထွန်းက
"ရွှေတိဂုံစေတီတော် မြတ်ကြီးအား ရွှေစင်ရွှေပြား
ကပ်လှူပူဇော်မှုအခြေအနေ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Belgium နိုင်ငံမှ
Professor Herman TERRYN က "Making Use of advanced analytical tools to
understand degradation of metals in cultural heritage
"ခေါင်းစဉ်ဖြင့်ဆွေးနွေးပြီးနောက် အမှတ်တရ
မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပါသည်။ ဆက်လက်ပြီး ပြည်တွင်းပြည်ပပညာရှင်များက
ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းကပ်လှူခြင်းဆိုင်ရာ နည်းပညာရပ်များကို
Power Point များဖြင့် ရှင်းလင်းတင်ပြဆွေးနွေးကြကာ အခမ်းအနားပထမနေ့ကို
ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခြင်းဆိုင်ရာ နည်းပညာအလုပ်ရုံ ဆွေးနွေးပွဲ ပထမနေ့သို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဖိတ်ကြားထားသော ဧည့်သည် တော်များနှင့် ပညာရှင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
အဆိုပါ ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခြင်းဆိုင်ရာ နည်းပညာအလုပ်ရုံ ဆွေးနွေးပွဲ ပထမနေ့သို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဖိတ်ကြားထားသော ဧည့်သည် တော်များနှင့် ပညာရှင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment