Monday, October 7, 2019

ပညာရေးဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်အတွက် မြန်မာ-ဗြိတိန် ပူးပေါင်းဆောင်ရွက်ရေး (Myanmar-UK Partnership for Education)၏ ပထမအကြိမ် ဦးစီးကော်မတီအစည်း အဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၃ ၂၀၁၉
ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာ-ဗြိတိန်ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး(Myanmar-UK Partnership for Education) အစီအစဉ်၏ ပထမအကြိမ် ဦးစီးကော်မတီ အစည်း အဝေးကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁) အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဗြိတိန် နိုင်ငံတကာဖွံ့ဖြိုးရေးဌာန(DFID)နှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်မည့် Myanmar-UK Partnership for Education(MUPE)ပညာရေးလုပ်ငန်းစဉ်များအတွက် ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း။
ပညာရေးဝန်ကြီးဌာနရှိ သင်ကြားရေးဆရာဆရာမများ၏ အင်္ဂလိပ်စာအရည်အသွေး ကောင်းမွန်ရေးအတွက်ဆောင်ရွက်သည့် Towards Results in Education and English (TREE) စီမံချက်၊ Assessment and Education Reform Support(AERS) စီမံချက်၊ Evaluation, Evidence and Learning Component(EELC) စီမံချက်များသည် (၅)နှစ်စီမံချက် များဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများသည် ပညာရေးကဏ္ဍအတွက် အပြုသဘောဆောင်သော ပြောင်းလဲမှုများကိုဖော်ဆောင်ပေးမည့်အစီအစဉ်များဖြစ်ပါကြောင်း၊
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း၏ ဆရာအတတ်ပညာနှင့်စီမံခန့်ခွဲမှုကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအရည်အသွေးမြှင့်တင်ရေးအတွက် အထောက်အကူပြုမည့် Strengthening Pre-Service Teacher Education in Myanmar (STEM) စီမံကိန်းကိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန် DFID နှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိပါကြောင်း။
Learning Together Project ကိုလည်း ပူးပေါင်းဖြည့်ဆည်း ဆောင်ရွက်ခြင်းနှင့် ၊ MUPE အစီအစဉ်သည် ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်းဆောင် ရွက်သည့်အတွက် ပညာရေးဖွံ့ဖြိုး တိုးတက်မှုစီမံကိန်းများကို ဆောင်ရွက်ရာတွင် ရလဒ်ကောင်းများရရှိ မည်ဟုယုံကြည်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ DFID အပြင် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများဖြစ်သော British Council, Oxford Policy Management,IMC Worldwide, UNESCO, UNICEFနှင့် Myanmar Education Consortium တို့အားကျေးဇူးတင်ရှိပါကြောင်းနှင့် စီမံကိန်းပါ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်း အကြံပြုဆွေးနွေးစေလိုပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ဗြိတိန်နိုင်ငံတကာဖွံ့ဖြိုးရေးဌာန(DFID)မှ Ms. Becky Richards က နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး သက်ဆိုင်ရာစီမံကိန်းတာဝန်ခံများက လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာနရှိ သက်ဆိုင်ရာ ဦးစီးဌာနများနှင့် Myanmar-UK Partnership for Education (MUPE)မှ တာဝန်ရှိသူများက ပညာရေးကဏ္ဍအသီးသီးတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေးကြောင်း သတင်းရရှိသည်။

No comments:

Post a Comment