ရန်ကုန် အောက်တိုဘာ ၂ ၂၀၁၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် အမေရိကန်
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးနှင့်ယဉ်ကျေးမှုရေးရာ
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Ms.Marie Royce အား ယနေ့ ညနေ ၃ နာရီတွင်
ရန်ကုန်မြို့ နိုင်ငံခြားဘာသာတက္ကသိုလ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။တွေ့ဆုံစဉ် ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန် နည်းပညာတက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန် ပညာရေးတက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတင်းအချက် အလက်နှင့် နည်းပညာ တက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပညာရေးနှင့် ယဉ်ကျေးမှုရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Ms.Marie Royce၊ အမေရိကန်သံအမတ်ကြီး Mr.Scot Marciel နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
No comments:
Post a Comment