နေပြည်တော် ၂၀၁၉ ဒီဇင်ဘာ ၂၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့ နံနက် ၁၀နာရီတွင် ရန်ကုန်နည်းပညာတက္ကသိုလ်၊ ပင်မစာသင်ဆောင်(၁)၊ စုဝေးခန်းမ၌ ကျင်းပပြုသည့် မြန်မာ-ဂျပန် နည်းပညာဖွံ့ဖြိုးရေးဌာန အဆောက်အဦ(Myanmar-Japan Technological Development Centre-1 and Centre2) လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားသည်။
အခမ်းအနားသို့
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ JICA မြန်မာရုံးခွဲ
တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊
မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့မှ
တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊
တက္ကသိုလ်များမှပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် ဆရာ၊ ဆရာမများ၊
ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ပညာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြား ရာတွင်
Myanmar-Japan Technological Development Centre-1 and Centre2 တို့ကို
ကူညီထောက်ပံ့ပေးသည့် ဂျပန်နိုင်ငံမှ တာဝန်ရှိသူများ၊ JICA
မှတာဝန်ရှိသူများနှင့် ပူးပေါင်းဝင်ပေး သည့်သူများအားလုံးတို့ကို
ပညာရေးဝန်ကြီးဌာနကိုယ်စား အထူးကျေးဇူးတင်မှတ်တမ်းတင်ရှိ အပ်ပါကြောင်း၊
တက္ကသိုလ်များအနေဖြင့် KG+12 နှင့်လိုက်လျောညီထွေဖြစ်သည့်
သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲမှုများ၊ သင်ကြားသင်ယူရေးနည်းစနစ်များ၊
သုတေသနများမြှင့်တင်ရန်အတွက် စီစဥ်ဆောင်ရွက်ရန် အလွန်အရေးကြီးပါကြောင်း၊
ကျောင်းသားကျောင်းသူများ၏ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ရန်အတွက်
အင်ဂျင်နီယာနည်းပညာများကို လက်တွေ့သင်ခန်းစာများပိုမို
ဆောင်ရွက်ရန်အားပေးပါကြောင်း၊
ရန်ကုန်နည်းပညာတက္ကသိုလ်မြှင့်တင်ရေးလုပ်ငန်းများကို
Master Plan ချမှတ်၍ ဆောင်ရွက်လျက်ရှိရာ
ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA) အင်ဂျင်နီယာ
ပညာရေးအဆင့်မြှင့်တင်ခြင်း စီမံကိန်းအား ၂၀၁၃ခုနှစ်တွင်
ဆွေးနွေးမှုမှတ်တမ်း (Record of Discussion) လက်မှတ်ရေးထိုးပြီး
သင်ရိုးညွှန်းတမ်းနှင့် သုတေသန အရည်အသွေးပြည့်မီရေးတို့အတွက်
အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်
နည်းပညာတက္ကသိုလ်(YTU)တွင် MJTDC-1 နှင့် 2 တို့ကို အသုံးပြု၍ သင်ကြားသင်ယူ
လေ့ကျင့်ရေးနှင့်သုတေသနအခြေပြုအဆင့်မြင့် နည်းပညာတက္ကသိုလ်အဖြစ်
အောင်မြင်စွာ ရပ်တည်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊
ရန်ကုန်နည်းပညာတက္ကသိုလ်အနေဖြင့်လည်း
ဒေသအကျိုးပြုနှင့် နိုင်ငံအကျိုးပြု သုတေသန နှင့် လူစွမ်းအားအရင်းမြစ်
ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန်
တိုက်တွန်းပြောကြားလိုပါကြောင်း၊ ပုဂ္ဂလိက၊ လူမှုအဖွဲ့အစည်းများနှင့်လည်း
ပူးပေါင်းဆောင်ရွက် ကြပြီး အထူးပြုသုတေသနနယ်ပယ်များ၊ ဘွဲ့သင်တန်းများ
အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးကြပါရန်
ပြောကြားသည်။
ထို့နောက်
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr.Ichiro MARUYAMA နှင့်
ဂျပန်-မြန်မာ Association မှ Secretary General Mr.Yuichi WATANABE တို့က
အမှာစကား ပြောကြားကြသည်။
ဆက်လက်၍
ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်က သုတေသန(၂)ခုတွင် တပ်ဆင်ထားသော
စက်ပစ္စည်းများနှင့် အသုံးပြုမည့် အစီအစဥ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် JACA Myanmar Office မှ Masayuki KARASAWA မှ အမှာစကား ပြောကြားသည်။
ထို့နောက် JACA Myanmar Office မှ Masayuki KARASAWA မှ အမှာစကား ပြောကြားသည်။
ယင်းနောက်
Myanmar-Japan Technological Development Center (၂)ခုကို
ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး သုတေသနလက်တွေ့ပစ္စည်းများကို ကြည့်ရှုကြသည်။
ယခုဖွင့်လှစ်လိုက်သော
မြန်မာ-ဂျပန် နည်းပညာဖွံ့ဖြိုးရေးဌာနအဆောက်အဦနှစ်ခု (Myanmar-Japan
Technological Development Centre 1 and Centre 2)တွင်
အဆင့်မြင့်သုတေသနများ ဆောင်ရွက်နိုင်သည့် စက်ပစ္စည်းများကို သုတေသနဓါတ်ခွဲ
ခန်း (Research Laboratory) များ(၂၅) ခုခွဲ၍ တပ်ဆင်ထားပြီး
စက်ပစ္စည်းများကို မြို့ပြအင်ဂျင်နီယာဘာသာ၊ စက်မှုအင်ဂျင်နီယာဘာသာ၊
အီလက်ထရွန်းနစ် အင်ဂျင်နီယာဘာသာ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဘာသာ၊
မက္ကာထရောနစ်အင်ဂျင်နီယာဘာသာ၊ ဓာတုအင်ဂျင်နီယာဘာသာ၊ သတ္တုဗေဒ
အင်ဂျင်နီယာနှင့်ဒြပ်ပစ္စည်းသိပ္ပံဘာသာ၊ ဇီဝနည်းပညာဘာသာဆိုင်ရာ
ဘွဲ့ကြိုကျောင်းသား၊ ကျောင်းသူများနှင့် ဘွဲ့လွန်ကျောင်းသား၊
ကျောင်းသူများအတွက် သင်ကြားသင်ယူလုပ်ငန်းစဉ်များနှင့်
သုတေသနလုပ်ငန်းများအတွက် လက်တွေ့အသုံးချ ဆောင်ရွက်နိုင်ရန်အတွက်
စက်ပစ္စည်းများ တန်ဖိုးအားဖြင့် ဂျပန်ယန်း (၂၅၈၂) သန်း သုံးစွဲခဲ့ကြောင်း
သတင်းရရှိပါသည်။
No comments:
Post a Comment