နေပြည်တော် ၂၀၁၉ အောက်တိုဘာ ၁၈
တက္ကသိုလ်၊
ဒီဂရီကောလိပ်၊ ကောလိပ်များ၏လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပကို
ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်၊ ပညာရေး၀န်ကြီးဌာန၊ ရုံးအမှတ်(၁၃)၌
ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊
ဒုတိယ၀န် ကြီးဦး၀င်းမော်ထွန်း၊ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၊
ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊
ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊
ဒုတိယညွှန်ကြားရေမှူးချုပ်၊ ဒုတိယကျောင်း အုပ်ကြီးများ၊
ပါမောက္ခများ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)များ၊
ဌာနမှူး(သင်တန်းရေးရာ)များနှင့် ဆရာဆရာမများ၊ သက်ဆိုင်ရာတာ၀န်ရှိသူများ
တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စု၀န်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့်
ပညာရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် နှစ်စဉ် ဘဏ္ဍာငွေ အသုံးစရိတ်များကို
တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိပြီး နှစ်အလိုက်
အဆင့်ဆင့်တိုးမြှင့်ဆောင်ရွက်ပေးနေ ပါကြောင်း၊ သက်ဆိုင်ရာမိမိတို့
တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက်
ဘဏ္ဍာငွေကြေးများသုံးစွဲ ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးစည်း မျဉ်းစည်းကမ်း၊
တင်ဒါလုပ်ထုံးလုပ်နည်း၊ စာရင်းစစ်လုပ်ထုံး လုပ်နည်းမူဘောင် များနှင့်အညီ
စနစ်တကျ အကျိုးရှိထိရောက်အောင် သက်ဆိုင်ရာတိုင်းဒေသကြီး၊
ပြည်နယ်အစိုးရအဖွဲ့ များ၏ စီမံကြီးကြပ်မှုဖြင့်
သုံးစွဲဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်များအတွက်
အစည်းအဝေးများကျင်းပ ဆောင်ရွက်ရာတွင် စနစ်တကျမှတ်တမ်းမှတ်ရာများဖြင့်
အလေးအနက်ထားရှိရန်လိုအပ်ပါကြောင်း၊ နိုင်ငံခြားပညာသင်ဆု များကိုလည်း
တစ်နှစ်ထက်တစ်နှစ်ပိုမို စေလွတ်ပေးနိုင်ခဲ့ပါကြောင်း၊
နိုင်ငံခြားပညာသင်ဆုလျှောက်ထားလိုသော ဆရာ ဆရာမများအနေဖြင့်
လုပ်ထုံးလုပ်နည်း စည်းမျဉ်းစဉ်းကမ်းနှင့်အညီ လျှောက်ထားနိုင်ပါကြောင်း၊
အသုံးချသုတေသနလုပ်ငန်း များဆောင်ရွက်ခြင်းကို အားပေးလျက်ရှိပါကြောင်း၊
သုတေသနလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်ရာ တွင်လည်း
မိမိတို့ဆောင်ရွက်မည့် သက်ဆိုင်ရာနယ်မြေရှိ တိုင်းဒေသကြီး
ပြည်နယ်အစိုးရအဖွဲ့များ ထံတင်ပြ၍ ဆောင်ရွက်စေလိုပါကြောင်း၊
ပူးပေါင်းကူညီဆောင်ရွက် နိုင်ရေးအတွက် အပြုသဘောဆောင်သော အတွေးအခေါ်၊
ပြုမူဆောင်ရွက်ချက်များဖြင့်အောင်မြင်အောင် ဆောင်ရွက်သွားကြရန်လိုပါကြောင်း
စသည်ဖြင့် ပြောကြားသည်။ ထို့နောက် ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က
PROFESSI ONALISM IN MINISTRY OF EDUCATION & ESD
ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အသင်း
အလုပ်အမှုဆောင်အဖွဲ့၀င် ဒေါက်တာဇော်ဌေးက ဘဏ္ဍာရေး စီမံခန့်ခွဲမှု၊
တိုင်းတာမှုစံ၊ အဓိကတာ၀န်ရှိသူများ တွေ့ကြုံနိုင်သော အဟန့်အတားနှင့်
ဆောင်ရန်၊ ရှောင်ရန် ခေါင်းစဉ်ဖြင့်လည်းကောင်း၊
နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာအေးမြင့်က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး ဆောင်ရွက်မှုအစီအစဉ်များ
ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်း၀င်းက သင်တန်းရေးရာ၊
ပညာသင်ထောက်ပံ့ကြေးနှင့်တက္ကသိုလ်၀င်ခွင့် ခေါင်းစဉ်ဖြင့်လည်းကောင်း၊
အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်း၀င်းက
တက္ကသိုလ်များ၏စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ ခေါင်းစဉ်ဖြင့်လည်းကောင်း
ဆွေးနွေးကြသည်။ ယင်းနောက် တက်ရောက်လာသူများက သိရှိလိုသည်များကို
မေးမြန်းရာ ဆရာကြီးပါမောက္ခ ဒေါက်တာအောင်ထွန်းသက်နှင့် သက်ဆိုင်ရာ
ဆရာကြီး၊ဆရာမကြီးများက ပြန်လည်ဆွေးနွေးဖြေကြားကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment