နေပြည်တော် ၂၀၁၉ ဒီဇင်ဘာ ၃
ပညာရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် မြန်မာနိုင်ငံဆိုင်ရာ
ဒိန်းမတ်နိုင်ငံသံအမတ်ကြီး H.E. Mr. John Nielsen အား ယနေ့ညနေ ၄ နာရီတွင်
ရုံးအမှတ်(၂၁)၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌
လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာ-ဒိန်းမတ်နှစ်နိုင်ငံအကြား
ပညာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စနှင့် စပ်လျဉ်း၍
ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာနရှိ
သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ
တက်ရောက်ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment